Hikvision DS-D42AM2-N - မော်နီတာ

DS-D42AM2-N - မော်နီတာ Hikvision - အခမဲ့ အသုံးပြုသူလမ်းညွှန်

စက်ပစ္စည်းလမ်းညွှန်ကို အခမဲ့ ရှာဖွေပါ DS-D42AM2-N Hikvision PDF ဖော်မတ်ဖြင့်.

📄 57 စာမျက်နှာ မြန်မာ MY 💬 AI မေးခွန်း
Notice Hikvision DS-D42AM2-N - page 45

အသုံးပြုသူများ၏မေးခွန်းများ DS-D42AM2-N Hikvision

0 မေးခွန်း ဤပစ္စည်းနှင့်ပတ်သက်ပြီး။ သင်သိသောအရာများကို ဖြေပါ သို့မဟုတ် သင့်ကိုယ်ပိုင်မေးပါ။

ဤပစ္စည်းနှင့်ပတ်သက်ပြီး မေးခွန်းအသစ်တစ်ခုမေးပါ

L'email reste privé : il sert seulement à vous prévenir si quelqu'un répond à votre question.

မေးခွန်းမရှိသေးပါ။ ပထမဆုံးမေးသူဖြစ်လိုက်ပါ။

သင်၏ device အတွက် ညွှန်ကြားချက်များကို ဒေါင်းလုဒ်လုပ်ပါ မော်နီတာ PDF ဖော်မတ်ဖြင့် အခမဲ့! သင်၏လမ်းညွှန်ကို ရှာဖွေပါ DS-D42AM2-N - Hikvision သင်၏ အီလက်ထရောနစ် စက်ပစ္စည်းကို ပြန်လည်ထိန်းချုပ်ပါ။ ဤစာမျက်နှာတွင် သင်၏ စက်ပစ္စည်းအသုံးပြုမှုအတွက် လိုအပ်သည့် စာရွက်စာတမ်းများအားလုံး ပြုနှိပ်ထားသည်။ DS-D42AM2-N အမှတ်တံဆိပ် Hikvision.

အသုံးပြုသူလမ်းညွှန် DS-D42AM2-N Hikvision

© 2020 Hangzhou Hikvision Digital Technology ကုမ္ပဏီ လိမိတက်။ မူပိုင်ခွင့်အားလုံး ရယူထားသည်။ ဤလမ်းညွှန်သည် Hangzhou Hikvision Digital Technology Co., Ltd. သို့မဟုတ် ၎င်း၏ လက်အောက်ခံ အဖွဲ့အစည်းများ (ဤနေရာမှစပြီး "Hikvision" ဟု ခေါ်ဆိုသွားမည်) ၏ ပိုင်ဆိုင်မှုဖြစ်ပြီး ၎င်းကို Hikvision ၏ စာဖြင့်ရေးသား ကြိုတင်ခွင့်ပြုချက် မရှိဘဲ မည်သည့်နည်းလမ်းဖြင့်မဆို တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ အလုံးစုံဖြစ်စေ ကူးယူခြင်း၊ ပြောင်းလဲခြင်း၊ ဘာသာပြန်ဆိုခြင်း သို့မဟုတ် ဖြန့်ချိခြင်း လုံးဝမပြုရပါ။ ၎င်းလမ်းညွှန်တွင် အတိအလင်း ဖော်ပြ ထားသည့် အခြေအနေမှလွဲပြီး ကျန်အခြေအနေများတွင် Hikvision သည် ဤလမ်းညွှန်နှင့် ၎င်းတွင်ပါရှိသည့် အချက်အလက်များနှင့် ပတ်သက်၍ အာမခံခြင်း၊ တာဝန်ခံခြင်း သို့မဟုတ် ကိုယ်စားပြုခြင်းတို့ကို အတိအလင်းဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ လုံးဝလုပ်ဆောင်မည် မဟုတ်ပါ။ ဤလမ်းညွှန်အကြောင်း ဤလမ်းညွှန်တွင် ထုတ်ကုန်ပစ္စည်းအား အသုံးပြုခြင်းနှင့် စီမံခြင်းဆိုင်ရာ ညွှန်ကြားချက်များ ပါရှိသည်။ ဤလမ်းညွှန်ပါ ရုပ်ပုံများ၊ ပုံပြကားချပ်များ၊ ဓာတ်ပုံများနှင့် အခြားသတင်းအချက်အလက် အားလုံးသည် ဖော်ပြရန်၊ ရှင်းပြရန်အတွက်သာ ထည့်သွင်းထားခြင်း ဖြစ်ပါသည်။ ဤလမ်းညွှန်ပါ သတင်းအချက်အလက်များကို ဖမ်းဝဲ အပ်ဒိပ်လုပ်ခြင်းကြောင့်ဖြစ်စေ၊ အခြားအကြောင်းရင်းများကြောင့်ဖြစ်စေ ကြိုတင်အသိပေးခြင်း မရှိဘဲ ပြောင်းလဲနိုင်သည်။ ဤလမ်းညွှန်၏ နောက်ဆုံးရဗားရှင်းကို (https://www.hikvision.com

Hikvision အင်တာနက်စာမျက်နှာတွင် ရနိုင်ပါသည်။ ယခုထုတ်ကုန်ပစ္စည်းအားကူညီထောက်မရာတွင် လေ့ကျင့်မှုရရှိထားသော ကျွမ်းကျင်သူများ၏ လမ်းညွှန်မှုနှင့် အထောက်အပံ့တို့နှင့်အညီ ဤလမ်းညွှန်ကို အသုံးပြုပါ။ ကုန်ပစ္စည်း အမှတ်တံဆိပ်များ နှင့် အခြား Hikvision ၏ ကုန်ပစ္စည်း အမှတ်တံဆိပ်များနှင့် လိုဂိုများသည် တရားစီရင်မှု အမျိုးမျိုးတွင် Hikvision ၏ ပိုင်ဆိုင်မှုများ ဖြစ်သည်။ ဖော်ပြထားသည့် အခြား ကုန်ပစ္စည်း အမှတ်တံဆိပ်များနှင့် လိုဂိုများသည် ၎င်းတို့၏ သက်ဆိုင်ရာ ပိုင်ရှင်များ၏ ပိုင်ဆိုင်မှုများ ဖြစ်ကြပါသည်။ ငြင်းဆိုချက် အကျုံးဝင်သည့် သက်ဆိုင်သောဥပဒေက ခွင့်ပြုထားသည့် အမြင့်ဆုံး အတိုင်းအတာဖြင့် ဤလက်စွဲစာအုပ်နှင့် ဖော်ပြထားသော ထုတ်ကုန်ကို ၎င်း၏ စက်ပစ္စည်းများ၊ ဆော့ဖ်ဝဲနှင့် ဖမ်းဝဲများနှင့်အတူ “ယင်းအတိုင်း” နှင့် “အမှားအယွင်းများအားလုံးနှင့်အတူ” ဖော်ပြထားသည်။ HIKVISION သည် ကန့်သတ်မှု၊ ကုန်သွယ်နိုင်စွမ်း၊ ကျေနပ်လောက်ဖွယ် အရည်အသွေး၊ သို့မဟုတ် သီးခြားရည်ရွယ်ချက် တစ်စုံတစ်ခုအတွက် ကြံ့ခိုင်မှုများ မရှိခြင်း အပါအဝင် မည်သည့် အာမခံချက်များကို အတိအလင်း ဖြစ်စေ သွယ်ဝိုက်၍ ဖြစ်စေ ပေးထားခြင်း မရှိပါ။ ကုန်ပစ္စည်းအား အသုံးပြုပါက သင့်ဘာသာသင် တာဝန်ယူ ရမည်။ မည်သည့်အခြေအနေတွင်မဆို စာချုပ်ချိုးဖောက်မှုကြောင့်ဖြစ်စေ၊ အကျိုးပျက်စီး၍ဖြစ်စေ (ပေါ့လျော့မှု အပါအဝင်)၊ ထုတ်ကုန်ပစ္စည်း ပြဿနာ ကြောင့်ဖြစ်စေ၊ သို့မဟုတ်ပါက ဤထုတ်ကုန်ပစ္စည်းအား အသုံးပြုမှုကြောင့် ဖြစ်စေ စီးပွားရေးလုပ်ငန်း အကျိုးအမြတ် ဆုံးရှုံးမှု သို့မဟုတ် အချက်အလက် ဆုံးရှုံးမှု၊ စနစ်များ ယိုယွင်းပျက်စီးမှု သို့မဟုတ် စာရွက်စာတမ်း ပျက်စီး ပျောက်ဆုံးမှုကြောင့် ထိခိုက်မှုများ အပါအဝင် အထူးတလည်၊ အကျိုးဆက်စပ်၍၊ မတော်တဆ သို့မဟုတ် တိုက်ရိုက် ထိခိုက်မှုများအတွက် ထိုထိခိုက်မှု သို့မဟုတ် ဆုံးရှုံးမှုများအကြောင်း HIKVISION အား အကြံပြု အသိပေးပြီး ဖြစ်စေကာမူ HIKVISION မှ တာဝန်ယူမည် မဟုတ်ပါ။ အင်တာနက် သဘောသဘာဝအရ တည်ရှိဆဲ လုံခြုံရေး ဘေးအန္တရာယ်များ ပေးနိုင်သည်ကို သင် အသိအမှတ်ပြုပြီး ပုံမှန်မဟုတ်သော လုပ်ငန်းလည်ပတ်မှု၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက် ပေါက်ကြားမှု သို့မဟုတ် ဆိုင်ဘာ တိုက်ခိုက်မှုများ၊ ဟက်ကာ တိုက်ခိုက်မှုများ၊ ဗိုင်းရပ်စ် ကူးစက်မှု သို့မဟုတ် အခြား အင်တာနက် လုံခြုံရေး အန္တရာယ်များ၏ ရလဒ်အဖြစ် ဖြစ်ပေါ်လာသော အခြားပျက်စီးမှုများ၊ အပေါ် HIKVISION သည် တာဝန်ယူလိမ့်မည်မဟုတ်ပါ။ သို့ရာတွင် HIKVISION သည် လိုအပ်ပါက နည်းပညာပံ့ပိုးမှုကို အချိန်နှင့် တစ်ပြေးညီပေးသွားမည်။ သင်သည် အကျုံးဝင်သော ဥပဒေများနှင့် အညီ ဤကုန်ပစ္စည်းကို အသုံးပြုရန် သဘောတူညီပြီး သင်၏ အသုံးပြုမှုသည် အကျုံးဝင်သော ဥပဒေနှင့် ကိုက်ညီစေရန် သင်က လုံးဝ တာဝန်ခံရမည် ဖြစ်သည်။ အထူးသဖြင့် သင်သည် ဤကုန်ပစ္စည်းကို အသုံးပြုရာတွင် အများပြည်သူ၏ အခွင့်အရေးများ၊ အသိပညာ ပိုင်ဆိုင်မှု အခွင့်အရေးများ သို့မဟုတ် အချက်အလက် ကာကွယ်ရေးနှင့် အခြား ပုဂ္ဂိုလ်ရေး ဆိုင်ရာ အချက်အလက် လုံခြုံမှု အခွင့်အရေးများ အပါအဝင် ဖြစ်သော်လည်း ယင်းတို့သာ အကန့်အသတ်မဟုတ်ပဲ အပြင်အပ လူပုဂ္ဂိုလ် များ၏ အခွင့်အရေးများကို ချိုးဖောက်သော ပုံစံဖြင့် အသုံးပြုခြင်း မပြုရန် သင့်တွင် တာဝန်ရှိသည်။ လူအစုအပြုံလိုက် သေကြေပျက်စီးစေနိုင်သော လက်နက်များ တီထွင် ဖန်တီးခြင်း သို့မဟုတ် ထုတ်လုပ်ခြင်း၊ ဓါတု သို့မဟုတ် ဇီဝ လက်နက်များ တီထွင်ဖန်တီးခြင်း သို့မဟုတ် ထုတ်လုပ်ခြင်း၊ မည်သည့် ပေါက်ကွဲစေတတ်သော နျူးကလီးယား လက်နက် သို့မဟုတ် ဘေးကင်းလုံခြုံမှု မရှိသော နျူကလီးယား လောင်စာ သံသရာတို့နှင့် သက်ဆိုင်သော အခြေအနေတွင် သို့မဟုတ် လူ့အခွင့်အရေး ချိုးဖောက်မှုကို ပံ့ပိုးသော လုပ်ဆောင်မှု တစ်စုံတရာ တို့ အပါအဝင် မည်သည့် အဆုံးသတ် အသုံးပြုမှု အတွက်ကိုမဆို သင်သည် ဤကုန်ပစ္စည်းကို အသုံးပြုခြင်း မပြုရပါ။ ဤလမ်းညွှန်နှင့် သက်ဆိုင်ရာ ဥပဒေတို့အကြား ကွဲလွဲမှုများ ရှိခဲ့ပါက ဥပဒေပါ ပြဌာန်းချက်ကိုသာ အတည်ယူရမည်။မြန်မာ

စည်းကမ်းချက်ဆိုင်ရာ အချက်အလက်များ EU စည်းကမ်းချက် ကိုက်ညီမှုဆိုင်ရာ ကြေငြာချက်

ဤထုတ်ကုန်ပစ္စည်းနှင့် (အကျုံးဝင်ပါက) အတူပါရှိသော အပိုပစ္စည်းများကို "CE" အမှတ်အသားဖြင့် မှတ်သားထားပြီး EMC အမိန့်စာ 2014/30/EU ၊ LVD အမိန့်စာ 2014/35/EU ၊ RoHS အမိန့်စာ 2011/65/EU တို့တွင် ဖော်ပြထားသည့် သက်ဆိုင်သော ချိန်ညှိပြီး ဥရောပစံနှုန်းများနှင့် ကိုက်ညီပါသည်။

2012/19/EU (WEEE ညွှန်ကြားချက်)- ဤသင်္ကေတ ကပ်ထားသည့် ထုတ်ကုန်များကို ဥရောပသမဂ္ဂအတွင်း

ရောနှောစည်ပင်အမှိုက်အနေဖြင့် စွန့်ပစ်နိုင်ခြင်း မရှိပါ။ သေချာစွာ ရီဆိုင်ကယ်လုပ်ရန်အတွက် ဤထုတ်ကုန်ပစ္စည်းကို အလားတူ ပစ္စည်းအသစ်တစ်ခု ဝယ်ယူချိန်တွင် သင့်နယ်ခံ ပစ္စည်းရောင်းချသူထံ ပြန်ပေးပါ သို့မဟုတ် သတ်မှတ်ထားသည့် ပစ္စည်းစုဆောင်းသော နေရာများ၌ စွန့်ပစ်ပါ။ ထပ်မံသိလိုသည်များ ရှိပါက- www.recyclethis.info

2006/66/EC (ဘက်ထရီဆိုင်ရာ ညွှန်ကြားချက်)- ဤထုတ်ကုန်ပစ္စည်းတွင် ဥရောပသမဂ္ဂအတွင်း ရောနှော စည်ပင်အမှိုက်အနေဖြင့် စွန့်ပစ်နိုင်ခြင်း မရှိသည့် ဘက်ထရီ တစ်လုံး ပါဝင်နေပါသည်။ ဘက်ထရီအတွက် သီးသန့်အချက် အလက်များကို ထုတ်ကုန်ပစ္စည်းပါ စာရွက်စာတမ်းများ၌ ကြည့်ပါ။ ဤဘက်ထရီကို ကတ်ဒမီယမ် (Cd)၊ ခဲ (Pb) သို့မဟုတ် ပြဒါး (Hg) ဟု ညွှန်ပြမည့် စွန့်ပစ်ခြင်းပါဝင်နိုင်ကြောင်း ဤသင်္ကေတဖြင့် မှတ်သားထားပါသည်။ သေချာစွာ ရီဆိုင်ကယ်လုပ်ရန်အတွက် ဤဘက်ထရီကို သင့်နယ်ခံ ပစ္စည်း ရောင်းချသူထံ ပြန်ပေးပါ သို့မဟုတ် သတ်မှတ်ထားသည့် စုဆောင်းသော နေရာ၌ စွန့်ပစ်ပါ။ ထပ်မံသိလိုသည်များ ရှိပါက- www.recyclethis.info ဘေးကင်းလုံခြုံရေးဆိုင်ရာ ညွှန်ကြားချက် ဤကိရိယာကို တပ်ဆင်ခြင်းနှင့် အသုံးပြုခြင်းများ မလုပ်ဆောင်မီ ဘေးကင်းလုံခြုံရေးဆိုင်ရာ ညွှန်ကြားချက်များကို သေချာဖတ်ရှုရမည်။ သတိပေးချက်နှင့် သတိပြုရန် ကိစ္စရပ်များ- ● ဤကိရိယာကို ကလေးများရှိနိုင်သည့် နေရာမျိုးတွင် အသုံးပြုရန် မသင့်လျော်ပါ။ ● သတိပြုရန်- မှန်ကန်မှုမရှိသော ဘက်ထရီအမျိုးအစားဖြင့် လဲမိပါက ပေါက်ကွဲမှုဖြစ်နိုင်သည်။ ● ဘက်ထရီကို ပုံစံမမှန်ဘဲ မှားယွင်းသော အမျိုးအစားတစ်ခုဖြင့် အသစ်လဲခဲ့ပါက safeguard ပျက်စီးနိုင်သည် (ဥပမာအားဖြင့် အချို့သော လစ်သီယမ် ဘက်ထရီအမျိုးအစားများတွင်)။ ● ဘက်ထရီကို ပေါက်ကွဲမှု ဖြစ်ပေါ်စေနိုင်သည့် မီးအတွင်း သို့မဟုတ် မီးဖိုအတွင်း သို့မဟုတ် စက်ပစ္စည်းသုံး ထုခြေခြင်း၊ သို့မဟုတ် ဖြတ်တောက်ခြင်းဖြင့် မစွန့်ပစ်ပါနှင့်။ ● ဘက်ထရီကို အလွန်အမင်း မြင့်မားသည့် အပူချိန်ရှိသည့် ပတ်ဝန်းကျင်တွင် မထားပါနှင့်၊ ပေါက်ကွဲမှု ဖြစ်နိုင်သည် သို့မဟုတ် မီးလောင်လွယ်သည့် အရည် သို့မဟုတ် ဓာတ်ငွေ့များ ထွက်လာနိုင်သည်။ ● ဤဘက်ထရီကို အလွန်နိမ့်သည့် လေဖိအားနှင့် ထိတွေ့ခြင်း မရှိစေရ၊ ပေါက်ကွဲမှု ဖြစ်နိုင်သည် သို့မဟုတ် မီးလောင်လွယ်သည့် အရည် သို့မဟုတ် ဓာတ်ငွေ့များ ထွက်လာနိုင်သည်။ ● အသုံးပြုပြီး ဘက်ထရီများကို လမ်းညွှန်ချက်များနှင့်အညီ စွန့်ပစ်ပါ။ ● မီးထွန်းထားသည့် ဖယောင်းတိုင်များ ကဲ့သို့သော အကာအကွယ်မရှိသည့် မီးအရင်းအမြစ်များကို ကိရိယာအပေါ်တွင် မထားရပါ။ ● လေဝင်လေထွက် အတားအဆီး မဖြစ်စေရန်အတွက် လေဝင်လေထွက် အပေါက်များကို သတင်းစာများ၊ စားပွဲခင်းများ၊ ကန့်လန့်ကာများ စသည်တို့နှင့် ပိတ်ကာထားခြင်း မပြုရပါ။ ကိရိယာကို အိပ်ယာ၊ ဆိုဖာ၊ ဖျာ သို့မဟုတ် အခြားသော အလားတူမျက်နှာပြင်များပေါ် တင်ထားခြင်းဖြင့် ၎င်းလေဝင်လေထွက် အပေါက်များကို မပိတ်စေရပါ။ ● လုံလောက်သော လေဝင်လေထွက် ရရှိစေရန်အတွက် ကိရိယာ ပတ်ဝန်းကျင်တွင် အနည်းဆုံး ၅ စင်တီမီတာ ခွာထားပါ။ ● ဤကိရိယာ၏ USB ပေါက်ကို မောက်စ်၊ ကီးဘုတ် သို့မဟုတ် USB ဖလက်ရှ်ဒရိုက်နှင့် ချိတ်ဆက်ရန် အသုံးပြုရမည်။ ● ကိရိယာ၏ စီရီယယ် ဆက်သွယ်မှု သည် အမှားပြင်ရန်အတွက်သာ အသုံးပြုသည်။ ● ဤကိရိယာကို ကလေးများရှိနိုင်သည့် နေရာမျိုးတွင် အသုံးပြုရန် မသင့်လျော်ပါ။ ● ဤစက်ပစ္စည်းသည် ဆာဗာခန်း သို့မဟုတ် အနည်းဆုံးအမြင့် ၂ မီတာရှိသော နေရာတွင် သုံးစွဲရန် သင့်လျော်ပါသည်။ ● ကိရိယာကို မတည်ငြိမ်သော နေရာများတွင် မည်သည့်အခါမျှ တပ်ဆင်ခြင်း မပြုရပါ။ ဤကိရိယာ ပြုတ်ကျ၍ အနာတရ ပြင်းထန်စွာဖြစ်စေ၊ အသက်ဆုံးရှုံးသည်အထိ ဖြစ်စေ အန္တရာယ် ဖြစ်စေနိုင်သည်။မြန်မာ

ခြုံငုံသုံးသပ်ချက် LED ပြသခြင်း ထိန်းချုပ်စက်၏ ဆက်စပ်ပစ္စည်းကဲ့သို့ ဒုတိယမျိုးဆက် လုပ်ဆောင်မှုမျိုးစုံသုံးကဒ်ကို အဝေးထိန်းဖြင့် စခရင် ချိန်ညှိခြင်း၊ ဗို့အား ဆန်းစစ်ခြင်း၊ အပူချိန် ဆန်းစစ်ခြင်းနှင့် အလင်းအာရုံခံခြင်းကဲ့သို့သော လုပ်ဆောင်မှုများကို ပြုလုပ်ရန် ဒီဇိုင်းထုတ်ထားပါသည်။ ရုပ်ပိုင်းဆိုင်ရာ အင်တာဖေ့စ် လုပ်ဆောင်မှုမျိုးစုံသုံးကဒ်၏ အင်တာဖေ့စ်အမျိုးအစားများသည် ပစ္စည်း၏မော်ဒယ်ကို လိုက်၍ ပြောင်းလဲမှု ရှိနိုင်ပါသည်။ အောက်ဖော်ပြပါ ကိန်းဂဏန်းများမှာ သရုပ်ပြ ရည်ရွယ်ချက် အတွက်သာ ဖြစ်သည်။

ရှင်းလင်းချက် IR IN အနီအောက်ရောင်ခြည် အင်တာဖေ့စ်သည် IR တိုးချဲ့ကြိုးနှင့် ချိတ်ဆက်ရန် လိုအပ်သည် DATA လက်ခံကဒ်နှင့် ချိတ်ဆက်ရန်

IR OUT အနီအောက်ရောင်ခြည် အထွက်

WLAN အီသာနက် အင်တာဖေ့စ် 3D OUT 3D အင်တာဖေ့စ် DC IN 12V ပါဝါ အင်တာဖေ့စ်Türkçe

လမ်းညွှန်လက်ထောက်
Powered by Anthropic
သင့်မက်ဆေ့ကို စောင့်နေသည်
ထုတ်ကုန်အချက်အလက်

အမှတ်တံဆိပ် : Hikvision

မော်ဒယ် : DS-D42AM2-N

အမျိုးအစား : မော်နီတာ