WMNM15EB - အမျိုးအစားမသတ်မှတ်ထားသော SAMSUNG - အခမဲ့ အသုံးပြုသူလမ်းညွှန်
စက်ပစ္စည်းလမ်းညွှန်ကို အခမဲ့ ရှာဖွေပါ WMNM15EB SAMSUNG PDF ဖော်မတ်ဖြင့်.
သင်၏ device အတွက် ညွှန်ကြားချက်များကို ဒေါင်းလုဒ်လုပ်ပါ အမျိုးအစားမသတ်မှတ်ထားသော PDF ဖော်မတ်ဖြင့် အခမဲ့! သင်၏လမ်းညွှန်ကို ရှာဖွေပါ WMNM15EB - SAMSUNG သင်၏ အီလက်ထရောနစ် စက်ပစ္စည်းကို ပြန်လည်ထိန်းချုပ်ပါ။ ဤစာမျက်နှာတွင် သင်၏ စက်ပစ္စည်းအသုံးပြုမှုအတွက် လိုအပ်သည့် စာရွက်စာတမ်းများအားလုံး ပြုနှိပ်ထားသည်။ WMNM15EB အမှတ်တံဆိပ် SAMSUNG.
အသုံးပြုသူလမ်းညွှန် WMNM15EB SAMSUNG
594 x 337 x 75 ပက်ခ်ကေ့ခ်ျ အလေးချိန် (ကီလိုဂရမ်) 3.5±0.5 အများဆုံးခွင့်ပြုထားသည့် TV အလေးချိန် (ကီလိုဂရမ်)
စံသတ္ထုချောင်းများ၏ အကွာအဝေး 16 လက်မကို ထောက်ပံ့ထားသည် / 24 လက်မကို မထောက်ပံ့ထားပါ နံရံမှအကွာအဝေး (မီလီမီတာ) နံရံမှ အနည်းဆုံး ရှင်းရှင်းလင်းလင်းရှိရမည့် အကွာအဝေးသည် မော်ဒယ်လ်ပေါ်မူတည်သည်။ တပ်ဆင်ရေး လက်စွဲတွင် စစ်ဆေးပါ။ တပ်ဆင်ရသည့် ပတ်ဝန်းကျင်ပေါ်မူတည်၍ နံရံမှ အမှန်တကယ် ရှင်းရှင်းလင်းလင်းရှိရမည့် အကွာအဝေးသည် အနည်းဆုံး ရှင်းရှင်းလင်းလင်းရှိရမည့် အကွာအဝေးထက် ပိုရမည်။
- နံရံကပ်ကိရိယာကို တပ်ဆင်ရန်အတွက် ပေးအပ်ထားသည့် အစိတ်အပိုင်းများကို မဖြစ်မနေသုံးပါ။
- တပ်ဆင်နည်း လမ်းညွှန်ချက်များနှင့် ပေးအပ်ထားသည့် အစိတ်အပိုင်းများသည် (သစ်သား သို့မဟုတ် ကွန်ကရစ်နှင့်ပြုလုပ်ထားသည့်) ပုံမှန်နံရံများ အပေါ် အခြေခံထားခြင်းဖြစ်သည်။ (အချို့မော်ဒယ်လ်များအတွက် ခြောက်သွေ့သော နံရံကပ်အထောက်အကူများ နောက်ထပ် ပံ့ပိုးပေးသည်။)
- အခြားသောနံရံများအတွက် သီးခြားတွယ်ကပ်ကိရိယာ အစိတ်အပိုင်းများကို အသုံးပြုပါ သို့မဟုတ် နံရံကို ကြံ့ခိုင်အောင် ဦးစွာပြုလုပ်ပါ။ လိုအပ်ပါက နံရံကပ် ကိရိယာအား တပ်ဆင်ခြင်းကို ကျွမ်းကျင်သူနှင့် ပြုလုပ်ပါ။
- နံရံကပ်ကိရိယာကို တပ်ဆင်သည့်အခါ တီဗွီဖန်သားပြင်ကို မထိခိုက်မိအောင် ဂရုပြုပါ။
- သင့် TV မော်ဒယ်အမှတ်စဉ်ကို စစ်ဆေးပါ။ ထို့နောက် သင့်တော်သည့် ဝက်အူများကိုသုံးပြီး အထောက်ဖရိန်များအတွက် သင့်တော်စွာ ကြိုတင်ပြင်ဆင်မှုနည်းကိုသုံးပါ။
- သင့် TV မိုဒယ်နှင့်သင့်တော်သော တင်ဆင်ခြင်းဆိုင်ရာ လမ်းညွှန်ချက်များအား မလိုက်နာပါက နံရံကပ်အထိုင်နှင့် TV ချိတ်ဆက်မှုသည် မှန်ကန်မှုမရှိပဲ တည်ငြိမ်မှုရှိမည်မဟုတ်ပါ။- ဗမာ 68 - - ဗမာ 69 -
- နံရံတွယ်ကပ်ကိရိယာဖရိန်ကိုတပ်ဆင်သည့်အခါ နှင့်ပြန်ဖြုတ်သည့်အခါ လူ 2 ဦးမဖြစ်မနေလုပ်ကိုင်ပြီး TV ကိုသေချာပိတ်ထားပါ။
- နံရံကပ်အထိုင်အား တပ်ဆင်နေစဉ် စားပွဲခုံတစ်ခုအား အသုံးပြုပါ။ မျက်နှာပြင်ကွေး TV များအတွက် TV အား ထုတ်ပိုးသည့် ပစ္စည်း (အခုအခံ) အား အသုံးပြုပါ။ မျက်နှာပြင်ပြား TV မျက်နှာပြင်ကွေး TV
- တီဗွီအရွယ်အစားထက် ကျယ်ပြန့်ပြီး မျက်နှာပြင်စောင်းမနေသော နံရံတွင်သာ နံရံကပ်ကိရိယာကို တပ်ဆင်ပါ။ တပ်ဆင်ပြီးချိန်တွင် တီဗွီအောက်ခြေရှိ အကာ သို့မဟုတ် အခံသည် နံရံနှင့် ထိကပ်နေရမည်။ မထိနေပါက နံရံကပ်ကိရိယာကို မတပ်ဆင်ရပါ။ TV ထက်ကြီးမားသော နံရံ (တပ်ဆင်နိုင်သည်) စောင်းနိုင်သောနံရံ (မတပ်ဆင်နိုင်ပါ) နံရံကပ်အထိုင်ထက် အရွယ်အစားမကြီးမားသော နံရံ (မတပ်ဆင်နိုင်ပါ)
- TV ကိုနံရံတွင် မတပ်မီ ပါဝါကေဘယ်ကြိုးနှင့် TV အဆက်ကေဘယ်ကြိုးကို ဆက်ပါ။
- နံရံတွယ်ကပ်ကိရိယာဖရိန်ကိုတပ်ဆင်သည့်/ပြန်ဖြုတ်သည့်အခါ အော်တီကယ်ကေဘယ်ကြိုးကို မထိခိုက်မိအောင် ဂရုပြုပါ။ အထူးသဖြင့် အော်တီကယ်ကေဘယ်ကြိုးပေါ်မနင်းမိပါစေနှင့်။
- TV ကိုအထောက်ဖရိန်တွင် တပ်ဆင်ရန် ဝက်အူလှည့်ကိုသုံးပါ။ အီလက်ထရောနစ် ဝက်အူလှည့်ကိုသုံးခြင်းသည် ဝက်အူရစ်များ ဟောင်းနွမ်းပြုတ်ထွက်သွားစေတတ်ပါသည်။
- တီဗွီ နှင့်နံရံကြား အနည်းဆုံးအကွာအဝေးမှာ 2-3 မီလီမီတာ၊ သို့မဟုတ် နံရံနှင့် တပ်ဆင်သည့်အခြေအနေပေါ်မူတည်ပြီး ပိုကွာဟနိုင်ပါသည်။
- TV ၏ဘယ်သို့မဟုတ် ညာဘက်နှင့်နံရံတို့ကြား အကွာအဝေးမှာ ဖြစ်ပြီး နံရံနှင့် တပ်ဆင်သည့်အခြေအနေပေါ်မူတည်ပြီး ပိုကွာဟနိုင်ပါသည်။
- နံရံတွယ်ကပ်ကိရိယာကိုတပ်ဆင်သည့်အခါ TV မှာနံရံတွင်နီးကပ်လွန်းနေလျှင် TV နောက်ကျောဘက် သို့မဟုတ် နံရံပေါ်တွင် ခြစ်ရာများ ဖြစ်တတ်သည်။
- နံရံတွယ်ကပ်ကိရိယာကို မတပ်ဆင်မီ ဒေါက်တိုင်ကိုဖွင့်ရန် အားသုံးရမည်။ ဒေါက်တိုင်ကိုဖွင့်သည်အခါ သင့်ကိုယ်သင့်ထိခိုက်မိခြ င်းမဖြစ်ရန် ဂရုပြုပါ။ (စောင်းနေသည့်ဒေါက်တိုင်များမှာ ဖွင့်ရခက်ပါသည်-အကြောင်းမှာ ယင်းတို့ကို TV၏ အလေးချိန်ကိုဝန်ခံနိုင်ရ န်လိုအပ်သောကြောင့်ဖြစ်သည်။)- ဗမာ 70 - - ဗမာ 71 -
- ကျဉ်းကြပ်သည့်တပ်ဆင်မှု၊အခြေအနေဖြစ်ခဲ့လျှင် TV/အပိုသုံးပစ္စည်းများနှင့် နံရံအကြားပွတ်တိုက်မှုကြောင့် နံရံသို့မဟုတ် TV နောက်ကျော်ပျက်စီးတတ်ပါသည်။ ယင်းသို့သော အခြေအနေများတွင် ပုံတွင်ဖော်ပြထားသည့်အတိုင်း ခြစ်မိခြင်း ကာကွယ်သည့်ပစ္စည်းတစ်ခုခု ကို အသုံးပြုပါ။ သို့သော် နံရံမှ ပို၍ဝေးကွာသွားနိုင်ပါသည်။
- Q9 စီးရီးတီဗွီများကို ချိတ်ဆက်ရန်အတွက် ပုံတွင်ဖော်ပြထားသည့်အတိုင်း အစိတ်အပိုင်းများကို သင်အသုံးပြုရပါမည်။ ဤသည်က နံရံကြားတွင် အကွာအဝေးရှိခြင်းကြောင့် တီဗွီနှင့် နံရံကြား လှုပ်ရှားမှုကို ကန့်သတ်ပေးပြီး တီဗွီကို အရှေ့သို့စောင်းသွားခြင်းမှ ကာကွယ်ပေးပါသည်။ တီဗွီသည် အရှေ့သို့စောင်းသွားပါက တစ်ခုနှင့်တစ်ခုထပ်နေသော အစိတ်အပိုင်း 2 ခုကို အသုံးပြုပါ။ ဤသည်က စောင်းနေခြင်းကို ပို၍ကောင်းမွန်သွားစေနိုင်ပါသည်။ သို့သော် နံရံမှ ပို၍ဝေးကွာသွားနိုင်ပါသည်။
- နံရံတွယ်ကပ်ကိရိယာသို့တပ်ဆင်ပြီးနောက်တွင် TV အခုံးသည် လက်ဝဲဘက်သို့လည်းကောင်း လက်ယာဘက်သို့လည်းကောင်း လှုပ်ရှားနိုင်သည်။ တွဲဖက်ပစ္စည်း ~ များကို အတူတကွအသုံးပြုခြင်းဖြင့် TV ကို လက်ဝဲဘက်နှင့် လက်ယာဘက်သို့ လှုပ်ရှားခြင်းမှ ထိန်းချုပ်ထားနိုင်သည်။ (အစိတ်အပိုင်း၏ အလျားလိုက်အရွယ် တူညီရန် ချိန်ညှိပါ။) တွဲဘက်သုံးပစ္စည်း ~ ကိုအတူသုံးလျှက် TV အပြားဘယ်ညာရွှေ့သွားခြင်းအား ချုပ်ထိန်းနိုင်သည်။ သို့သော် နံရံမှ ပို၍ဝေးကွာသွားနိုင်ပါသည်။ မျက်နှာပြင်ပြား TV မျက်နှာပြင်ကွေး TV- ဗမာ 70 - - ဗမာ 71 -
- နံရံတွယ်ကပ်ကိရိယာတပ်ဆင်လိုသည့်နံရံနေရာတွင် ခုံးထွက်နေသည့်အပိုင်းရှိလျှင် TV နှင့်နံရံကြား အကွာအဝေးကို ပိတ်ထားရန် တွဲဘက်သုံးပစ္စည်း ~ ကိုသုံးနိုင်သည်။ (အစိတ်အပိုင်း၏ အလျားလိုက်အရွယ် တူညီရန် ချိန်ညှိပါ။) သို့သော် နံရံသို့အကွာအဝေးမှာ ပိုဝေးသွားလိမ့်မည်။
- ထို တွဲဘက်သုံးပစ္စည်းများကိုသုံးလျှက် အကွာအဝေးကို ပိတ်ထားလျှင် အစောင်းအနေအထားကို သင်မသုံးနိုင်ပါ။ အစောင်းအနေ အထားကိုအသုံးပြုလိုလျှင် ပိတ်ထားသည့်အကွာအဝေးကို ကန့်သတ်ထားရမည်။
- အများဆုံး စောင်းနိုင်သည့်ထောင့်သည် TV မော်ဒယ်ပေါ်မူတည်ပါသည်။ နံရံတွင် လှုပ်ခါမှုရှိနေပါက တီဗွီ၏ အစောင်းထောင့်ချိုးကို ထိန်းမထားနိုင်ပါ။
- နံရံတွယ်ကပ်ကိရိယာကိုတပ်ဆင်ပြီးနောက် TV အနောက်ဘက်ပုံသဏ္ဍာန်ပေါ်မူတည်ပြီး TV မော်ဒယ်အချို့တွင် လှုပ်ရှားမှုဖြစ်နိုင်သည်။ ဤသို့ဖြစ်လျှင် သီးခြားခွဲပေးသည့် လက်ကိုင်( )တန်းကိုသုံးပါ။ တြိဂံအထောက်(ခြေသုံးချောင်း)များဖြင့် တည်ငြိမ်သော နံရံတွယ်ကပ်ကိရိယာတပ်ဆင်နိုင်သည်။ သို့သော် နံရံမှ ပို၍ဝေးကွာသွားနိုင်ပါသည်။- ဗမာ 72 - - ဗမာ 73 -
- အလျားလိုက် ချိန်ညှိသည့် လုပ်ဆောင်ချက်ကိုအသုံးပြုလျှက် အလျားလိုက်လယ်ဗယ်ကိုမချိန်ညှိနိုင်လျှင် တပ်ဆင်မှုမှာ နည်းလမ်းမှန်မမှန်ကို စစ်ဆေးပါ။ အလျားလိုက် ချိန်ညှိသည့် လုပ်ဆောင်ချက်ကိုအသုံးမပြုနိုင်လျှင် နံရံတွယ်ကပ်ကိရိယာ၏အထောက် ဖရိန်များရှိ အတွယ်ဝက်အူရစ်များကို နည်းလမ်းကျစွာ မတပ်ဆင်ထားပါ။ ယင်းတို့ကို သင့်တော်စွာသေချာတပ်ဆင်ပါ။
- ချိန်ညှိနိုင်သော အလျားလိုက်အဆင့်မှာ 1 မှ 2 ဒီဂရီအတွင်းသာ ဖြစ်သည်။ ထိုပမာဏထက်များသော ထောင့်အတိုင်းအတာထိ ချိန်ညှိလိုပါက နံရံကပ်အထိုင်အား ပြန်လည်တပ်ဆင်ပါ။
- ပုံတွင်ပြထားသည့်အတိုင်း နံရံတွယ်ကပ်ကိရိယာ၏အတွယ်ဝက်အူရစ်များကိုအဆုံးထိအသေမတပ်ထားလျှင် လှုပ်ရွရွသက်ရောက်မှုက TV ကိုရွေ့စေလိမ့်မည်။ ဤသို့ဖြစ်လျှင် ၎င်းတို့ကို TV တွင် အဆုံးအထိပ်ဆင်ထားစေရန် တွယ်ဝက်အူရစ်များကိုသေချာတပ်ဆင်ပါ။
- TV ကိုနံရံမှဖြုတ်သည့်အခါ ကေဘယ်ကြိုးပျက်စီးမှုမဖြစ်စေရန် နံရံတွယ်ကပ်ကိရိယာကိုမဖယ်ရှားမီ ပါဝါကေဘယ်ကြိုးနှင့်အော်တီ ကယ်ကေဘယ်တို့ကို ဖြုတ်ပါ။
- TV ကိုနံရံမှဖြုတ်လျှင်၊ ရှေ့သို့ဦးစွာဆွဲပြီးနောက် လူနှစ်ဦးမှ အပေါ်သို့ တစ်ပြိုင်နက်တည်း သေချာစွာ မ ပါ။ မျက်နှာပြင်ပေါ်သို့ တိုက်ရိုက်အားဖြင့် မဖိပါနှင့်။- ဗမာ 72 - - ဗမာ 73 -
- တပ်ဆင်ရန်၊ဖြုတ်ရန်၊ အလျားလိုက်လယ်ဗယ်ကိုချိန်ညှိရန် သို့မဟုတ် နံရံတွယ်ကပ်ကိရိယာကိုစောင်းရန် TV ကိုဆွဲယူသည့်အခါ မျက်နှာပြင်ပေါ်တွင် တိုက်ရိုက်အားဖြင့် မဖိပါနှင့်။
- တပ်ဆင်ရန်၊ဖြုတ်ရန်၊ အလျားလိုက်လယ်ဗယ်ကိုချိန်ညှိရန် သို့မဟုတ် နံရံတွယ်ကပ်ကိရိယာကိုစောင်းရန် TV ကိုကိုင်တွယ်သည့်အခါ ကေဘယ်ကြိုးတစ်ခုခုကို မထိခိုက်မိပါစေနှင့်။
- နံရံကပ်အထိုင်အား တပ်ဆင်ပြီးနောက် TV နှင့် နံရံကပ်အထိုင်၏ ထောက်များအား အားများများဖြင့် ထိခိုက်မှုမရှိပါစေနှင့်။ နံရံကပ်အထိုင် သို့မဟုတ် TV သည် ပျက်စီးမှုရှိလာနိုင်သလို နံရံကပ်အထိုင်ပစ္စည်းနှင့် TV ၏ ချိတ်ဆက်မှုများလည်း မတည်မငြိမ်ဖြစ်လာနိုင်ပါသည်။ ထိုအခြေအနေများတွင် နံရံကပ်အထိုင်အား ပြန်လည်တပ်ဆင်ပါ သို့မဟုတ် ကျွမ်းကျင်သူ၏ အကူအညီရယူပါ။
- ထုတ်ကုန်တစ်ခုစီအတွက် ထုတ်ကုန်မော်ဒယ်အပြင် ပူးတွဲပေးထားသည့် အသုံးပြုသူ လမ်းညွှန်ကို စစ်ဆေးပြီး နံရံမှာ တွယ်ကပ်နို င်သည့်အမျိုးအစားဖြစ်မဖြစ်ကို စစ်ဆေးပါ။ – နံရံမှာ တည်ငြိမ်နေသည့် နံရံဖြစ်ရမည်။ နံရံမှာ တင်းမာမှုမရှိလျှင် တပ်ဆင်မှုမလုပ်မီ မွမ်းမံပြင်ဆင်ပါ။ – နံရံမှာ ကွန်ကရစ်(အုတ်နံရံ)မဟုတ်လျှင် TV ကိုနံရံတွင် တပ်ဆင်နိုင်မှုရှိမရှိသိနိုင်ရန် အထူးကျွမ်းကျင်သူဖြင့် စစ်ဆေးပါ။ – ထုတ်ကုန်အားတပ်ဆင်မည့်နံရံအကြောင်း- သုံးထားသည့်ပစ္စည်း-ကိုသင်မသိလျှင် တပ်ဆင်ရေး အထူးကျွမ်းကျင်သူတစ်ဦးနှင့် တိုင်ပင်ပါ။
- ထုတ်ကုန်စွမ်းဆောင်ရည်ကိုထိန်းထားရန်နှင့် ချွတ်ယွင်းမှုမမဖြစ်စေရန် အောက်ပါနေရာများတွင် မတပ်ဆင်ပါနှင့်။ – တုန်ခါမှုသို့မဟုတ်ရှော့ခ်ဘေးရှိသည့်နေရာများ။ ထုတ်ကုန်ပြုတ်ကျသွားနိုင်ပြီး ပျက်စီးသွားနိုင်သည်။ – ရေဖြန်းထုတ်ပေးသည့် မီးသတ်ပိုက်ခေါင်းဘေးတွင် - အာရုံခံကိရိယာသည် TV မှအပူလှိုင်းကို ရှာသိနိုင်ပြီး ရေဖြန်းလွှတ်ပေးတတ်သည်။ – ဖိအားမြင့်ကေဘယ်ကြိုးများအနီး - ဖိအားမြင့်ကေဘယ်ကြိုးများကြောင့် TV ကိုအနှောင့်အယှက်ဖြစ်စေပြီး စခရင်ကမှန်ကန်စွာ ပြသမည်မဟုတ်ပေ။ – အပူပေးစက်အနီး - TV အပူလွန်ပြီး ချွတ်ယွင်းနိုင်သည်။ – ဒေါင်လိုက်နံရံမှလွဲ၍ မည်သည့်နေရာတွင်မျှမတပ်ဆင်ရ။ – ကလေးများလက်လှမ်းမမီသည့်နေရာတွင် တပ်ဆင်ပါ။ – နံရံအတွင်း၌တပ်ဆင်ရန် နံရံကိုမဖောက်ထွင်းပါနှင့်။ – သင်တပ်ဆင်မည့်နံရံအမျိုးအစားနှင့်အခြေအနေကို မဖြစ်မနေစစ်ဆေးပါ။ – နံရံအမျိုးအစားပေါ်မူတည်ပြီး သုံးစွဲရမည့် ပစ္စည်းများ ကွဲပြားနိုင်ပါသည်။ အောက်တွင်ပေးထားသည့်သတ်မှတ်ချက်အလိုက် ပစ္စည်းများကို ရွေးချယ်ပါ။ – ပေးထားသည့် ဝက်အူရစ်အားလုံးကို သုံးစရာမလိုပါ။ သို့သော် အနည်းဆုံး ဝက်အူရစ် 4 လုံးသုံးရမည်။ – A အဖြစ်မှတ်သားထားသည့် နေရာနှစ်ခုတွင် ဝက်အူရစ်များကို
– တပ်ဆင်ရန် ဘေးပတ်ပတ်လည်ပေးမူတည်ပြီး B မှတ်သားထားသည့်အပိုင်း အနည်းဆုံး 2 နေရာကိုရွေးချယ်ပါ။ – ကြိုးများကို နံရံထဲတွင် ဖျောက်ထားရန် ကျွမ်းကျင်သည့် တပ်ဆင်သူထံ ဆက်သွယ်ပါ။- 繁體中文 74 - - 繁體中文 75 -
Notice-Facile