DSD6043UNB - မော်နီတာ Hikvision - အခမဲ့ အသုံးပြုသူလမ်းညွှန်
စက်ပစ္စည်းလမ်းညွှန်ကို အခမဲ့ ရှာဖွေပါ DSD6043UNB Hikvision PDF ဖော်မတ်ဖြင့်.
အသုံးပြုသူများ၏မေးခွန်းများ DSD6043UNB Hikvision
0 မေးခွန်း ဤပစ္စည်းနှင့်ပတ်သက်ပြီး။ သင်သိသောအရာများကို ဖြေပါ သို့မဟုတ် သင့်ကိုယ်ပိုင်မေးပါ။
ဤပစ္စည်းနှင့်ပတ်သက်ပြီး မေးခွန်းအသစ်တစ်ခုမေးပါ
သင်၏ device အတွက် ညွှန်ကြားချက်များကို ဒေါင်းလုဒ်လုပ်ပါ မော်နီတာ PDF ဖော်မတ်ဖြင့် အခမဲ့! သင်၏လမ်းညွှန်ကို ရှာဖွေပါ DSD6043UNB - Hikvision သင်၏ အီလက်ထရောနစ် စက်ပစ္စည်းကို ပြန်လည်ထိန်းချုပ်ပါ။ ဤစာမျက်နှာတွင် သင်၏ စက်ပစ္စည်းအသုံးပြုမှုအတွက် လိုအပ်သည့် စာရွက်စာတမ်းများအားလုံး ပြုနှိပ်ထားသည်။ DSD6043UNB အမှတ်တံဆိပ် Hikvision.
အသုံးပြုသူလမ်းညွှန် DSD6043UNB Hikvision
© 2021 Hangzhou Hikvision Digital Technology ကုမ္ပဏီ လိမိတက်။ မူပိုင်ခွင့်အားလုံး ရယူထားသည်။ ဤလမ်းညွှန်သည် Hangzhou Hikvision Digital Technology Co., Ltd. သို့မဟုတ် ၎င်း၏ လက်အောက်ခံ အဖွဲ့အစည်းများ (ဤနေရာမှစပြီး "Hikvision" ဟု ခေါ်ဆိုသွားမည်) ၏ ပိုင်ဆိုင်မှုဖြစ်ပြီး ၎င်းကို Hikvision ၏ စာဖြင့်ရေးသား ကြိုတင်ခွင့်ပြုချက် မရှိဘဲ မည်သည့်နည်းလမ်းဖြင့်မဆို တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ အလုံးစုံဖြစ်စေ ကူးယူခြင်း၊ ပြောင်းလဲခြင်း၊ ဘာသာပြန်ဆိုခြင်း သို့မဟုတ် ဖြန့်ချိခြင်း လုံးဝမပြုရပါ။ ၎င်းလမ်းညွှန်တွင် အတိအလင်း ဖော်ပြထားသည့် အခြေအနေမှလွဲပြီး ကျန်အခြေအနေများတွင် Hikvision သည် ဤလမ်းညွှန်နှင့် ၎င်းတွင်ပါရှိသည့် အချက်အလက်များနှင့် ပတ်သက်၍ အာမခံခြင်း၊ တာဝန်ခံခြင်း သို့မဟုတ် ကိုယ်စားပြုခြင်းတို့ကို အတိအလင်းဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ လုံးဝလုပ်ဆောင်မည် မဟုတ်ပါ။ ဤလမ်းညွှန်အကြောင်း ဤလမ်းညွှန်တွင် ထုတ်ကုန်ပစ္စည်းအား အသုံးပြုခြင်းနှင့် စီမံခြင်းဆိုင်ရာ ညွှန်ကြားချက်များ ပါရှိသည်။ ဤလမ်းညွှန်ပါ ရုပ်ပုံများ၊ ပုံပြကားချပ်များ၊ ဓာတ်ပုံများနှင့် အခြားသတင်းအချက်အလက် အားလုံးသည် ဖော်ပြရန်၊ ရှင်းပြရန်အတွက်သာ ထည့်သွင်းထားခြင်း ဖြစ်ပါသည်။ ဤလမ်းညွှန်ပါ သတင်းအချက်အလက်များကို ဖမ်းဝဲ အပ်ဒိပ်လုပ်ခြင်းကြောင့်ဖြစ်စေ၊ အခြားအကြောင်းရင်းများကြောင့်ဖြစ်စေ ကြိုတင်အသိပေးခြင်း မရှိဘဲ ပြောင်းလဲနိုင်သည်။ ဤလမ်းညွှန်၏ နောက်ဆုံးရဗားရှင်းကို
https://www.hikvision.com ) Hikvision အင်တာနက်စာမျက်နှာတွင် ရနိုင်ပါသည်။ ယခုထုတ်ကုန်ပစ္စည်းအား ကူညီထောက်မရာတွင် လေ့ကျင့်မှုရရှိထားသော ကျွမ်းကျင်သူများ၏ လမ်းညွှန်မှုနှင့် အထောက်အပံ့တို့နှင့်အညီ ဤလမ်းညွှန်ကို အသုံးပြုပါ။ ကုန်ပစ္စည်း အမှတ်တံဆိပ်များ နှင့် အခြား Hikvision ၏ ကုန်ပစ္စည်း အမှတ်တံဆိပ်များနှင့် လိုဂိုများသည် အမျိုးမျိုးသော တရားစီရင်ပိုင်ခွင့်များတွင် Hikvision ၏ ပိုင်ဆိုင်မှုများ ဖြစ်သည်။ ဖော်ပြထားသည့် အခြား ကုန်ပစ္စည်း အမှတ်တံဆိပ်များနှင့် လိုဂိုများသည် ၎င်းတို့၏ သက်ဆိုင်ရာ ပိုင်ရှင်များ၏ ပိုင်ဆိုင်မှုများ ဖြစ်ကြပါသည်။ ငြင်းဆိုချက် အကျုံး ဝင်သည့် သက်ဆိုင်သောဥပဒေက ခွင့်ပြုထားသည့် အမြင့်ဆုံးအတိုင်းအတာဖြင့် ဤလက်စွဲစာအုပ်နှင့် ဖော်ပြထားသော ထုတ်ကုန်ကို ၎င်း၏ စက်ပစ္စည်းများ၊ ဆော့ဖ်ဝဲနှင့် ဖမ်းဝဲများနှင့်အတူ “ယင်းအတိုင်း” နှင့် “အမှားအယွင်းများအားလုံးနှင့်အတူ” ဖော်ပြထားသည်။ HIKVISION သည် ကန့်သတ်မှု၊ ကုန်သွယ်နိုင်စွမ်း၊ ကျေနပ်လောက်ဖွယ် အရည်အသွေး၊ သို့မဟုတ် သီးခြားရည်ရွယ်ချက် တစ်စုံတစ်ခုအတွက် ကြံ့ခိုင်မှုများ မရှိခြင်း အပါအဝင် မည်သည့် အာမခံချက်များကို အတိအလင်း ဖြစ်စေ သွယ်ဝိုက်၍ ဖြစ်စေ ပေးထားခြင်း မရှိပါ။ ကုန်ပစ္စည်းအား အသုံးပြုပါက သင့်ဘာသာသင် တာဝန်ယူရမည်။ မည်သည့်အခြေအနေတွင်မဆို စာချုပ်ချိုးဖောက်မှုကြောင့်ဖြစ်စေ၊ အကျိုးပျက်စီး၍ဖြစ်စေ (ပေါ့လျော့မှု အပါအဝင်)၊ ထုတ်ကုန်ပစ္စည်း ပြဿနာကြောင့်ဖြစ်စေ၊ သို့မဟုတ်ပါက ဤထုတ်ကုန်ပစ္စည်းအား အသုံးပြုမှုကြောင့်ဖြစ်စေ စီးပွားရေးလုပ်ငန်း အကျိုးအမြတ် ဆုံးရှုံးမှု သို့မဟုတ် အချက်အလက် ဆုံးရှုံးမှု၊ စနစ်များ ယိုယွင်းပျက်စီးမှု သို့မဟုတ် စာရွက်စာတမ်း ပျက်စီးပျောက်ဆုံးမှုကြောင့် ထိခိုက်မှုများ အပါအဝင် အထူးတလည်၊ အကျိုးဆက်စပ်၍၊ မတော်တဆ သို့မဟုတ် တိုက်ရိုက် ထိခိုက်မှုများအတွက် ထိုထိခိုက်မှု သို့မဟုတ် ဆုံးရှုံးမှုများအကြောင်း HIKVISION အား အကြံပြု အသိပေးပြီး ဖြစ်စေကာမူ HIKVISION မှ တာဝန်ယူမည် မဟုတ်ပါ။ အင်တာနက် သဘောသဘာဝအရ တည်ရှိဆဲ လုံခြုံရေး ဘေးအန္တရာယ်များ ပေးနိုင်သည်ကို သင် အသိအမှတ်ပြုပြီး ပုံမှန်မဟုတ်သော လုပ်ငန်းလည်ပတ်မှု၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက် ပေါက်ကြားမှု သို့မဟုတ် ဆိုင်ဘာ တိုက်ခိုက်မှုများ၊ ဟက်ကာ တိုက်ခိုက်မှုများ၊ ဗိုင်းရပ်စ် ကူးစက်မှု သို့မဟုတ် အခြား အင်တာနက် လုံခြုံရေး အန္တရာယ်များ၏ ရလဒ်အဖြစ် ဖြစ်ပေါ်လာသော အခြားပျက်စီးမှုများ၊ အပေါ် HIKVISION သည် တာဝန်ယူလိမ့်မည်မဟုတ်ပါ။ သို့ရာတွင် HIKVISION သည် လိုအပ်ပါက နည်းပညာပံ့ပိုးမှုကို အချိန်နှင့် တစ်ပြေးညီပေးသွားမည်။ သင်သည် အကျုံးဝင်သော ဥပဒေများနှင့် အညီ ဤကုန်ပစ္စည်းကို အသုံးပြုရန် သဘောတူညီပြီး သင်၏ အသုံးပြုမှုသည် အကျုံးဝင်သော ဥပဒေနှင့် ကိုက်ညီစေရန် သင်က လုံးဝ တာဝန်ခံရမည် ဖြစ်သည်။ အထူးသဖြင့် သင်သည် ဤကုန်ပစ္စည်းကို အသုံးပြုရာတွင် အများပြည်သူ၏ အခွင့်အရေး များ၊ အသိပညာ ပိုင်ဆိုင်မှု အခွင့်အရေးများ သို့မဟုတ် အချက်အလက် ကာကွယ်ရေး နှင့် အခြား ပုဂ္ဂိုလ်ရေး ဆိုင်ရာ အချက်အလက် လုံခြုံမှု အခွင့်အရေးများ အပါအဝင်ဖြစ်သော်လည်း ယင်းတို့သာ အကန့်အသတ်မဟုတ်ပဲ အပြင်အပ လူပုဂ္ဂိုလ်များ၏ အခွင့်အရေးများကို ချိုးဖောက်သော ပုံစံဖြင့် အသုံးပြုခြင်း မပြုရန် သင့်တွင် တာဝန်ရှိသည်။ လူအစုအပြုံလိုက် သေကြေပျက်စီးစေနိုင်သော လက်နက်များ တီထွင် ဖန်တီးခြင်း သို့မဟုတ် ထုတ်လုပ်ခြင်း၊ ဓါတု သို့မဟုတ် ဇီဝ လက်နက်များ တီထွင်ဖန်တီးခြင်း သို့မဟုတ် ထုတ်လုပ်ခြင်း၊ မည်သည့် ပေါက်ကွဲစေတတ်သော နျူးကလီးယား လက်နက် သို့မဟုတ် ဘေးကင်းလုံခြုံမှု မရှိသော နျူကလီးယား လောင်စာ သံသရာတို့နှင့် သက်ဆိုင်သော အခြေအနေတွင် သို့မဟုတ် လူ့အခွင့်အရေး ချိုးဖောက်မှုကို ပံ့ပိုးသော လုပ်ဆောင်မှု တစ်စုံတရာ တို့ အပါအဝင် မည်သည့် အဆုံးသတ် အသုံးပြုမှုအတွက်ကို မဆို သင်သည် ဤကုန်ပစ္စည်းကို အသုံးပြုခြင်း မပြုရပါ။ ဤလမ်းညွှန်နှင့် သက်ဆိုင်ရာ ဥပဒေတို့အကြား ကွဲလွဲမှုများ ရှိခဲ့ပါက ဥပဒေပါ ပြဌာန်းချက်ကိုသာ အတည်ယူရမည်။ စည်းကမ်းချက်ဆိုင်ရာ အချက်အလက်များ EU စည်းကမ်းချက် ကိုက်ညီမှုဆိုင်ရာ ကြေငြာချက်
ဤထုတ်ကုန်ပစ္စည်းနှင့် (အကျုံးဝင်ပါက) အတူပါရှိသော အပိုပစ္စည်းများကို "CE" အမှတ်အသားဖြင့် မှတ်သားထားပြီး RE ညွှန်ကြားချက် 2014/53/EU ၊ EMC ညွှန်ကြားချက် 2014/30/EU ၊ LVD ညွှန်ကြားချက် 2014/35/EU ၊ RoHS ညွှန်ကြားချက် 2011/65/EU တို့တွင် ဖော်ပြထားသည့် သက်ဆိုင်သော ချိန်ညှိပြီး ဥရောပစံနှုန်းများနှင့် ကိုက်ညီပါသည်။ RE လမ်းညွှန်ချက် 2014/53/EU အတွက် EU တွင် ကြိမ်နှုန်း၊ မုဒ်နှင့် အမြင့်ဆုံး လွှင့်ထုတ်မှု ပါဝါတို့ကို အောက်တွင် ဖော်ပြထားသည်။
လက်ခံရရှိသော ကြိမ်နှုန်း ပို့လွှတ်သည့် ကြိမ်နှုန်း လှိုင်းအလျား ထုတ်လွှင့်မှု ပါဝါ Wi-Fi
2012/19/EU (WEEE ညွှန်ကြားချက်)- ဤသင်္ကေတ ကပ်ထားသည့် ထုတ်ကုန်များကို ဥရောပသမဂ္ဂအတွင်း ရောနှောစည်ပင်အမှိုက်အနေဖြင့်
စွန့်ပစ်နိုင်ခြင်း မရှိပါ။ သေချာစွာ ရီဆိုင်ကယ်လုပ်ရန်အတွက် ဤထုတ်ကုန်ပစ္စည်းကို အလားတူ ပစ္စည်းအသစ်တစ်ခု ဝယ်ယူချိန်တွင် သင့်နယ်ခံ ပစ္စည်းရောင်းချသူထံ ပြန်ပေးပါ သို့မဟုတ် သတ်မှတ်ထားသည့် ပစ္စည်းစုဆောင်းသော နေရာများ၌ စွန့်ပစ်ပါ။ ထပ်မံသိလိုသည်များ ရှိပါက- www.recyclethis.info
2006/66/EC (ဘက်ထရီဆိုင်ရာ ညွှန်ကြားချက်) - ဤထုတ်ကုန်ပစ္စည်းတွင် ဥရောပသမဂ္ဂအတွင်း ရောနှောစည်ပင်အမှိုက်အနေဖြင့် စွန့်ပစ်နိုင်ခြင်း မရှိသည့် ဘက်ထရီတစ်လုံး ပါဝင်နေပါသည်။ ဘက်ထရီအတွက် သီးသန့်အချက်အလက်များကို ထုတ်ကုန်ပစ္စည်းပါ စာရွက်စာတမ်းများ၌ ကြည့်ပါ။ ဤဘက်ထရီကို ကတ်ဒမီယမ် (Cd)၊ ခဲ (Pb) သို့မဟုတ် ပြဒါး (Hg) ဟု ညွှန်ပြမည့် စွန့်ပစ်ခြင်းပါဝင် နိုင်ကြောင်း ဤသင်္ကေတဖြင့် မှတ်သားထားပါသည်။ သေချာစွာ ရီဆိုင်ကယ်လုပ်ရန်အတွက် ဤဘက်ထရီကို သင့်နယ်ခံ ပစ္စည်းရောင်းချသူထံ ပြန်ပေးပါ သို့မဟုတ် သတ်မှတ်ထားသည့် စုဆောင်းသော နေရာ၌ စွန့်ပစ်ပါ။ ထပ်မံသိလိုသည်များ ရှိပါက- www.recyclethis.info ဘေးကင်းလုံခြုံရေးဆိုင်ရာ ညွှန်ကြားချက် ဤကိရိယာကို တပ်ဆင်ခြင်းနှင့် အသုံးပြုခြင်းများ မလုပ်ဆောင်မီ ဘေးကင်းလုံခြုံရေးဆိုင်ရာ ညွှန်ကြားချက်များကို သေချာဖတ်ရှုရမည်။ သတိပေးချက်နှင့် သတိပြုရန် ကိစ္စရပ်များ- ● ဤထုတ်ကုန်ပစ္စည်းအား အသုံးပြုရာတွင် နိုင်ငံနှင့် ဒေသတွင်းရှိ လျှပ်စစ်ဆိုင်ရာ ဘေးကင်းလုံခြုံရေး စည်းမျဉ်းအများကို အပြည့်အဝ လိုက်နာဆောင်ရွက်ရမည် ဖြစ်သည်။ ● ဤကိရိယာကို ရေစိမ့်ကျခြင်း သို့မဟုတ် ဖြန်းပတ်ခြင်းများနှင့် မထိစေရန်နှင့် ပန်းအိုးများ ကဲ့သို့သော အရည်ဖြည့်ထားသည့် ပစ္စည်းများကို ကိရိယာအပေါ်တွင် မတင်ရပါ။ ● သတိပြုရန်- မီးလောင်ကျွမ်းမှု အန္တရာယ်ကို လျော့ချရန်အတွက် အမျိုးအစားနှင့် အဆင့်အတန်း တူညီသည့် ဖျူ့စ်ဖြင့်သာ လဲလှယ်ပေးရမည်။ ● ဤကိရိယာကို မြေချကြိုးတပ်ဆင်ထားသည့် မိန်းပလပ်ပေါက်နှင့် ချိတ်ဆက်ထားရမည်။ ● AC မိန်းဓာတ်အားသို့ ချိတ်ဆက်သည့် ငုတ်များ ချိတ်ဆက်ပုံ မှန်ကန်စေရန် လုပ်ဆောင်ပါ။ ● လိုအပ်ပါက IT ပါဝါဖြန့်ချိမှု စနစ်တစ်ခုနှင့် ချိတ်ဆက်နိုင်ရန်အတွက် ဤကိရိယာကို ဒီဇိုင်းထုတ်ထားခြင်း ဖြစ်သည်။ ● ဘက်ထရီကို မြိုချခြင်း မပြုပါနှင့်။ ဓာတုလောင်ကျွမ်းမှု အန္တရာယ် ဖြစ်နိုင်သည်။ ● ဤကိရိယာတွင် ငွေအကြွေစေ့/ကြယ်သီးပုံ ဆဲလ်ဘက်ထရီတစ်လုံး ပါရှိသည်။ ငွေအကြွေစေ့/ကြယ်သီးပုံ ဆဲလ်ဘက်ထရီကို မြိုချမိပါက အချိန် ၂ နာရီအတွင်း ပြင်းထန်သော ခန္ဓာကိုယ်တွင်း ဓာတုလောင်ကျွမ်းမှုများ ဖြစ်စေနိုင်ပြီး သေဆုံးသည်အထိ ဖြစ်နိုင်ပါသည်။ ● ဘက်ထရီ အသစ်များ၊ သုံးပြီးသားများကို ကလေးများနှင့် ဝေးရာတွင် ထားပါ။ ● ဘက်ထရီအခန်း သေချာမပိတ်ပါက ထိုကိရိယာကို ဆက်မသုံးဘဲ ကလေးများနှင့် ဝေးရာတွင် ထားပါ။ ● ဘက်ထရီကို မြိုချမိသည် သို့မဟုတ် ခန္ဓာကိုယ်တွင်း နေရာတစ်နေရာသို့ ဝင်သွားသည်ဟု ထင်ပါက ဆေးကုသမှု ချက်ချင်းခံယူပါ။ ● သတိပြုရန်- မှန်ကန်မှုမရှိသော ဘက်ထရီအမျိုးအစားဖြင့် လဲမိပါက ပေါက်ကွဲမှုဖြစ်နိုင်သည်။ ● ဘက်ထရီကို ပုံစံမမှန်ဘဲ မှားယွင်းသော အမျိုးအစားတစ်ခုဖြင့် အသစ်လဲခဲ့ပါက safeguard ပျက်စီးနိုင်သည် (ဥပမာအားဖြင့် အချို့သော လစ်သီယမ် ဘက်ထရီအမျိုးအစားများတွင်)။ ● ဘက်ထရီကို ပေါက်ကွဲမှု ဖြစ်ပေါ်စေနိုင်သည့် မီးအတွင်းသို့၊ သို့မဟုတ် မီးဖိုအတွင်၊ သို့မဟုတ် စက်ပစ္စည်းသုံး ထုခြေခြင်း၊ သို့မဟုတ် ဖြတ်တောက်ခြင်း ဖြင့် မစွန့်ပစ်ပါနှင့်။ ● ဘက်ထရီကို အလွန်အမင်း မြင့်မားသည့် အပူချိန်ရှိသည့် ပတ်ဝန်းကျင်တွင် မထားပါနှင့်၊ ပေါက်ကွဲမှု ဖြစ်နိုင်သည် သို့မဟုတ် မီးလောင်လွယ်သည့် အရည် သို့မဟုတ် ဓာတ်ငွေ့များ ထွက်လာနိုင်သည်။ ● ဤဘက်ထရီကို အလွန်နိမ့်သည့် လေဖိအားနှင့် ထိတွေ့ခြင်း မရှိစေရ၊ ပေါက်ကွဲမှု ဖြစ်နိုင်သည် သို့မဟုတ် မီးလောင်လွယ်သည့် အရည် သို့မဟုတ် ဓာတ်ငွေ့များ ထွက်လာနိုင်သည်။ ● အသုံးပြုပြီး ဘက်ထရီများကို လမ်းညွှန်ချက်များနှင့်အညီ စွန့်ပစ်ပါ။ ● + တိုက်ရိုက်လျှပ်စီးကြောင်းနှင့် အသုံးပြုသော သို့မဟုတ် တိုက်ရိုက်လျှပ်စီးကြောင်း ထွက်သော ကိရိယာ၏ အပေါင်းငုတ်(များ)ကို ခွဲခြားမှတ်သားပါ။ - တိုက်ရိုက်လျှပ်စီးကြောင်းနှင့် အသုံးပြုသော သို့မဟုတ် တိုက်ရိုက်လျှပ်စီးကြောင်း ထွက်သော ကိရိယာ၏ အနှုတ်ငုတ်(များ)ကို ခွဲခြားမှတ်သားပါ။ ● မီးထွန်းထားသည့် ဖယောင်းတိုင်များ ကဲ့သို့သော အကာအကွယ်မရှိသည့် မီးအရင်းအမြစ်များကို ကိရိယာအပေါ်တွင် မထားရပါ။ ● လေဝင်လေထွက် အတားအဆီး မဖြစ်စေရန်အတွက် လေဝင်လေထွက် အပေါက်များကို သတင်းစာများ၊ စားပွဲခင်းများ၊ ကန့်လန့်ကာများ စသည်တို့နှင့် ပိတ်ကာထားခြင်း မပြုရပါ။ ကိရိယာကို အိပ်ယာ၊ ဆိုဖာ၊ ဖျာ သို့မဟုတ် အခြားသော အလားတူမျက်နှာပြင်များပေါ် တင်ထားခြင်းဖြင့် ၎င်းလေဝင်လေထွက် အပေါက်များကို မပိတ်စေရပါ။ ● လုံလောက်သော လေဝင်လေထွက် ရရှိစေရန်အတွက် ကိရိယာ ပတ်ဝန်းကျင်တွင် အနည်းဆုံး ၂၀ မီလီမီတာ ခွာထားပါ။ ● ဤကိရိယာ၏ USB ပေါက်ကို မောက်စ်၊ ကီးဘုတ် သို့မဟုတ် USB ဖလက်ရှ်ဒရိုက်နှင့် ချိတ်ဆက်ရန် အသုံးပြုရမည်။ ● ဤကိရိယာကို ဤလမ်းညွှန်ပါ လမ်းညွှန်ချက်များနှင့်အညီ တပ်ဆင်ပါ။ ● ဒဏ်ရာအနာတရ မဖြစ်စေရန်အတွက် ဤကိရိယာကို ကြမ်းပြင်/နံရံတွင် တပ်ဆင်ရန် လမ်းညွှန်ချက်များနှင့်အညီ ခိုင်မြဲစွာ တပ်ဆင်ထားရမည်။ ● ကိရိယာ၏ အပေါ်ထိပ်တွင် ကလေးများ ဆော့ကစားလိုသော အရုပ်များ နှင့် အဝေးထိန်းခလုတ်ကဲ့သို့ ပစ္စည်းများ မည်သည့်အခါမျှ တင်မထားပါနှင့်။ ● သတိပြုရန်- ဤကိရိယာကို သတ်မှတ်ထားသော အထိန်းကွင်းများဖြင့်သာ အသုံးပြုရမည် ဖြစ်သည်။ အခြား (လက်တွန်းလှည်းများ၊ စင်များ သို့မဟုတ် သယ်ဆောင်သည့်စင်များ) ပစ္စည်းများနှင့် အသုံးပြုခြင်းကြောင့် မတည်မငြိမ်ဖြစ်ပြီး အနာတရ ဖြစ်စေနိုင်ပါသည်။ ● အကြားအာရုံ ထိခိုက်မှု မဖြစ်စေရန်အတွက် အသံကျယ်ကျယ်ဖြင့် အချိန်အတန်ကြာ နားမထောင်ပါနှင့်။မြန်မာ
ခြုံငုံသုံးသပ်ချက် ဒစ်ဂျစ်တယ် အမှတ်အသားကို အချက်အလက်များ ထုတ်လွှင့်ရန်၊ သတင်းထုတ်ပြန်ရန် နှင့် ကုန်ပစ္စည်းများ ကြော်ငြာရန် စသည်တို့တွင် FocSign Server, FocSign Web, ForSign Mobile နှင့် ForSign Lite သော အခြားသော သက်ဆိုင်ရာ ကုန်ပစ္စည်းများနှင့် အတူ လုပ်ဆောင် အသုံးပြုသည်။့ကဲ့သို မျက်မြင်အခြေအနေ အပေါ်တွင် ဒစ်ဂျစ်တယ် အမှတ်အသားကို အမျိုးအစား နှစ်မျိုးခွဲခြားထားသည်။ ဖျော်ဖြေရေး၊ ဘဏ္ဍာရေး နှင့် သယ်ယူပို့ဆောင်ရေး စသည့် စက်မှုလုပ်ငန်းများတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုသော နံရံကပ် ပြသမှုများနှင့် ထောင်လျက် ပြသမှုများ ဖြစ်သည်။ ပုံမှန် အသုံးပြုမှု ဒစ်ဂျစ်တယ် အမှတ်အသား အသုံးပြုမှုများမှာ ထုတ်ကုန်မော်ဒယ်အလိုက် ကွဲပြားနိုင်သည်။ အောက်ဖော်ပြပါ ကိန်းဂဏန်းများမှာ သရုပ်ပြ ရည်ရွယ်ချက် အတွက်သာ
ဇယား ၁ - မြင်ကွင်း ၁
ဇယား ၂ - မြင်ကွင်း ၂ အကြောင်းအရာ ရှင်းလင်းချက်
အကြောင်းအရာ ရှင်းလင်းချက်
အစိတ်အပိုင်းများ FocSign လိုက် ကလိုင်းရင့်၊ တာမီနယ်များ
အစိတ်အပိုင်းများ FocSign Server, FocSign Web, FocSign Mobile တာမီနယ်များ တာမီနယ်များအား ပံ့ပိုးထားသည်
တာမီနယ်များအား ပံ့ပိုးထားသည်
လုပ်ငန်းများ ● ပရိုဂရမ်များကို တည်းဖြတ်၍ တာမီနယ်များသို့ ပို့လွှတ်ရန်။ ● တာမီနယ်များကို အဝေးထိန်း စီမံခန့်ခွဲမှု ပံ့ပိုးသည်။
လုပ်ငန်းများ ● လူအများအပြား သုံးစွဲခြင်း နှင့် ကလိုင်းရင်များကို ခွင့်ပြုသည်။ ● ဝက်ဘ် ကလိုင်းရင့် - တာမီနယ် စီမံခန့်ခွဲမှု၊ ပစ္စည်းများကို တည်းဖြတ်ခြင်း၊ မူရင်းဖိုင်ပုံစံများ၊ နှင့် အစီအစဉ်များ၊ အချိန်ဇယားများ ရေးဆွဲခြင်း၊ အစီအစဉ်များနှင့် အချိန်ဇယားများ ထုတ်ဖော်ခြင်း။ ● မိုဘိုင်း ကလိုင်းရင့် - တာမီနယ် စီမံခန့်ခွဲမှု၊ အစီအစဉ် မူရင်းဖိုင်ပုံစံများ တည်းဖြတ်ခြင်း၊ အစီအစဉ်များ နှင့် အချိန်ဇယားများ ထုတ်ဖော်ခြင်း။ ဒစ်ဂျစ်တယ် အမှတ်အသား DS-D40 系列 LED屏 DS-D50 系列
ဒစ်ဂျစ်တယ် အမှတ်အသားမော်နီတာ LCD ဗီဒီယို ဝေါလ်LED ဗီဒီယို ဝေါလ် FocSign Lite ဒစ်ဂျစ်တယ် အမှတ်အသား ဖွင့်စက်
LCD ဗီဒီယို ဝေါလ်LED ဗီဒီယို ဝေါလ် FocSign Server ဒစ်ဂျစ်တယ် အမှတ်အသား ဖွင့်စက် မိုဘိုင်း ကလိုင်းရင့် ဝက်ဘ် ကလိုင်းရင့်Türkçe
လွယ်ကူလက်စွဲ