Hikvision DSD42V04N - မော်နီတာ

DSD42V04N - မော်နီတာ Hikvision - အခမဲ့ အသုံးပြုသူလမ်းညွှန်

စက်ပစ္စည်းလမ်းညွှန်ကို အခမဲ့ ရှာဖွေပါ DSD42V04N Hikvision PDF ဖော်မတ်ဖြင့်.

📄 57 စာမျက်နှာ မြန်မာ MY 💬 AI မေးခွန်း ⚙️ သတ်မှတ်ချက်
Notice Hikvision DSD42V04N - page 45
လမ်းညွှန်ကို ကြည့်ပါ : Français FR Čeština CS Deutsch DE English EN Magyar HU Bahasa Indonesia ID Italiano IT မြန်မာ MY Nederlands NL Polski PL Português PT Română RO Русский RU Slovenčina SK Türkçe TR Українська UK
လမ်းညွှန်လက်ထောက်
ChatGPT မှ ပံ့ပိုးသည်
သင့်မက်ဆေ့ကို စောင့်နေသည်
ထုတ်ကုန်အချက်အလက်

အမှတ်တံဆိပ် : Hikvision

မော်ဒယ် : DSD42V04N

အမျိုးအစား : မော်နီတာ

SKIP

မကြာခဏမေးသောမေးခွန်းများ - DSD42V04N Hikvision

သင်၏ device အတွက် ညွှန်ကြားချက်များကို ဒေါင်းလုဒ်လုပ်ပါ မော်နီတာ PDF ဖော်မတ်ဖြင့် အခမဲ့! သင်၏လမ်းညွှန်ကို ရှာဖွေပါ DSD42V04N - Hikvision သင်၏ အီလက်ထရောနစ် စက်ပစ္စည်းကို ပြန်လည်ထိန်းချုပ်ပါ။ ဤစာမျက်နှာတွင် သင်၏ စက်ပစ္စည်းအသုံးပြုမှုအတွက် လိုအပ်သည့် စာရွက်စာတမ်းများအားလုံး ပြုနှိပ်ထားသည်။ DSD42V04N အမှတ်တံဆိပ် Hikvision.

အသုံးပြုသူလမ်းညွှန် DSD42V04N Hikvision

© 2020 Hangzhou Hikvision Digital Technology ကုမ္ပဏီ လိမိတက်။ မူပိုင်ခွင့်အားလုံး ရယူထားသည်။ ဤလမ်းညွှန်သည် Hangzhou Hikvision Digital Technology Co., Ltd. သို့မဟုတ် ၎င်း၏ လက်အောက်ခံ အဖွဲ့အစည်းများ (ဤနေရာမှစပြီး "Hikvision" ဟု ခေါ်ဆိုသွားမည်) ၏ ပိုင်ဆိုင်မှုဖြစ်ပြီး ၎င်းကို Hikvision ၏ စာဖြင့်ရေးသား ကြိုတင်ခွင့်ပြုချက် မရှိဘဲ မည်သည့်နည်းလမ်းဖြင့်မဆို တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ အလုံးစုံဖြစ်စေ ကူးယူခြင်း၊ ပြောင်းလဲခြင်း၊ ဘာသာပြန်ဆိုခြင်း သို့မဟုတ် ဖြန့်ချိခြင်း လုံးဝမပြုရပါ။ ၎င်းလမ်းညွှန်တွင် အတိအလင်း ဖော်ပြထားသည့် အခြေအနေမှလွဲပြီး ကျန်အခြေအနေများတွင် Hikvision သည် ဤလမ်းညွှန်နှင့် ၎င်းတွင်ပါရှိသည့် အချက်အလက်များနှင့် ပတ်သက်၍ အာမခံခြင်း၊ တာဝန်ခံခြင်း သို့မဟုတ် ကိုယ်စားပြုခြင်းတို့ကို အတိအလင်းဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ လုံးဝလုပ်ဆောင်မည် မဟုတ်ပါ။ ဤလမ်းညွှန်အကြောင်း ဤလမ်းညွှန်တွင် ထုတ်ကုန်ပစ္စည်းအား အသုံးပြုခြင်းနှင့် စီမံခြင်းဆိုင်ရာ ညွှန်ကြားချက်များ ပါရှိသည်။ ဤလမ်းညွှန်ပါ ရုပ်ပုံများ၊ ပုံပြကားချပ်များ၊ ဓာတ်ပုံများနှင့် အခြားသတင်းအချက်အလက် အားလုံးသည် ဖော်ပြရန်၊ ရှင်းပြရန်အတွက်သာ ထည့်သွင်းထားခြင်း ဖြစ်ပါသည်။ ဤလမ်းညွှန်ပါ သတင်းအချက်အလက်များကို ဖမ်းဝဲ အပ်ဒိပ်လုပ်ခြင်းကြောင့်ဖြစ်စေ၊ အခြားအကြောင်းရင်းများကြောင့်ဖြစ်စေ ကြိုတင်အသိပေးခြင်း မရှိဘဲ ပြောင်းလဲနိုင်သည်။ ဤလမ်းညွှန်၏ နောက်ဆုံးရဗားရှင်းကို (https://www.hikvision.com) Hikvision အင်တာနက်စာမျက်နှာတွင် ရနိုင်ပါသည်။ ယခုထုတ်ကုန်ပစ္စည်းအား ကူညီထောက်မရာတွင် လေ့ကျင့်မှုရရှိထားသော ကျွမ်းကျင်သူများ၏ လမ်းညွှန်မှုနှင့် အထောက်အပံ့တို့နှင့်အညီ ဤလမ်းညွှန်ကို အသုံးပြုပါ။ ကုန်ပစ္စည်း အမှတ်တံဆိပ်များ နှင့် အခြား Hikvision ၏ ကုန်ပစ္စည်း အမှတ်တံဆိပ်များနှင့် လိုဂိုများသည် တရားစီရင်မှု အမျိုးမျိုးတွင် Hikvision ၏ ပိုင်ဆိုင်မှုများ ဖြစ်သည်။ ဖော်ပြထားသည့် အခြား ကုန်ပစ္စည်း အမှတ်တံဆိပ်များနှင့် လိုဂိုများသည် ၎င်းတို့၏ သက်ဆိုင်ရာ ပိုင်ရှင်များ၏ ပိုင်ဆိုင်မှုများ ဖြစ်ကြပါသည်။ HDMI နှင့် HDMI High-Definition Multimedia Interface (ကြည်လင်ပြတ်သားမှု မြင့်မားသည့် မာတီမီဒီယာ အင်တာဖေ့စ်) ဟူသော ဝေါဟာရများနှင့် HDMI လိုဂိုတို့သည် အမေရိကန် ပြည်ထောင်စုနှင့် အခြားနိုင်ငံများသည် HDMI Licensing Administrator, Inc. ၏ မှတ်ပုံတင် အမှတ်တံဆိပ် သို့မဟုတ် မှတ်ပုံတင်ပြီး အမှတ်တံဆိပ်များ ဖြစ်သည်။ ငြင်းဆိုချက် အကျုံးဝင်သည့် သက်ဆိုင်သောဥပဒေက ခွင့်ပြုထားသည့် အမြင့်ဆုံးအတိုင်းအတာဖြင့် ဤလက်စွဲစာအုပ်နှင့် ဖော်ပြထားသော ထုတ်ကုန်ကို ၎င်း၏ စက်ပစ္စည်းများ၊ ဆော့ဖ်ဝဲနှင့် ဖမ်းဝဲများနှင့်အတူ “ယင်းအတိုင်း” နှင့် “အမှားအယွင်းများအားလုံးနှင့်အတူ” ဖော်ပြထားသည်။ HIKVISION သည် ကန့်သတ်မှု၊ ကုန်သွယ်နိုင်စွမ်း၊ ကျေနပ်လောက်ဖွယ် အရည်အသွေး၊ သို့မဟုတ် သီးခြားရည်ရွယ်ချက် တစ်စုံတစ်ခုအတွက် ကြံ့ခိုင်မှုများ မရှိခြင်း အပါအဝင် မည်သည့် အာမခံချက်များကို အတိအလင်း ဖြစ်စေ သွယ်ဝိုက်၍ ဖြစ်စေ ပေးထားခြင်း မရှိပါ။ ကုန်ပစ္စည်းအား အသုံးပြုပါက သင့်ဘာသာသင် တာဝန်ယူရမည်။ မည်သည့်အခြေအနေတွင်မဆို စာချုပ်ချိုးဖောက်မှုကြောင့်ဖြစ်စေ၊ အကျိုးပျက်စီး၍ဖြစ်စေ (ပေါ့လျော့မှု အပါအဝင်)၊ ထုတ်ကုန်ပစ္စည်း ပြဿနာကြောင့်ဖြစ်စေ၊ သို့မဟုတ်ပါက ဤထုတ်ကုန်ပစ္စည်းအား အသုံးပြုမှုကြောင့်ဖြစ်စေ စီးပွားရေးလုပ်ငန်း အကျိုးအမြတ် ဆုံးရှုံးမှု သို့မဟုတ် အချက်အလက် ဆုံးရှုံးမှု၊ စနစ်များ ယိုယွင်းပျက်စီးမှု သို့မဟုတ် စာရွက်စာတမ်း ပျက်စီး ပျောက်ဆုံးမှုကြောင့် ထိခိုက်မှုများ အပါအဝင် အထူးတလည်၊ အကျိုးဆက်စပ်၍၊ မတော်တဆ သို့မဟုတ် တိုက်ရိုက် ထိခိုက်မှုများအတွက် ထိုထိခိုက်မှု သို့မဟုတ် ဆုံးရှုံးမှုများအကြောင်း HIKVISION အား အကြံပြု အသိပေးပြီး ဖြစ်စေကာမူ HIKVISION မှ တာဝန်ယူမည် မဟုတ်ပါ။ အင်တာနက် သဘောသဘာဝအရ တည်ရှိဆဲ လုံခြုံရေး ဘေးအန္တရာယ်များ ပေးနိုင်သည်ကို သင် အသိအမှတ်ပြုပြီး ပုံမှန်မဟုတ်သော လုပ်ငန်းလည်ပတ်မှု၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက် ပေါက်ကြားမှု သို့မဟုတ် ဆိုင်ဘာ တိုက်ခိုက်မှုများ၊ ဟက်ကာ တိုက်ခိုက်မှုများ၊ ဗိုင်းရပ်စ် ကူးစက်မှု သို့မဟုတ် အခြား အင်တာနက် လုံခြုံရေး အန္တရာယ်များ၏ ရလဒ်အဖြစ် ဖြစ်ပေါ်လာသော အခြားပျက်စီးမှုများ၊ အပေါ် HIKVISION သည် တာဝန်ယူလိမ့်မည်မဟုတ်ပါ။ သို့ရာတွင် HIKVISION သည် လိုအပ်ပါက နည်းပညာပံ့ပိုးမှုကို အချိန်နှင့် တစ်ပြေးညီပေးသွားမည်။ သင်သည် အကျုံးဝင်သော ဥပဒေများနှင့် အညီ ဤကုန်ပစ္စည်းကို အသုံးပြုရန် သဘောတူညီပြီး သင်၏ အသုံးပြုမှုသည် အကျုံးဝင်သော ဥပဒေနှင့် ကိုက်ညီစေရန် သင်က လုံးဝ တာဝန်ခံရမည် ဖြစ်သည်။ အထူးသဖြင့် သင်သည် ဤကုန်ပစ္စည်းကို အသုံးပြုရာတွင် အများပြည်သူ၏ အခွင့်အရေးများ၊ အသိပညာ ပိုင်ဆိုင်မှု အခွင့်အရေးများ သို့မဟုတ် အချက်အလက် ကာကွယ်ရေးနှင့် အခြား ပုဂ္ဂိုလ်ရေး ဆိုင်ရာ အချက်အလက် လုံခြုံမှု အခွင့်အရေးများ အပါအဝင်ဖြစ်သော်လည်း ယင်းတို့သာ အကန့်အသတ်မဟုတ်ပဲ အပြင်အပ လူပုဂ္ဂိုလ်များ၏ အခွင့်အရေးများကို ချိုးဖောက်သော ပုံစံဖြင့် အသုံးပြုခြင်း မပြုရန် သင့်တွင် တာဝန်ရှိသည်။ လူအစုအပြုံလိုက် သေကြေပျက်စီးစေနိုင်သော လက်နက်များ တီထွင် ဖန်တီးခြင်း သို့မဟုတ် ထုတ်လုပ်ခြင်း၊ ဓါတု သို့မဟုတ် ဇီဝ လက်နက်များ တီထွင်ဖန်တီးခြင်း သို့မဟုတ် ထုတ်လုပ်ခြင်း၊ မည်သည့် ပေါက်ကွဲ စေတတ်သော နျူးကလီးယား လက်နက် သို့မဟုတ် ဘေးကင်းလုံခြုံမှု မရှိသော နျူကလီးယား လောင်စာ သံသရာတို့နှင့် သက်ဆိုင်သော အခြေအနေတွင် သို့မဟုတ် လူ့အခွင့်အရေး ချိုးဖောက်မှုကို ပံ့ပိုးသော လုပ်ဆောင်မှု တစ်စုံတရာတို့ အပါအဝင် မည်သည့် အဆုံးသတ် အသုံးပြုမှုအတွက်ကိုမဆို သင်သည် ဤကုန်ပစ္စည်းကို အသုံးပြုခြင်း မပြုရပါ။ ဤလမ်းညွှန်နှင့် သက်ဆိုင်ရာ ဥပဒေတို့အကြား ကွဲလွဲမှုများ ရှိခဲ့ပါက ဥပဒေပါ ပြဌာန်းချက်ကိုသာ အတည်ယူရမည်။ စည်းကမ်းချက်ဆိုင်ရာ အချက်အလက်များ EU စည်းကမ်းချက် ကိုက်ညီမှုဆိုင်ရာ ကြေငြာချက်

ဤထုတ်ကုန်ပစ္စည်းနှင့် (အကျုံးဝင်ပါက) အတူပါရှိသော အပိုပစ္စည်းများကို "CE" အမှတ်အသားဖြင့် မှတ်သားထားပြီး EMC ညွှန်ကြားချက် 2014/30/EU ၊ LVD ညွှန်ကြားချက် 2014/35/EU ၊ RoHS ညွှန်ကြားချက် 2011/65/EU တို့တွင် ဖော်ပြထားသည့် သက်ဆိုင်သော ချိန်ညှိပြီး ဥရောပစံနှုန်းများနှင့် ကိုက်ညီပါသည်။မြန်မာ

2012/19/EU (WEEE ညွှန်ကြားချက်)- ဤသင်္ကေတ ကပ်ထားသည့် ထုတ်ကုန်များကို ဥရောပသမဂ္ဂအတွင်း ရောနှောစည်ပင်အမှိုက်အနေဖြင့်

စွန့်ပစ်နိုင်ခြင်း မရှိပါ။ သေချာစွာ ရီဆိုင်ကယ်လုပ်ရန်အတွက် ဤထုတ်ကုန်ပစ္စည်းကို အလားတူ ပစ္စည်းအသစ်တစ်ခု ဝယ်ယူချိန်တွင် သင့်နယ်ခံ ပစ္စည်းရောင်းချသူထံ ပြန်ပေးပါ သို့မဟုတ် သတ်မှတ်ထားသည့် ပစ္စည်းစုဆောင်းသော နေရာများ၌ စွန့်ပစ်ပါ။ ထပ်မံသိလိုသည်များ ရှိပါက- www.recyclethis.info

2006/66/EC (ဘက်ထရီဆိုင်ရာ ညွှန်ကြားချက်)- ဤထုတ်ကုန်ပစ္စည်းတွင် ဥရောပသမဂ္ဂအတွင်း ရောနှောစည်ပင်အမှိုက်အနေဖြင့် စွန့်ပစ်နိုင်ခြင်း မရှိသည့် ဘက်ထရီတစ်လုံး ပါဝင်နေပါသည်။ ဘက်ထရီအတွက် သီးသန့်အချက်အလက်များကို ထုတ်ကုန်ပစ္စည်းပါ စာရွက်စာတမ်းများ၌ ကြည့်ပါ။ ဤဘက်ထရီကို ကတ်ဒမီယမ် (Cd)၊ ခဲ (Pb) သို့မဟုတ် ပြဒါး (Hg) ဟု ညွှန်ပြမည့် စွန့်ပစ်ခြင်းပါဝင်နိုင်ကြောင်း ဤသင်္ကေတဖြင့် မှတ်သားထားပါသည်။ သေချာစွာ ရီဆိုင်ကယ်လုပ်ရန်အတွက် ဤဘက်ထရီကို သင့်နယ်ခံ ပစ္စည်းရောင်းချသူထံ ပြန်ပေးပါ သို့မဟုတ် သတ်မှတ်ထားသည့် စုဆောင်းသော နေရာ၌ စွန့်ပစ်ပါ။ ထပ်မံသိလိုသည်များ ရှိပါက- www.recyclethis.info ဘေးကင်းလုံခြုံရေးဆိုင်ရာ ညွှန်ကြားချက် ဤကိရိယာကို တပ်ဆင်ခြင်းနှင့် အသုံးပြုခြင်းများ မလုပ်ဆောင်မီ ဘေးကင်းလုံခြုံရေးဆိုင်ရာ ညွှန်ကြားချက်များကို သေချာဖတ်ရှုရမည်။ သတိပေးချက်နှင့် သတိပြုရန် ကိစ္စရပ်များ- ● ဤပစ္စည်းသည် A အမျိုးအစား ထုတ်ကုန်တစ်ခုဖြစ်ပြီး ရေဒီယိုလှိုင်း အနှောင့်အယှက်များ ဖြစ်စေနိုင်သည့်အတွက် ထိုသို့ဖြစ်ခဲ့လျှင် အသုံးပြုသူမှ သင့်တင့်လျောက်ပတ်စွာ လုပ်ဆောင်ဖြေရှင်းပေးရန် လိုအပ်နိုင်ပါသည်။ ● ဤထုတ်ကုန်ပစ္စည်းအား အသုံးပြုရာတွင် နိုင်ငံနှင့် ဒေသတွင်းရှိ လျှပ်စစ်ဆိုင်ရာ ဘေးကင်းလုံခြုံရေး စည်းမျဉ်းများကို အပြည့်အဝ လိုက်နာဆောင်ရွက်ရမည် ဖြစ်သည်။ ● ဤကိရိယာကို ရေစိမ့်ကျခြင်း သို့မဟုတ် ဖြန်းပတ်ခြင်းများနှင့် မထိစေရန်နှင့် ပန်းအိုးများ ကဲ့သို့သော အရည်ဖြည့်ထားသည့် ပစ္စည်းများကို ကိရိယာအပေါ်တွင် မတင်ရပါ။ ● သတိပြုရန်- မီးလောင်ကျွမ်းမှု အန္တရာယ်ကို လျော့ချရန်အတွက် အမျိုးအစားနှင့် အဆင့်အတန်း တူညီသည့် ဖျူ့စ်ဖြင့်သာ လဲလှယ်ပေးရမည်။ ● သတိပြုရန်- ငုတ်နှစ်ခု/လျှပ်ပြယ် ဖျူ့စ်သုံးခြင်း။ ဖျူ့စ်လုပ်ဆောင်မှုပြီးစီး၍ ပြင်ဆင်ချိန်၌ စွမ်းအင်ဝင်နေသည့် ဤကိရိယာ အစိတ်အပိုင်းများကြောင့် အန္တရာယ် ဖြစ်နိုင်ပါသည်။ ● ဤကိရိယာကို မြေချကြိုးတပ်ဆင်ထားသည့် မိန်းပလပ်ပေါက်နှင့် ချိတ်ဆက်ထားရမည်။ ● AC မိန်းဓာတ်အားသို့ ချိတ်ဆက်သည့် ငုတ်များ ချိတ်ဆက်ပုံ မှန်ကန်စေရန် လုပ်ဆောင်ပါ။ ● အန္တရာယ်ပေးနိုင်သည့် အားဝင်နေသော ဝါယာနှင့် ငုတ်များဖြင့် ချိတ်ဆက်ထားသော ပြင်ပဝါယာများကို ညွှန်ကြားထားသူ တစ်ဦးမှသာ တပ်ဆင်ရန် ဖော်ပြပေးထားသည်။ ● လိုအပ်ပါက IT ပါဝါဖြန့်ချိမှု စနစ်တစ်ခုနှင့် ချိတ်ဆက်နိုင်ရန်အတွက် ဤကိရိယာကို ဒီဇိုင်းထုတ်ထားခြင်း ဖြစ်သည်။ ● ဤကိရိယာကို ကလေးများရှိနိုင်သည့် နေရာမျိုးတွင် အသုံးပြုရန် မသင့်လျော်ပါ။ ● သတိပြုရန်- မှန်ကန်မှုမရှိသော ဘက်ထရီအမျိုးအစားဖြင့် လဲမိပါက ပေါက်ကွဲမှုဖြစ်နိုင်သည်။ ● ဘက်ထရီကို ပုံစံမမှန်ဘဲ မှားယွင်းသော အမျိုးအစားတစ်ခုဖြင့် အသစ်လဲခဲ့ပါက safeguard ပျက်စီးနိုင်သည် (ဥပမာအားဖြင့် အချို့သော လစ်သီယမ် ဘက်ထရီအမျိုးအစားများတွင်)။ ● ဘက်ထရီကို ပေါက်ကွဲမှု ဖြစ်ပေါ်စေနိုင်သည့် မီးအတွင်းသို့၊ သို့မဟုတ် မီးဖိုအတွင်း၊ သို့မဟုတ် စက်ပစ္စည်းသုံး ထုခြေခြင်း၊ သို့မဟုတ် ဖြတ်တောက်ခြင်း ဖြင့် မစွန့်ပစ်ပါနှင့်။ ● ဘက်ထရီကို အလွန်အမင်း မြင့်မားသည့် အပူချိန်ရှိသည့် ပတ်ဝန်းကျင်တွင် မထားပါနှင့်၊ ပေါက်ကွဲမှု ဖြစ်နိုင်သည် သို့မဟုတ် မီးလောင်လွယ်သည့် အရည် သို့မဟုတ် ဓာတ်ငွေ့များ ထွက်လာနိုင်သည်။ ● ဤဘက်ထရီကို အလွန်နိမ့်သည့် လေဖိအားနှင့် ထိတွေ့ခြင်း မရှိစေရ၊ ပေါက်ကွဲမှု ဖြစ်နိုင်သည် သို့မဟုတ် မီးလောင်လွယ်သည့် အရည် သို့မဟုတ် ဓာတ်ငွေ့များ ထွက်လာနိုင်သည်။ ● အသုံးပြုပြီး ဘက်ထရီများကို လမ်းညွှန်ချက်များနှင့်အညီ စွန့်ပစ်ပါ။ ● မီးထွန်းထားသည့် ဖယောင်းတိုင်များ ကဲ့သို့သော အကာအကွယ်မရှိသည့် မီးအရင်းအမြစ်များကို ကိရိယာအပေါ်တွင် မထားရပါ။ ● လေဝင်လေထွက် အတားအဆီး မဖြစ်စေရန်အတွက် လေဝင်လေထွက် အပေါက်များကို သတင်းစာများ၊ စားပွဲခင်းများ၊ ကန့်လန့်ကာများ စသည်တို့နှင့် ပိတ်ကာထားခြင်း မပြုရပါ။ ကိရိယာကို အိပ်ယာ၊ ဆိုဖာ၊ ဖျာ သို့မဟုတ် အခြားသော အလားတူမျက်နှာပြင်များပေါ် တင်ထားခြင်းဖြင့် ၎င်းလေဝင်လေထွက် အပေါက်များကို မပိတ်စေရပါ။ ● လုံလောက်သော လေဝင်လေထွက်အတွက် ပစ္စည်းပတ်လည်တွင် ၂၀ cm အကွာအဝေး အနည်းဆုံး ချန်ထားပါ။ ● ဤကိရိယာ၏ USB ပေါက်ကို မောက်စ်၊ ကီးဘုတ် သို့မဟုတ် USB ဖလက်ရှ်ဒရိုက်နှင့် ချိတ်ဆက်ရန် အသုံးပြုရမည်။ ● ဤကိရိယာကို ကလေးများရှိနိုင်သည့် နေရာမျိုးတွင် အသုံးပြုရန် မသင့်လျော်ပါ။ ● ဤကိရိယာကို ဤလမ်းညွှန်ပါ လမ်းညွှန်ချက်များနှင့်အညီ တပ်ဆင်ပါ။ ● ဒဏ်ရာအနာတရဖြစ်ခြင်းကို ကာကွယ်ရန်အတွက် ပစ္စည်းကို ဘီရိုတွင် တပ်ဆင်ခြင်းညွှန်ကြားမှုများအရ လုံခြုံစွာတပ်ဆင်ပါ။ ● ပန်ကာဒလက်များနှင့် ဝေးရာတွင် ကိုယ်ထည်အစိတ်အပိုင်းများကို ထားပါ။ ကြံ့ခိုင်မှုစစ်ဆေး ပြင်ဆင်ချိန်တွင် ပါဝါရင်းမြစ်ကို ဖြုတ်ထားပါ။ ● ပစ္စည်းကို ရွှေ့ခြင်း သို့မဟုတ် သုံးခြင်းပြုပါက 90° ထားပါ။မြန်မာ

ခြုံငုံသုံးသပ်ချက် LED ရောင်စုံဖန်သားပြင် ထိန်းချုပ်ကိရိယာကို မည်သည့် အတိုင်းအတာတွင်မဆို ချောမွေ့အဆင်ပြေသည့် ဗီဒီယို မြင်ကွင်းကျယ်တစ်ခု ဖန်တီးနိုင်ရန်အတွက် ရောင်စုံဖန်သားပြင် ယူနစ်နှင့်အတူ တွဲဖက်အသုံးပြုနိုင်ပါသည်။ အစည်းအဝေးခန်း၊ စတူဒီယို၊ အားကစားခန်းမ၊ လေဆိပ်၊ ဘဏ်၊ ကြော်ငြာဘုတ်၊ မိသားစု ရုပ်ရှင်ရုံ အစရှိသည်တို့တွင် ၎င်းသည် သင့်လျော်ပါသည်။

LED ဖန်သားပြင် ထိန်းချုပ်ကိရိယာအား အသုံးပြုရမည့် အင်တာဖေ့စ်မှာ ထုတ်ကုန်မော်ဒယ်အလိုက် ကွဲပြားနိုင်ပါသည်။ ဖော်ပြပါ ရုပ်ပုံများသည် ပြသရန်အတွက်သာ ရည်ရွယ်ပါသည်။

ရှင်းလင်းချက် POWER ပါဝါညွှန်ပြမှု ACTIVE လုပ်ဆောင်နေသည့် အနေအထား အချက်ပြမီး SOURCE ဆစ်ကနယ် ရင်းမြစ် အနေအထား အချက်ပြမီး USB USB အချက်ပြမီး SYSERR စနစ်မှားယွင်းမှု အချက်ပြမီး LINKERR ချိတ်ဆက်မှု မှားယွင်းနေကြောင်း အချက်ပြမီး LCD ပန်နယ် အလင်းရောင် တောက်ပမှု၊ ကိရိယာ၏ IP ၊ အဝင်/အထွက် ရီဆိုလူးရှင်း၊ ဆစ်ကနယ်ရင်းမြစ် အမျိုးအစား၊ မီနူးလော့ခ် အခြေအနေ အစရှိသည့် အချက်အလက်များကို ပြသပေးသည်

ပုံမှန်မုဒ် (မီနူးမုဒ် မဟုတ်ပါ)- တောက်ပမှုကို ချိန်ညှိရန် ဘယ်/ညာ လှည့်ပါ မီနူးမုဒ်- မီနူးမှ အရာကို ရွေးချယ်ရန် ဘယ်/ညာ လှည့်ပါ၊ နောက်ထပ် မီနူးကို ရွေးချယ်ရန် သို့မဟုတ် ဝင်ရောက်ရန် နှိပ်ပါ BACK

ကြာကြာဖိထားလျှင်- မီနူးလော့ခ်ကို ဖွင့်ပေးပြီး မီးနူးမုဒ်သို့ ဝင်ရန်အတွက် ဘုခလုတ် နှိပ်လိုက်ပါ ခဏဖိထားလျှင်- ယခင်မီနူး သို့မဟုတ် ပင်မမီနူးသို့ ပြန်သွားသည် SOURCE/TEST

ကြာကြာဖိထားလျှင်- ပုံရိပ်စစ်ဆေးသည့်မုဒ်သို့ ဝင်သွားသည် ခဏဖိထားလျှင်- ဆစ်ကနယ် ရင်းမြစ်ကို ပြောင်းလဲပေးသည်

ကြာကြာဖိထားလျှင်- ကိရိယာကို အိပ်နားသည့်မုဒ်သို့ ပြောင်းပေးသည် ခဏဖိထားလျှင်- ကိရိယာကို အိပ်နားရာမှ ပြန်ဖွင့်ပေးသည်

ရှင်းလင်းချက် LAN ကွန်ရက် ဆစ်ကနယ် အဝင် USB USB အင်တာဖေ့စ်

HDMI ဆစ်ကနယ် အဝင် ၁/အဝင် ၂ LIGHT SENSOR အလင်းဆင်ဆာ အင်တာဖေ့စ် DVI DVI အင်တာဖေ့စ် HDMI OUT HDMI ဆစ်ကနယ် အထွက်

အသံ အဝင်/အထွက် IR IN အနီအောက်ရောင်ခြည် အဝင် WAKEUP ပြန်နိုးထသည့် အင်တာဖေ့စ် 3D OUT 3D ဆစ်ကနယ် အထွက် 3D IN 3D ဆစ်ကနယ် အဝင် DATA ကွန်ရက်ပေါက် အဝင် ၁၆ ခု

စတင်ရန်ဖွင့်ခြင်းနှင့် လော့ဂ်အင်ဝင်ခြင်း ကလိုင်းယင့်ကို လုပ်ဆောင်၍ လိုအပ်သည့် ကိရိယာကို စကားဝှက်သုံး၍ ဖွင့်ပေးပါ။ လော့ဂ်အင် အင်တာဖေ့စ်သို့ ဝင်ပြီးနောက် IP လိပ်စာ၊ port အမှတ်၊ အသုံးပြုသူအမည်နှင့် စကားဝှက်တို့ကို ထည့်သွင်း၍ လော့ဂ်အင်ဝင်ပါ။Türkçe