DS-TVL121-9-6D - အမျိုးအစားမသတ်မှတ်ထားသော Hikvision - အခမဲ့ အသုံးပြုသူလမ်းညွှန်

စက်ပစ္စည်းလမ်းညွှန်ကို အခမဲ့ ရှာဖွေပါ DS-TVL121-9-6D Hikvision PDF ဖော်မတ်ဖြင့်.

📄 142 စာမျက်နှာ မြန်မာ MY 💬 AI မေးခွန်း
Notice Hikvision DS-TVL121-9-6D - page 99

အသုံးပြုသူများ၏မေးခွန်းများ DS-TVL121-9-6D Hikvision

0 မေးခွန်း ဤပစ္စည်းနှင့်ပတ်သက်ပြီး။ သင်သိသောအရာများကို ဖြေပါ သို့မဟုတ် သင့်ကိုယ်ပိုင်မေးပါ။

ဤပစ္စည်းနှင့်ပတ်သက်ပြီး မေးခွန်းအသစ်တစ်ခုမေးပါ

L'email reste privé : il sert seulement à vous prévenir si quelqu'un répond à votre question.

မေးခွန်းမရှိသေးပါ။ ပထမဆုံးမေးသူဖြစ်လိုက်ပါ။

သင်၏ device အတွက် ညွှန်ကြားချက်များကို ဒေါင်းလုဒ်လုပ်ပါ အမျိုးအစားမသတ်မှတ်ထားသော PDF ဖော်မတ်ဖြင့် အခမဲ့! သင်၏လမ်းညွှန်ကို ရှာဖွေပါ DS-TVL121-9-6D - Hikvision သင်၏ အီလက်ထရောနစ် စက်ပစ္စည်းကို ပြန်လည်ထိန်းချုပ်ပါ။ ဤစာမျက်နှာတွင် သင်၏ စက်ပစ္စည်းအသုံးပြုမှုအတွက် လိုအပ်သည့် စာရွက်စာတမ်းများအားလုံး ပြုနှိပ်ထားသည်။ DS-TVL121-9-6D အမှတ်တံဆိပ် Hikvision.

အသုံးပြုသူလမ်းညွှန် DS-TVL121-9-6D Hikvision

©2020 Hangzhou Hikvision Digital Technology Co., Ltd. မှတ်ပုံတင်ခွင့် အားလုံးကို ရယူထားသည်။ ဤလမ်းညွှန်သည် Hangzhou Hikvision Digital Technology Co., Ltd. သို့မဟုတ် ၎င်း၏ လက်အောက်ခံ အဖွဲ့အစည်းများ (ဤနေရာမှစပြီး "Hikvision" ဟု ခေါ်ဆိုသွားမည်) ၏ ပိုင်ဆိုင်မှုဖြစ်ပြီး ၎င်းကို Hikvision ၏ စာဖြင့်ရေးသား ကြိုတင်ခွင့်ပြုချက် မရှိဘဲ မည်သည့်နည်းလမ်းဖြင့်မဆို တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ အလုံးစုံဖြစ်စေ ကူးယူခြင်း၊ ပြောင်းလဲခြင်း၊ ဘာသာပြန်ဆိုခြင်း သို့မဟုတ် ဖြန့်ချိခြင်း လုံးဝမပြုရပါ။ ၎င်းလမ်းညွှန်တွင် အတိအလင်း ဖော်ပြထားသည့် အခြေအနေမှလွဲပြီး ကျန်အခြေအနေများတွင် Hikvision သည် ဤလမ်းညွှန်နှင့် ၎င်းတွင်ပါရှိသည့် အချက်အလက်များနှင့် ပတ်သက်၍ အာမခံခြင်း၊ တာဝန်ခံခြင်း သို့မဟုတ် ကိုယ်စားပြုခြင်းတို့ကို အတိအလင်းဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ လုံးဝလုပ်ဆောင်မည် မဟုတ်ပါ။ ဤလမ်းညွှန်အကြောင်း ဤလမ်းညွှန်တွင် ထုတ်ကုန်ပစ္စည်းအား အသုံးပြုခြင်းနှင့် စီမံခြင်းဆိုင်ရာ ညွှန်ကြားချက်များ ပါရှိသည်။ ဤလမ်းညွှန်ပါ ရုပ်ပုံများ၊ ပုံပြကားချပ်များ၊ ဓာတ်ပုံများနှင့် အခြားသတင်းအချက်အလက် အားလုံးသည် ဖော်ပြရန်၊ ရှင်းပြရန်အတွက်သာ ထည့်သွင်းထားခြင်း ဖြစ်ပါသည်။ ဤလမ်းညွှန်ပါ သတင်းအချက်အလက်များကို ဖမ်းဝဲလ် အပ်ဒိပ်လုပ်ခြင်းကြောင့်ဖြစ်စေ၊ အခြားအကြောင်းရင်းများကြောင့်ဖြစ်စေ ကြိုတင်အသိပေးခြင်း မရှိဘဲ ပြောင်းလဲနိုင်သည်။ ဤလမ်းညွှန်၏ နောက်ဆုံးရဗားရှင်းကို (https://www.hikvision.com/) Hikvision အင်တာနက်စာမျက်နှာတွင် ရနိုင်ပါသည်။ ယခုထုတ်ကုန်ပစ္စည်းအားကူညီထောက်မရာတွင် လေ့ကျင့်မှုရရှိထားသော ကျွမ်းကျင်သူများ၏ လမ်းညွှန်မှုနှင့် အထောက်အပံ့တို့နှင့်အညီ ဤလမ်းညွှန်ကို အသုံးပြုပါ။မြန်မာ

ကုန်ပစ္စည်း အမှတ်တံဆိပ်များအား အသိအမှတ်ပြုခြင်း နှင့် အခြား Hikvision ၏ ကုန်ပစ္စည်း အမှတ်တံဆိပ်များနှင့် လိုဂိုများသည် အမျိုးမျိုးသော တရားစီရင်ပိုင်ခွင့်များတွင် Hikvision ၏ ပိုင်ဆိုင်မှုများ ဖြစ်သည်။ အောက်တွင် ဖော်ပြထားသည့် အခြား ကုန်ပစ္စည်း အမှတ်တံဆိပ်များနှင့် လိုဂိုများသည် ၎င်းတို့၏ သက်ဆိုင်ရာ ပိုင်ရှင်အသီးသီး၏ ပိုင်ဆိုင်မှုများ ဖြစ်ကြသည်။ ဖော်ပြထားသည့် အခြား ကုန်ပစ္စည်း အမှတ်တံဆိပ်များနှင့် လိုဂိုများသည် ၎င်းတို့၏ သက်ဆိုင်ရာ ပိုင်ရှင်များ၏ ပိုင်ဆိုင်မှုများ ဖြစ်ကြပါသည်။ ဥပဒေကြောင်းဆိုင်ရာ ဖော်ထုတ်ချက် အကျုံး ဝင်သည့် သက်ဆိုင်သောဥပဒေက ခွင့်ပြုထားသည့် အမြင့်ဆုံးအတိုင်းအတာဖြင့် ဤလက်စွဲစာအုပ်နှင့် ဖော်ပြထားသော ထုတ်ကုန်ကို ၎င်း၏ စက်ပစ္စည်းများ၊ ဆော့ဖ်ဝဲနှင့် ဖမ်းဝဲများနှင့်အတူ “ယင်းအတိုင်း” နှင့် “အမှားအယွင်းများအားလုံးနှင့်အတူ” ဖော်ပြထားသည်။ HIKVISION သည် ကန့်သတ်မှု၊ ကုန်သွယ်နိုင်စွမ်း၊ ကျေနပ်လောက်ဖွယ် အရည်အသွေး၊ သို့မဟုတ် သီးခြားရည်ရွယ်ချက် တစ်စုံတစ်ခုအတွက် ကြံ့ခိုင်မှုများ မရှိခြင်း အပါအဝင် မည်သည့် အာမခံချက်များကို အတိအလင်း ဖြစ်စေ သွယ်ဝိုက်၍ ဖြစ်စေ ပေးထားခြင်း မရှိပါ။ ကုန်ပစ္စည်းအား အသုံးပြုပါက သင့်ဘာသာသင် တာဝန်ယူရမည်။ မည်သည့်အခြေအနေတွင်မဆို စာချုပ်ချိုးဖောက်မှုကြောင့်ဖြစ်စေ၊ အကျိုးပျက်စီး၍ဖြစ်စေ (ပေါ့လျော့မှု အပါအဝင်)၊ ထုတ်ကုန်ပစ္စည်း ပြဿနာကြောင့်ဖြစ်စေ၊ သို့မဟုတ်ပါက ဤထုတ်ကုန်ပစ္စည်းအား အသုံးပြုမှုကြောင့်ဖြစ်စေ စီးပွားရေးလုပ်ငန်း အကျိုးအမြတ် ဆုံးရှုံးမှု သို့မဟုတ် အချက်အလက် ဆုံးရှုံးမှု၊ စနစ်များ ယိုယွင်းပျက်စီးမှု သို့မဟုတ် စာရွက်စာတမ်း ပျက်စီးပျောက်ဆုံးမှုကြောင့် ထိခိုက်မှုများ အပါအဝင် အထူးတလည်၊ အကျိုးဆက်စပ်၍၊ မတော်တဆ သို့မဟုတ် တိုက်ရိုက် ထိခိုက်မှုများအတွက် ထိုထိခိုက်မှု သို့မဟုတ်မြန်မာ

ဆုံးရှုံးမှုများအကြောင်း HIKVISION အား အကြံပြု အသိပေးပြီး ဖြစ်စေကာမူ HIKVISION မှ တာဝန်ယူမည် မဟုတ်ပါ။ အင်တာနက် သဘောသဘာဝအရ တည်ရှိဆဲ လုံခြုံရေး ဘေးအန္တရာယ်များ ပေးနိုင်သည်ကို သင် အသိအမှတ်ပြုပြီး ပုံမှန်မဟုတ်သော လုပ်ငန်းလည်ပတ်မှု၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက် ပေါက်ကြားမှု သို့မဟုတ် ဆိုင်ဘာ တိုက်ခိုက်မှုများ၊ ဟက်ကာ တိုက်ခိုက်မှုများ၊ ဗိုင်းရပ်စ် ကူးစက်မှု သို့မဟုတ် အခြား အင်တာနက် လုံခြုံရေး အန္တရာယ်များ၏ ရလဒ်အဖြစ် ဖြစ်ပေါ်လာသော အခြားပျက်စီးမှုများ၊ အပေါ် HIKVISION သည် တာဝန်ယူလိမ့်မည်မဟုတ်ပါ။ သို့ရာတွင် HIKVISION သည် လိုအပ်ပါက နည်းပညာပံ့ပိုးမှုကို အချိန်နှင့် တစ်ပြေးညီပေးသွားမည်။ သင်သည် အကျုံးဝင်သော ဥပဒေများနှင့် အညီ ဤကုန်ပစ္စည်းကို အသုံးပြုရန် သဘောတူညီပြီး သင်၏ အသုံးပြုမှုသည် အကျုံးဝင်သော ဥပဒေနှင့် ကိုက်ညီစေရန် သင်က လုံးဝ တာဝန်ခံရမည် ဖြစ်သည်။ အထူးသဖြင့် သင်သည် ဤကုန်ပစ္စည်းကို အသုံးပြုရာတွင် အများပြည်သူ၏ အခွင့်အရေးများ၊ အသိပညာ ပိုင်ဆိုင်မှု အခွင့်အရေးများ သို့မဟုတ် အချက်အလက် ကာကွယ်ရေး နှင့် အခြား ပုဂ္ဂိုလ်ရေး ဆိုင်ရာ အချက်အလက် လုံခြုံမှု အခွင့်အရေးများ အပါအဝင်ဖြစ်သော်လည်း ယင်းတို့သာ အကန့်အသတ်မဟုတ်ပဲ အပြင်အပ လူပုဂ္ဂိုလ်များ၏ အခွင့်အရေးများကို ချိုးဖောက်သော ပုံစံဖြင့် အသုံးပြုခြင်း မပြုရန် သင့်တွင် တာဝန်ရှိသည်။ လူအစုအပြုံလိုက် သေကြေပျက်စီးစေနိုင်သော လက်နက်များ တီထွင် ဖန်တီးခြင်း သို့မဟုတ် ထုတ်လုပ်ခြင်း၊ ဓါတု သို့မဟုတ် ဇီဝ လက်နက်များ တီထွင်ဖန်တီးခြင်း သို့မဟုတ် ထုတ်လုပ်ခြင်း၊ မည်သည့် ပေါက်ကွဲစေတတ်သော နျူးကလီးယား လက်နက် သို့မဟုတ် ဘေးကင်းလုံခြုံမှု မရှိသော နျူကလီးယား လောင်စာ သံသရာတို့နှင့် သက်ဆိုင်သော အခြေအနေတွင် သို့မဟုတ် လူ့အခွင့်အရေး ချိုးဖောက်မှုကို ပံ့ပိုးသော လုပ်ဆောင်မှု တစ်စုံတရာ တို့ အပါအဝင် မည်သည့် အဆုံးသတ်မြန်မာ

အသုံးပြုမှုအတွက်ကို မဆို သင်သည် ဤကုန်ပစ္စည်းကို အသုံးပြုခြင်း မပြုရပါ။ ဤလမ်းညွှန်နှင့် သက်ဆိုင်ရာ ဥပဒေတို့အကြား ကွဲလွဲမှုများ ရှိခဲ့ပါက ဥပဒေပါ ပြဌာန်းချက်ကိုသာ အတည်ယူရမည်။ စည်းကမ်းချက်ဆိုင်ရာ အချက်အလက်များ FCC ဆိုင်ရာ အချက်အလက်များ လိုက်နာရန် တာဝန်ရှိသည့် အဖွဲ့အစည်း/ပုဂ္ဂိုလ်မှ သီးသန့် အတည်ပြုထားခြင်း မရှိသည့် ပြောင်းလဲမှုများ သို့မဟုတ် ပြုပြင်မှုများ လုပ်ဆောင်ခဲ့ပါက အသုံးပြုသူ အနေဖြင့် ဤပစ္စည်းကို ဆက်လက်အသုံးပြုခွင့် ရှိတော့မည် မဟုတ်ကြောင်းကို ကျေးဇူးပြု၍ သတိပြုပါ။

FCC နှင့် ကိုက်ညီမှု - ဤပစ္စည်းကိရိယာကို စစ်ဆေးပြီးဖြစ်ပြီး FCC စည်းမျဉ်း

အပိုင်း ၁၅ အရ Class A ဒစ်ဂျစ်တယ် ကိရိယာတစ်ခု၏ အကန့်အသတ်များနှင့် ကိုက်ညီကြောင်း တွေ့ရှိပြီး ဖြစ်သည်။ ၎င်းအကန့်အသတ်များမှာ ဤကိရိယာအား စီးပွားရေးလုပ်ငန်းသုံး ပတ်ဝန်းကျင်တစ်ခုတွင် အသုံးပြုချိန်၌ ဆိုးကျိုးဖြစ်စေသည့် အနှောင့်အယှက်များမှ ကျိုးကြောင်းသင့်တင့်စွာ ကာကွယ် ပေးနိုင်ရန်အတွက် သတ်မှတ်ထားခြင်း ဖြစ်ပါသည်။ ဤပစ္စည်းကိရိယာသည် ရေဒီယို ကြိမ်လှိုင်းစွမ်းအင်ကို ထုတ်လွှတ်၊ အသုံးပြုပြီး ဖြာထုတ်နိုင်ကာ လမ်းညွှန်နှင့်အညီ တပ်ဆင်အသုံးပြုထားခြင်း မရှိပါက ရေဒီယို ဆက်သွယ်မှု များအတွက် အန္တရာယ်ပေးနိုင်သည့် အနှောင့်အယှက်များ ဖြစ်စေနိုင်ပါသည်။ ဤကိရိယာအား လူနေရပ်တစ်ခုတွင် အသုံးပြုခဲ့ပါက အန္တရာယ်ပေးနိုင်သည့် အနှောင့်အယှက်များ ဖြစ်နိုင်ပြီး ထိုသို့ဖြစ်ခဲ့ပါက အနှောက်အယှက်များကြောင့် လွဲချော်မှုများကို ကိရိယာ အသုံးပြုသူမှ အကုန်အကျခံ၍ ပြန်လည်ပြင်ဆင် ပေးရမည် ဖြစ်သည်။ FCC ၏ ကန့်သတ်ချက်များ ဤကိရိယာသည် FCC စည်းမျဉ်းများ၏ အပိုင်း ၁၅ နှင့် ကိုက်ညီပါသည်။ အသုံးပြုရာတွင် ဖော်ပြပါ ကန့်သတ်ချက်နှစ်ခုနှင့်အညီ လုပ်ဆောင်ရမည် ဖြစ်သည် -မြန်မာ

1. ဤကိရိယာသည် အန္တရာယ်ပေးနိုင်သည့် အနှောင့်အယှက်များ မဖြစ်စေ

2. ဤကိရိယာသည် လုပ်ငန်းလည်ပတ်မှု အဆင်မပြေဖြစ်စေသည့် အနှောင့်

အယှက်များ အပါအဝင် လက်ခံရရှိသော မည်သည့်အနှောင့်အယှက်ကိုမဆို လက်ခံရမည် ဖြစ်သည်။ EU စည်းကမ်းချက် ကိုက်ညီမှုဆိုင်ရာ ကြေငြာချက် ဤထုတ်ကုန်ပစ္စည်းနှင့် (အကျုံးဝင်ပါက) အတူပါရှိသော အပိုပစ္စည်းများကို "CE" အမှတ်အသားဖြင့် မှတ်သားထားပြီး

EMC အမိန့်စာ 2014/30/EU၊ LVD အမိန့်စာ 2014/35/EU၊

RoHS အမိန့်စာ 2011/65/EU တို့တွင် ဖော်ပြထားသည့် သက်ဆိုင်သော ချိန်ညှိပြီး ဥရောပစံနှုန်းများနှင့် ကိုက်ညီပါသည်။

2012/19/EU (WEEE ညွှန်ကြားချက်)- ဤသင်္ကေတ

ကပ်ထားသည့် ထုတ်ကုန်များကို ဥရောပသမဂ္ဂအတွင်း ရောနှော စည်ပင်အမှိုက်အနေဖြင့် စွန့်ပစ်နိုင်ခြင်း မရှိပါ။ သေချာစွာ ရီဆိုင်ကယ်လုပ်ရန်အတွက် ဤထုတ်ကုန်ပစ္စည်းကို အလားတူ ပစ္စည်းအသစ် တစ်ခု ဝယ်ယူချိန်တွင် သင့်နယ်ခံ ပစ္စည်းရောင်းချသူထံ ပြန်ပေးပါ သို့မဟုတ် သတ်မှတ်ထားသည့် ပစ္စည်းစုဆောင်းသော နေရာများ၌ စွန့်ပစ်ပါ။ ထပ်မံ သိလိုသည်များ ရှိပါက-www.recyclethis.info 2006/66/EC (ဘက်ထရီဆိုင်ရာ ညွှန်ကြားချက်)- ဤထုတ်ကုန် ပစ္စည်းတွင် ဥရောပသမဂ္ဂအတွင်း ရောနှောစည်ပင်အမှိုက် အနေဖြင့် စွန့်ပစ်နိုင်ခြင်း မရှိသည့် ဘက်ထရီတစ်လုံး ပါဝင်နေ ပါသည်။ ဘက်ထရီအတွက် သီးသန့်အချက်အလက်များကို ထုတ်ကုန်ပစ္စည်းပါ စာရွက်စာတမ်းများ၌ ကြည့်ပါ။ ဤဘက်ထရီကို ကတ်ဒမီယမ် (Cd)၊ ခဲ (Pb) သို့မဟုတ် ပြဒါး (Hg) ဟု ညွှန်ပြမည့် စွန့်ပစ်ခြင်း ပါဝင်နိုင်ကြောင်း ဤသင်္ကေတဖြင့် မှတ်သားထားပါသည်။ သေချာစွာ ရီဆိုင်ကယ်လုပ်ရန်အတွက် ဤဘက်ထရီကို သင့်နယ်ခံ ပစ္စည်းရောင်းချသူထံမြန်မာ

ပြန်ပေးပါ သို့မဟုတ် သတ်မှတ်ထားသည့် စုဆောင်းသော နေရာ၌ စွန့်ပစ်ပါ။ ထပ်မံသိလိုသည်များ ရှိပါက-www.recyclethis.info Industry Canada ICES-003 ကိုက်ညီမှု

ဤကိရိယာသည် CAN ICES-3 (A)/NMB-3(A) စံနှုန်းလိုအပ်ချက်များနှင့်

ကိုက်ညီပါသည်။ ဘေးကင်းလုံခြုံရေး ညွှန်ကြားချက်များ ဤထုတ်ကုန်ပစ္စည်းအား အသုံးပြုရာတွင် နယ်မြေတွင်း ဥပဒေများအပြင် စည်းကမ်းချက်များနှင့် အတိအကျ ကိုက်ညီရမည်။ တားမြစ်ထားသည့် နေရာများ၌ ဤကိရိယာကို ပိတ်ထားပါ။ ဤထုတ်ကုန်ပစ္စည်းအား အသုံးပြုရာတွင် နယ်မြေတွင်း လျှပ်စစ်ပစ္စည်းဆိုင်ရာ ဘေးကင်းလုံခြုံရေး စည်းကမ်းချက်များနှင့် အတိအကျ ကိုက်ညီရမည်။ အရည်အချင်း ပြည့်မီသည့် ပစ္စည်းထုတ်လုပ်သူမှ ထောက်ပံ့ပေးထားသော အားသွင်းကြိုးကို အသုံးပြုပါ။ အသေးစိတ် ပါဝါလိုအပ်ချက်များနှင့် ပတ်သက်ပြီး ထုတ်ကုန်ပစ္စည်းဆိုင်ရာ အသေးစိတ်အချက်များတွင် ကြည့်ပါ။ အဒပ်ပတာ ဝန်ပိုဆွဲရလျှင် အပူလွန်ကဲခြင်း သို့မဟုတ် မီးလောင်ခြင်းများ ဖြစ်နိုင်သည့်အတွက် ကိရိယာ တစ်ခုစီအတွက် အားသွင်းကြိုးတစ်ခုစီ သီးခြား ခွဲသုံးသင့်ပါသည်။ ကိရိယာကို လက်စွဲစာစောင်တွင် ဖော်ပြထားသည့်အတိုင်း ခွင့်ပြုပေး ထားသည့် နည်းလမ်းအလိုက် ဝါယာချိတ်သွယ်ခြင်း၊ တပ်ဆင်ခြင်း သို့မဟုတ် ဖြုတ်ခြင်းများ မလုပ်မီတွင် ပါဝါဖြုတ်ထားပါ။ လျှပ်စစ်ရှော့ခ် မဖြစ်စေရန်အတွက် ကိရိယာအား ပါဝါချိတ်ပြီးနောက်တွင် ပေါ်နေသည့် ငုတ်များနှင့် အစိတ်အပိုင်းများကို တိုက်ရိုက်ထိကိုင်ခြင်း မလုပ်ပါနှင့်။မြန်မာ

လျှပ်စစ်ရှော့ခ်ဖြစ်ခြင်း၊ မီးဘေးအန္တရာယ်နှင့် ပေါက်ကွဲမှုများမှ ရှောင်ရှားနိုင်ရန် အတွက် ပျက်စီးနေသော ပါဝါထောက်ပံ့ ကိရိယာများ (ဥပမာ ကေဘယ်ကြိုး၊ အားသွင်းကြိုးစသည်တို့ ပျက်စီးနေသည့်) ကို လုံးဝအသုံးမပြုပါနှင့်။ ကိရိယာကို ပိတ်ရန်အတွက် ပါဝါတိုက်ရိုက် လုံးဝမဖြုတ်ပါနှင့်။ ဒေတာဆုံရှုံးမှု မဖြစ်စေရန်အတွက် ကိရိယာကို ပုံမှန်ပိတ်ပြီးမှသာ ပါဝါကြိုးကို ဖြုတ်ပေးပါ။ အဆင်ပြေပြေ ပါဝါအဖြုတ်အတပ် လုပ်နိုင်ရန်အတွက် ပါဝါထောက်ပံ့ ကိရိယာကို ကွယ်မနေစေပါနှင့်။ အားသွင်းကြိုးသည် ရပ်သွားခြင်း ဖြစ်နေလျှင် ပါဝါထောက်ပံ့မှုမှ ဖြုတ်ထားပါ။ ကိရိယာကို သေချာ မြေချထားပါ။ အပူစုဆောင်းမှုမှ ရှောင်ရှားနိုင်ရန်အတွက် အသုံးပြုသည့် ပတ်ဝန်းကျင် သင့်လျော်ကောင်းမွန်စေရန် လေဝင်လေထွက်ကောင်းရန် လိုအပ်ပါသည်။ ကိရိယာကို ခြောက်သွေ့သည့်၊ လေဝင်လေထွက်ကောင်းသည့်၊ တိုက်စား ဓာတ်ငွေ့လွတ်ကင်းသည့်၊ နေရောင်တိုက်ရိုက်မထိသည့်၊ အပူရင်းမြစ် မရှိသည့် ပတ်ဝန်းကျင်တစ်ခုတွင် သိုလှောင်သိမ်းဆည်းပါ။ ဤကိရိယာကို အသုံးပြုရာတွင် မီး၊ ရေနှင့် ပေါက်ကွဲပစ္စည်းများနှင့် နီးသည့် ပတ်ဝန်းကျင်များကို ရှောင်ကျဉ်ပါ။ မိုးကြိုးပစ်ခြင်းမှ ရှောင်ရှားနိုင်စေသည့် နည်းလမ်းဖြင့် ကိရိယာကို တပ်ဆင်ပါ။ လိုအပ်ပါက မိုးကြိုးလွှဲ တပ်ဆင်ပါ။ ကိရိယာကို သံလိုက်လမ်းကြောင်း အနှောင့်အယှက်များမှ လွတ်ကင်းရာတွင်

တုန်ခါနေမည့် မျက်နှာပြင်များ သို့မဟုတ် နေရာများတွင် ကိရိယာ တပ်ဆင်ခြင်းမှ ရှောင်ကျဉ်ပါ။ ၎င်းအချက်ကို မလိုက်နာခဲ့ပါက ကိရိယာ ပျက်စီးနိုင်ပါသည်။ အပူမလောင်စေရန်အတွက် အပူဖယ်ထုတ်သည့် အစိတ်အပိုင်းကို မကိုင်ပါနှင့်။မြန်မာ

ကိရိယာကို အလွန်ပူသော၊ အေးသော သို့မဟုတ် စိုထိုင်းသော ပတ်ဝန်းကျင် တို့တွင် မထားပါနှင့်။ အပူချိန်နှင့် စိုထိုင်းဆ လိုအပ်ချက်များအတွက် ကိရိယာဆိုင်ရာ အသေးစိတ်အချက်များတွင် ရှုပါ။ ကိရိယာမှ မီးခိုးငွေ့၊ ညှော်နံ့စသည့် အနံ့၊ ဆူညံသံများ ထွက်လာလျှင် ပါဝါချက်ချင်းပိတ်၊ ပါဝါကေဘယ် ဖြုတ်ပြီး ပြုပြင်ရေးစင်တာသို့ ဆက်သွယ်ပါ။ ကိရိယာ ကောင်းကောင်းအလုပ်မလုပ်ပါက သင်ဝယ်ယူခဲ့သော စတိုးဆိုင်ကို ဖြစ်စေ၊ အနီးစပ်ဆုံး ဝန်ဆောင်မှု စင်တာသို့ဖြစ်စေ ဆက်သွယ်ပါ။ ကိရိယာကို ခွင့်ပြုမထားသည့် နည်းများဖြင့် ဖြုတ်ခြင်း သို့မဟုတ် ပြင်ဆင် ပြောင်းလဲခြင်းများ မလုပ်ပါနှင့် (ခွင့်ပြုချက်မရဘဲ ပြင်ဆင်ပြောင်းလဲခြင်း သို့မဟုတ် ထိန်းသိမ်းပြင်ဆင်ခြင်းကြောင့် ပြဿနာများ ဖြစ်ခဲ့ပါက မိမိတို့ကုမ္ပဏီမှ တာဝန်ယူမည် မဟုတ်ပါ။) ပါကင်ကို ဖြေပြီးပါက နောင်တွင် အသုံးပြုရန်အတွက် ပါကင်ပစ္စည်းအားလုံးကို သိမ်းထားပါ။ မှားယွင်းမှု တစ်စုံတစ်ရာဖြစ်ပွားပါက ကိရိယာကို မူလပါကင် အတိုင်း ပြန်ထုပ်ပိုး၍ စက်ရုံသို့ ပြန်ပို့ရန် လိုအပ်ပါသည်။ မူရင်းထုတ်ပိုးမှုအတိုင်း မဟုတ်ဘဲ သယ်ယူပို့ဆောင်ခဲ့ပါက ကိရိယာ ပျက်စီးနိုင်သဖြင့် ကုမ္ပဏီမှ မည်သို့မျှ တာဝန်ယူမည် မဟုတ်ပါ။ ကိရိယာအား အင်တာနက်သို့ ချိတ်ဆက်ထားလျှင် ကွန်ရက်လုံခြုံမှုဆိုင်ရာ ပြဿနာများ ဖြစ်နိုင်သည့်အတွက် ကိုယ်ရေးအချက်အလက် ကာကွယ်ရေးနှင့် အချက်အလက် လုံခြုံရေးတို့ကို လုပ်ဆောင်ပါ။ ကွန်ရက် လုံခြုံမှုဆိုင်ရာ အန္တရာယ်ဖြစ်ပါက ကျွန်ုပ်တို့ထံ ဆက်သွယ်ပါ။ သင့်အနေဖြင့် ဤကိရိယာနှင့် ပတ်သက်သည့် စကားဝှက်များနှင့် အခြား လုံခြုံရေး ဆက်တင်များကို ထိန်းသိမ်းသတ်မှတ်ရမည်ဖြစ်ပြီး အသုံးပြုသူ အမည်နှင့် စကားဝှက်တို့ကို မှတ်သားထားရန် တာဝန်ရှိသည်ကို နားလည်ရန်လိုပါသည်။ ဖောမက်လုပ်နေစဉ်၊ အပ်လုဒ် လုပ်နေစဉ်နှင့် ဒေါင်းလုဒ်လုပ်နေစဉ်တွင် ပါဝါမဖြုတ်ပါနှင့်။ သို့မဟုတ် ဖိုင်များ ပျက်စီးနိုင်ပါသည်။မြန်မာ

(ယူနစ်၊ မီလီမီတာ) တပ်ဆင်ခြင်း ဒီနေရာတွင် နမူနာအဖြစ် ကိရိယာအမျိုးအစား တစ်ခုကို တပ်ဆင်ပြသမှုအဖြစ် ယူထားသည်။မြန်မာ

1. အပတ်ကို ဒေါင်လိုက်တိုင်များတွင် တပ်ဆင်ပါ။

2. အပတ်ဖြင့် ကိရိယာကို ဝက်အူများဖြင့် တပ်ပါ။

3. ကိရိယာကို အင်တာဖေ့စ်များနှင့် ဆက်သွယ်ပါ။ (1: ပါဝါ၊ 2: RS-485,

3: RJ45, 4: အသံ)။ ပုံမှန် အသုံးပြုမှု

ရိုက်ယူမှုကို ဖြစ်စေသည့် ရေဒါ

အဝင် နှင့် အထွက် စီမံခန့်ခွဲမှု ဆော့ဖ်ဝဲ

လမ်းညွှန်လက်ထောက်
Powered by Anthropic
သင့်မက်ဆေ့ကို စောင့်နေသည်
ထုတ်ကုန်အချက်အလက်

အမှတ်တံဆိပ် : Hikvision

မော်ဒယ် : DS-TVL121-9-6D

အမျိုးအစား : အမျိုးအစားမသတ်မှတ်ထားသော