TandemVu DS-2SE7C432MWG-EB - ကြည့်ရှုရေးကင်မရာ Hikvision - အခမဲ့ အသုံးပြုသူလမ်းညွှန်

စက်ပစ္စည်းလမ်းညွှန်ကို အခမဲ့ ရှာဖွေပါ TandemVu DS-2SE7C432MWG-EB Hikvision PDF ဖော်မတ်ဖြင့်.

📄 56 စာမျက်နှာ မြန်မာ MY ဒေါင်းလုဒ်လုပ်ပါ 💬 AI မေးခွန်း
Notice Hikvision TandemVu DS-2SE7C432MWG-EB - page 46
လမ်းညွှန်ကို ကြည့်ပါ : Français FR Deutsch DE မြန်မာ MY Українська UK

အသုံးပြုသူများ၏မေးခွန်းများ TandemVu DS-2SE7C432MWG-EB Hikvision

0 မေးခွန်း ဤပစ္စည်းနှင့်ပတ်သက်ပြီး။ သင်သိသောအရာများကို ဖြေပါ သို့မဟုတ် သင့်ကိုယ်ပိုင်မေးပါ။

ဤပစ္စည်းနှင့်ပတ်သက်ပြီး မေးခွန်းအသစ်တစ်ခုမေးပါ

L'email reste privé : il sert seulement à vous prévenir si quelqu'un répond à votre question.

မေးခွန်းမရှိသေးပါ။ ပထမဆုံးမေးသူဖြစ်လိုက်ပါ။

သင်၏ device အတွက် ညွှန်ကြားချက်များကို ဒေါင်းလုဒ်လုပ်ပါ ကြည့်ရှုရေးကင်မရာ PDF ဖော်မတ်ဖြင့် အခမဲ့! သင်၏လမ်းညွှန်ကို ရှာဖွေပါ TandemVu DS-2SE7C432MWG-EB - Hikvision သင်၏ အီလက်ထရောနစ် စက်ပစ္စည်းကို ပြန်လည်ထိန်းချုပ်ပါ။ ဤစာမျက်နှာတွင် သင်၏ စက်ပစ္စည်းအသုံးပြုမှုအတွက် လိုအပ်သည့် စာရွက်စာတမ်းများအားလုံး ပြုနှိပ်ထားသည်။ TandemVu DS-2SE7C432MWG-EB အမှတ်တံဆိပ် Hikvision.

အသုံးပြုသူလမ်းညွှန် TandemVu DS-2SE7C432MWG-EB Hikvision

ကုန်ပစ္စည်းကို အသုံးမပြုမီ ဤလက်စွဲကို ဖတ်ပါ။43 ပစ္စည်း ပုံသဏ္ဌာန်သည် ကိုးကားရန်အတွက်သာဖြစ်ပြီး ကုန်ပစ္စည်းအစစ်နှင့် ကွဲပြားမှု ရှိနိုင်ပါသည်။ သင်္ကေတနှင့် အမှတ်အသားများ (စာမျက်နှာ 1 – A)

6. အဆင့် A သို့ ပြောင်းပြီး ဆက်လုပ်ပါ။

7. မလိုအပ်ပဲ ထည့်သွင်းထားသော အပိုပစ္စည်း။

/ပြောင်းလဲနိုင်သော အပိုပစ္စည်း ပမာဏ။ /မလိုအပ်ပါက ဤအဆင့်ကို ကျော်လိုက်ပါ။

11. သီးခြား ၀ယ်ယူသည်

12. ဖြစ်နိုင်သော ရွေးချယ်စရာများ

အသွင်အပြင် (စာမျက်နှာ 2- B) ဆက်စပ်ပစ္စည်းနှင့် အင်တာဖေ့စ် (စာမျက်နှာ 4- C) ① မူရင်းဆက်တင်သို့ ပြန်သွားသော ခလုတ်- ကင်မရာ ပါဝါ ဖွင့်ထားသည့်အချိန်တွင် မူရင်းဆက်တင် ခလုတ်ကို ၁၀ စက္ကန့်ခန့် နှိပ်ထားပါ သို့မဟုတ် သုံးစွဲသူ အမည်၊ စကားဝှက်၊ IP လိပ်စာ၊ လိုင်း နံပတ်၊ အစရှိသည်တို့ အပါအဝင် မူရင်းဆက်တင်များကို ပြန်ရယူပါ။ ② မင်မိုရီ ကဒ် အပေါက် ③ ကွန်ရက် အင်တာဖေ့စ် ④ ပါဝါ အင်တာဖေ့စ် ⑤ အသံ အင်တာဖေ့စ် ⑥ RS-485 နှင့် ပါဝါအင်တာဖေ့စ် ⑦ သတိပေးချက် အင်တာဖေ့စ် ⑧ GND ကင်မရာ တပ်ဆင်ခြင်း (စာမျက်နှာ 7 – D) သတိပေးချက် အထွက် (စာမျက်နှာ 14 – E) ① ထပ်ဆင့် ထုတ်လွှင့်မှု ② DC လျှပ်စစ်ဓါတ်အား ③ ပါဝါ အ၀င် ④ JQC-3FG ထပ်ဆင့် ပြင်ပတွင် တပ်ဆင်ရန် ကာကွယ်ရေး အစီအမံများ (စာမျက်နှာ 14 – F1) ကွန်ရက်ကင်မရာကို ဖွင့်ပြီး အသုံးပြုပါ (စာမျက်နှာ 14 – F2) ©2023 Hangzhou Hikvision Digital Technology Co., Ltd. မူပိုင်ခွင့်ရယူထားသည်။ ဤလမ်းညွှန်အကြောင်း ဤလမ်းညွှန်တွင် ထုတ်ကုန်ပစ္စည်းအား အသုံးပြုခြင်းနှင့် စီမံခြင်းဆိုင်ရာ ညွှန်ကြားချက်များ ပါရှိသည်။ ဤလမ်းညွှန်ပါ ရုပ်ပုံများ၊ ပုံပြကားချပ်များ၊ ဓာတ်ပုံများနှင့် အခြားသတင်းအချက်အလက် အားလုံးသည် ဖော်ပြရန်၊ ရှင်းပြရန်အတွက်သာ ထည့်သွင်းထားခြင်း ဖြစ်ပါသည်။ ဤလမ်းညွှန်ပါ သတင်းအချက်အလက်များကို ဖမ်းဝဲ အပ်ဒိပ်လုပ်ခြင်းကြောင့်ဖြစ်စေ၊ အခြားအကြောင်းရင်းများကြောင့်ဖြစ်စေ ကြိုတင်အသိပေးခြင်း မရှိဘဲ ပြောင်းလဲနိုင်သည်။ ဤလမ်းညွှန်၏ နောက်ဆုံးရဗားရှင်းကို (https://www.hikvision.com/) Hikvision အင်တာနက်စာမျက်နှာတွင် ရနိုင်ပါသည်။ ယခုထုတ်ကုန်ပစ္စည်းအားကူညီထောက်မရာတွင် လေ့ကျင့်မှုရရှိထားသော ကျွမ်းကျင်သူများ၏ လမ်းညွှန်မှုနှင့် အထောက်အပံ့တို့နှင့်အညီ ဤလမ်းညွှန်ကို အသုံးပြုပါ။ ကုန်ပစ္စည်း အမှတ်တံဆိပ်များ နှင့် အခြား Hikvision ၏ ကုန်ပစ္စည်း အမှတ်တံဆိပ်များနှင့် လိုဂိုများသည် အမျိုးမျိုးသော တရားစီရင်ပိုင်ခွင့်များတွင် Hikvision ၏ ပိုင်ဆိုင်မှုများ ဖြစ်သည်။ ဖော်ပြထားသည့် အခြား ကုန်ပစ္စည်း အမှတ်တံဆိပ်များနှင့် လိုဂိုများသည် ၎င်းတို့၏ သက်ဆိုင်ရာ ပိုင်ရှင်များ၏ ပိုင်ဆိုင်မှုများ ဖြစ်ကြပါသည်။ ငြင်းဆိုချက် အကျုံးဝင်သည့် သက်ဆိုင်သောဥပဒေက ခွင့်ပြုထားသည့် အမြင့်ဆုံး အတိုင်းအတာဖြင့် ဤလက်စွဲစာအုပ်နှင့် ဖော်ပြထားသော ထုတ်ကုန်ကို ၎င်း၏ စက်ပစ္စည်းများ၊ ဆော့ဖ်ဝဲနှင့် ဖမ်းဝဲများနှင့်အတူ “ယင်းအတိုင်း” နှင့် “အမှားအယွင်းများအားလုံးနှင့်အတူ” ဖော်ပြထားသည်။ HIKVISION သည် ကန့်သတ်မှု၊ ကုန်သွယ်နိုင်စွမ်း၊ ကျေနပ်လောက်ဖွယ် အရည်အသွေး၊ သို့မဟုတ် သီးခြားရည်ရွယ်ချက် တစ်စုံတစ်ခုအတွက် ကြံ့ခိုင်မှုများ မရှိခြင်း အပါအဝင် မည်သည့် အာမခံချက်များကို အတိအလင်း ဖြစ်စေ သွယ်ဝိုက်၍ ဖြစ်စေ ပေးထားခြင်း မရှိပါ။ ကုန်ပစ္စည်းအား အသုံးပြုပါက သင့်ဘာသာသင် တာဝန်ယူ ရမည်။ မည်သည့်အခြေအနေတွင်မဆို စာချုပ်ချိုးဖောက်မှုကြောင့်ဖြစ်စေ၊ အကျိုးပျက်စီး၍ဖြစ်စေ (ပေါ့လျော့မှု အပါအဝင်)၊ ထုတ်ကုန်ပစ္စည်း ပြဿနာ ကြောင့်ဖြစ်စေ၊ သို့မဟုတ်ပါက ဤထုတ်ကုန်ပစ္စည်းအား အသုံးပြုမှုကြောင့် ဖြစ်စေ စီးပွားရေးလုပ်ငန်း အကျိုးအမြတ် ဆုံးရှုံးမှု သို့မဟုတ် အချက်အလက် ဆုံးရှုံးမှု၊ စနစ်များ ယိုယွင်းပျက်စီးမှု သို့မဟုတ် စာရွက်စာတမ်း ပျက်စီး ပျောက်ဆုံးမှုကြောင့် ထိခိုက်မှုများ အပါအဝင် အထူးတလည်၊ အကျိုးဆက်စပ်၍၊ မတော်တဆ သို့မဟုတ် တိုက်ရိုက် ထိခိုက်မှုများအတွက် ထိုထိခိုက်မှု သို့မဟုတ် ဆုံးရှုံးမှုများအကြောင်း HIKVISION အား အကြံပြု အသိပေးပြီး ဖြစ်စေကာမူ HIKVISION မှ တာဝန်ယူမည်

အင်တာနက် သဘောသဘာဝအရ တည်ရှိဆဲ လုံခြုံရေး ဘေးအန္တရာယ်များ ပေးနိုင်သည်ကို သင် အသိအမှတ်ပြုပြီး ပုံမှန်မဟုတ်သော လုပ်ငန်းလည်ပတ်မှု၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက် ပေါက်ကြားမှု သို့မဟုတ် ဆိုင်ဘာ44 တိုက်ခိုက်မှုများ၊ ဟက်ကာ တိုက်ခိုက်မှုများ၊ ဗိုင်းရပ်စ် ကူးစက်မှု သို့မဟုတ် အခြား အင်တာနက် လုံခြုံရေး အန္တရာယ်များ၏ ရလဒ်အဖြစ် ဖြစ်ပေါ်လာသော အခြားပျက်စီးမှုများ၊ အပေါ် HIKVISION သည် တာဝန်ယူလိမ့်မည်မဟုတ်ပါ။ သို့ရာတွင် HIKVISION သည် လိုအပ်ပါက နည်းပညာပံ့ပိုးမှုကို အချိန်နှင့် တစ်ပြေးညီပေးသွားမည်။ သင်သည် အကျုံးဝင်သော ဥပဒေများနှင့် အညီ ဤကုန်ပစ္စည်းကို အသုံးပြုရန် သဘောတူညီပြီး သင်၏ အသုံးပြုမှုသည် အကျုံးဝင်သော ဥပဒေနှင့် ကိုက်ညီစေရန် သင်က လုံးဝ တာဝန်ခံရမည် ဖြစ်သည်။ အထူးသဖြင့် သင်သည် ဤကုန်ပစ္စည်းကို အသုံးပြုရာတွင် အများပြည်သူ၏ အခွင့်အရေးများ၊ အသိပညာ ပိုင်ဆိုင်မှု အခွင့်အရေးများ သို့မဟုတ် အချက်အလက် ကာကွယ်ရေး နှင့် အခြား ပုဂ္ဂိုလ်ရေး ဆိုင်ရာ အချက်အလက် လုံခြုံမှု အခွင့်အရေးများ အပါအဝင် ဖြစ်သော်လည်း ယင်းတို့သာ အကန့်အသတ်မဟုတ်ဘဲ အပြင်အပ လူပုဂ္ဂိုလ် များ၏ အခွင့်အရေးများကို ချိုးဖောက်သော ပုံစံဖြင့် အသုံးပြုခြင်း မပြုရန် သင့်တွင် တာဝန်ရှိသည်။ လူအစုအပြုံလိုက် သေကြေပျက်စီးစေနိုင်သော လက်နက်များ တီထွင် ဖန်တီးခြင်း သို့မဟုတ် ထုတ်လုပ်ခြင်း၊ ဓာတု သို့မဟုတ် ဇီဝ လက်နက်များ တီထွင်ဖန်တီးခြင်း သို့မဟုတ် ထုတ်လုပ်ခြင်း၊ မည်သည့် ပေါက်ကွဲစေတတ်သော နျူးကလီးယား လက်နက် သို့မဟုတ် ဘေးကင်းလုံခြုံမှု မရှိသော နျူကလီးယား လောင်စာ သံသရာတို့နှင့် သက်ဆိုင်သော အခြေအနေတွင် သို့မဟုတ် လူ့အခွင့်အရေး ချိုးဖောက်မှုကို ပံ့ပိုးသော လုပ်ဆောင်မှု တစ်စုံတရာ တို့ အပါအဝင် မည်သည့် အဆုံးသတ် အသုံးပြုမှု အတွက်ကိုမဆို သင်သည် ဤကုန်ပစ္စည်းကို အသုံးပြုခြင်း

ဤလမ်းညွှန်နှင့် သက်ဆိုင်ရာ ဥပဒေတို့အကြား ကွဲလွဲမှုများ ရှိခဲ့ပါက ဥပဒေပါ ပြဌာန်းချက်ကိုသာ အတည်ယူရမည်။ စည်းကမ်းချက်ဆိုင်ရာ အချက်အလက်များ ဤအပိုဒ်များသည် သက်ဆိုင်ရာ အမှတ်အသား သို့မဟုတ် အချက်အလက်များ ပါရှိသော ထုတ်ကုန်များနှင့်သာ သက်ဆိုင်ပါသည်။ EU စည်းကမ်းချက် ကိုက်ညီမှုဆိုင်ရာ ကြေငြာချက်

ဤထုတ်ကုန်ပစ္စည်းနှင့် (အကျုံးဝင်ပါက) အတူပါရှိသော အပိုပစ္စည်းများကို "CE" အမှတ်အသားဖြင့်

မှတ်သားထားပြီး EMC အမိန့်စာ 2014/30/EU ၊ LVD အမိန့်စာ

2014/35/EU ၊ RoHS အမိန့်စာ 2011/65/EU တို့တွင် ဖော်ပြထားသည့် သက်ဆိုင်သော ချိန်ညှိပြီး ဥရောပစံနှုန်းများနှင့် ကိုက်ညီပါသည်။

2012/19/EU (WEEE ညွှန်ကြားချက်)- ဤသင်္ကေတ

ကပ်ထားသည့် ထုတ်ကုန်များကို ဥရောပသမဂ္ဂအတွင်း ရောနှောစည်ပင်အမှိုက်အနေဖြင့် စွန့်ပစ်နိုင်ခြင်း မရှိပါ။ သေချာစွာ ရီဆိုင်ကယ်လုပ်ရန်အတွက် ဤထုတ်ကုန်ပစ္စည်းကို အလားတူ ပစ္စည်းအသစ်တစ်ခု ဝယ်ယူချိန်တွင် သင့်နယ်ခံ ပစ္စည်းရောင်းချသူထံ ပြန်ပေးပါ သို့မဟုတ် သတ်မှတ်ထားသည့် ပစ္စည်းစုဆောင်းသော နေရာများ၌ စွန့်ပစ်ပါ။ နောက်ထပ် အချက်အလက်များအတွက် ကြည့်ရှုရန်- www.recyclethis.info 2006/66/EC နှင့် ၎င်း၏ ပြင်ဆင်ချက် 2013/56/EC (ဘက်ထရီ လမ်းညွှန်ချက်)- ဤထုတ်ကုန်ပစ္စည်းတွင် ဥရောပသမဂ္ဂအတွင်း ရောနှော စည်ပင်အမှိုက်အနေဖြင့် စွန့်ပစ်နိုင်ခြင်း မရှိသည့် ဘက်ထရီ တစ်လုံး ပါဝင်နေပါသည်။ ဘက်ထရီအတွက် သီးသန့်အချက် အလက်များကို ထုတ်ကုန်ပစ္စည်းပါ စာရွက်စာတမ်းများ၌ ကြည့်ပါ။ ဤဘက်ထရီကို ကတ်ဒမီယမ် (Cd)၊ ခဲ (Pb) သို့မဟုတ် ပြဒါး (Hg) ဟု ညွှန်ပြမည့် စွန့်ပစ်ခြင်းပါဝင်နိုင်ကြောင်း ဤသင်္ကေတဖြင့် မှတ်သားထားပါသည်။ သေချာစွာ ရီဆိုင်ကယ်လုပ်ရန်အတွက် ဤဘက်ထရီကို သင့်နယ်ခံ ပစ္စည်း ရောင်းချသူထံ ပြန်ပေးပါ သို့မဟုတ် သတ်မှတ်ထားသည့် စုဆောင်းသော နေရာ၌ စွန့်ပစ်ပါ။ ပိုမိုသိရှိလိုပါက www.recyclethis.info တွင်ကြည့်ပါ။.

ဒါသည် class A ထုတ်ကုန်ဖြစ်ပါသည်။ အိမ်တွင်း ပတ်ဝန်းကျင်တွင် ဤပစ္စည်းသည် ရေဒီယိုလှိုင်း နှောင့်ယှက်မှုဖြစ်နိုင်သည့်အတွက် သုံးစွဲသူသည် လုံလောက်သော တိုင်းတာမှုများလုပ်ဆောင်ရန် လိုအပ်ပါသည်။ ဘေးကင်းလုံခြုံရေး ညွှန်ကြားချက်များ သတိပေးချက်များ ဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများ ကိရိယာကို ဒေသဆိုင်ရာ ဥပဒေများ၊ လျှပ်စစ်ပစ္စည်း ဘေးကင်းလုံခြုံမှု စည်းမျဉ်းစည်းကမ်းများ နှင့် မီးဘေး ကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများနှင့် အညီ သုံးစွဲရမည်။ လျှပ်စစ်အန္တရာယ် ဘေးကင်းရေး သတိပြုရန်- မီးလောင်ကျွမ်းမှု အန္တရာယ်ကို လျော့ချရန်အတွက် အမျိုးအစားနှင့် အဆင့်အတန်း တူညီသည့် ဖျူ့စ်ဖြင့်သာ လဲလှယ်ပေးရမည်။ ဤကိရိယာကို ပြန်စခြင်းအန္တရာယ်မှကင်းဝေးစေရန် UPS နှင့်အတူ တပ်ဆင်အသုံးပြုရမည်။ ဤကိရိယာကို မြေချကြိုးတပ်ဆင်ထားသည့် မိန်းပလပ်ပေါက်နှင့် ချိတ်ဆက်ထားရမည်။ အလွယ်တကူသုံးစွဲနိုင်ပြီး သင့်လျော်သော အဆင့်သတ်မှတ်မှုတွင် ချိတ်ဆက်မှုဖြတ်တောက်နိုင်သည့် ကိရိယာကို စက်ပစ္စည်းပြင်ပတွင် ထည့်သွင်းထားရမည်။ သင့်လျော်သော အဆင့်သတ်မှတ်မှုတွင် ဖြတ်တောက်နိုင်သည့် ဓာတ်အားလွန်ခြင်း ကာကွယ်သည့်စက်ကို အဆောက်အဦရှိ သတ်မှတ်ချက်ထက် မကျော်လွန်ရသော စက်ပစ္စည်းပြင်ပတွင် ထည့်သွင်းထားရမည်။ အဆောက်အဦး၏ လျှပ်စစ်ဆက်သွယ်မှု စနစ်အတွင်း၌ ငုတ်အားလုံးပါသော မိန်းခလုတ် တစ်ခုကို တပ်ဆင်ထားရမည်။

ဤကိရိယာကို ကလေးများရှိနိုင်သည့် နေရာမျိုးတွင် အသုံးပြုရန်45 မသင့်လျော်ပါ။ သတိပြုရန်- မှန်ကန်မှုမရှိသော ဘက်ထရီအမျိုးအစားဖြင့် လဲမိပါက ပေါက်ကွဲမှုဖြစ်နိုင်သည်။ ဘက်ထရီကို ပုံစံမမှန်ဘဲ မှားယွင်းသော အမျိုးအစားတစ်ခုဖြင့် အသစ်လဲခဲ့ပါက safeguard ပျက်စီးနိုင်သည် (ဥပမာအားဖြင့် အချို့သော လစ်သီယမ် ဘက်ထရီအမျိုးအစားများတွင်)။ ဘက်ထရီကို ပေါက်ကွဲမှု ဖြစ်ပေါ်စေနိုင်သည့် မီးအတွင်းသို့၊ သို့မဟုတ် မီးဖိုအတွင်းအတွင်၊ သို့မဟုတ် စက်ပစ္စည်းသုံး ထုခြေခြင်း၊ သို့မဟုတ် ဖြတ်တောက်ခြင်း ဖြင့် မစွန့်ပစ်ပါနှင့်။ ဘက်ထရီကို အလွန်အမင်း မြင့်မားသည့် အပူချိန်ရှိသည့် ပတ်ဝန်းကျင်တွင် မထားပါနှင့်၊ ပေါက်ကွဲမှု ဖြစ်နိုင်သည် သို့မဟုတ် မီးလောင်လွယ်သည့် အရည် သို့မဟုတ် ဓာတ်ငွေ့များ ထွက်လာနိုင်သည်။ ဤဘက်ထရီကို အလွန်နိမ့်သည့် လေဖိအားနှင့် ထိတွေ့ခြင်း မရှိစေရ၊ ပေါက်ကွဲမှု ဖြစ်နိုင်သည် သို့မဟုတ် မီးလောင်လွယ်သည့် အရည် သို့မဟုတ် ဓာတ်ငွေ့များ ထွက်လာနိုင်သည်။ အသုံးပြုပြီး ဘက်ထရီများကို လမ်းညွှန်ချက်များနှင့်အညီ စွန့်ပစ်ပါ။ သတိထားရန်အချက်များ လျှပ်စစ်အန္တရာယ် ဘေးကင်းရေး AC မိန်းဓာတ်အားသို့ ချိတ်ဆက်သည့် ငုတ်များ ချိတ်ဆက်ပုံ မှန်ကန်စေရန် လုပ်ဆောင်ပါ။ လိုအပ်ပါက IT ပါဝါဖြန့်ချိမှု စနစ်တစ်ခုနှင့် ချိတ်ဆက်နိုင်ရန်အတွက် ဤကိရိယာကို ဒီဇိုင်းထုတ်ထားခြင်း

မီးဘေး ကာကွယ်တားဆီးရေး မီးထွန်းထားသည့် ဖယောင်းတိုင်များ ကဲ့သို့သော အကာအကွယ်မရှိသည့် မီးအရင်းအမြစ်များကို ကိရိယာအပေါ်တွင် မထားရပါ။ ကိရိယာ၏ စီရီယယ် ဆက်သွယ်မှု သည် အမှားပြင်ရန်အတွက်သာ အသုံးပြုသည်။ ပူနေသော မျက်နှာပြင် သတိပြုရန်- ပူသော အစိတ်အပိုင်းများ ကိုင်တွယ်စဉ် လက်ချောင်းများ အပူလောင်စေနိုင်သည်။ ဤကပ်ခွာသည် ပူနိုင်သော ပစ္စည်းကို သတ်မှတ်ပြထားပြီး သတိမထားပဲ မကိုင်တွယ်ရပါ။ အစိတ်အပိုင်းများကို ကိုင်တွယ်ခြင်းမပြုမီ ခလုတ်ကို ပိတ်ပြီး နာရီဝက် စောင့်ပါ။ ဤစတစ်ကာပါသည့် ကိရိယာကို ဝင်ရောက်မှု ကန့်သတ်ထားသော နေရာတွင် ထားရှိရပါမည်။ ကန့်သတ်နေရာဟု သတ်မှတ်ထားရခြင်း အကြောင်းရင်းများအကြောင်း ညွှန်ကြားချက် ရထားသော နှင့် သတိထားရမည့် ကြိုတင်ကာကွယ်မှုများအကြောင်း ညွှန်ကြားခံထားရသည့် ဝန်ဆောင်မှုပေးသူများ သို့မဟုတ် အသုံးပြုသူများကသာ ထိုနေရာသို့ ဝင်ရောက်နိုင်ပါသည်။ တပ်ဆင်ခြင်း ဤကိရိယာကို ဤလမ်းညွှန်ပါ လမ်းညွှန်ချက်များနှင့်အညီ

ကိရိယာနှင့် အပိုပစ္စည်းများ တပ်ဆင်ရန် နေရာလုံလောက်မှု ရှိမရှိ

နံရံသည် ကင်မရာနှင့် ထောက်အလေးချိန်၏ ၈ ဆကို ကောင်းစွာခံနိုင်ရည်ရှိကြောင်း သေချာပါစေ ကိရိယာအား ဝါယာချိတ်ဆက်စဉ်၊ တပ်ဆင်စဉ် သို့မဟုတ် ပြန်ဖြုတ်နေစဉ်တွင် ပါဝါသေချာဖြုတ်ထားပါ။ သယ်ယူပို့ဆောင်ရေး ကိရိယာကို သယ်ယူပို့ဆောင်ရာတွင် မူလ သို့မဟုတ် အလားတူ ထုပ်ပိုးမှုအတိုင်း ထားပါ။ ထုတ်ကုန်ပစ္စည်းကို လွတ်မကျပါစေနှင့် သို့မဟုတ် တုန်ခါ၍ ဒဏ်ဖြစ်သွားခြင်း မဖြစ်စေပါ နှင့်။ ပါဝါ ပေးသွင်းမှု ပါဝါ ရင်းမြစ်သည် ကန့်သတ်ထားသော ပါဝါ အရင်းအမြစ်

သို့မဟုတ် IEC 60950-1 သို့မဟုတ် IEC 62368-1

စံချိန်စံညွှန်းနှင့် အညီ PS2 လိုအပ်ချက်များကို ပြည့်မှီရမည်။ စံချိန်စံညွှန်းမီ ပါဝါအဝင်အားအတွက် ကိရိယာအညွှန်းကို ဖတ်ရှုပါ။ သင်၏ ပါဝါအဝင်အားသည် သင့်ကိရိယာနှင့် ကိုက်ညီကြောင်း သေချာပါစေ။ အရည်အချင်းပြည့်မီသော ထုတ်လုပ်သူများက ပံ့ပိုးပေးသည့် ပါဝါအဒက်တာကို အသုံးပြုပါ။ ပါဝါအဒက်တာတွင် ဝန်ပို သုံးစွဲလျှင် အပူလွန်ကဲခြင်း သို့မဟုတ် မီးဘေးအန္တရာယ် ဖြစ်နိုင်သဖြင့် ကိရိယာတစ်ခုစီအတွက် ပါဝါအဒက်တာတစ်ခုစီသာ အသုံးပြုရန် အကြံပြုထားပါသည်။ စနစ် လုံခြုံရေး သင့်အနေဖြင့် ဤကိရိယာနှင့် ပတ်သက်သည့် စကားဝှက်များနှင့် အခြားလုံခြုံရေး ဆက်တင်များကို ထိန်းသိမ်းသတ်မှတ်ရမည်ဖြစ်ပြီး အသုံးပြုသူအမည်နှင့် စကားဝှက်တို့ကို မှတ်သားထားရန် တာဝန်ရှိသည်ကို နားလည်ရန်လိုပါသည်။ ပြုပြင်ထိန်းသိမ်းခြင် ကိရိယာ သေချာအလုပ်မလုပ်ပါက အရောင်းဆိုင် သို့မဟုတ် အနီးဆုံး ကြံ့ခိုင်မှုစစ်ဆေးရေး စင်တာသို့ ဆက်သွယ်ပါ။ ခွင့်ပြုချက်မရှိဘဲ ပြင်ဆင်ခြင်း သို့မဟုတ် ထိန်းသိမ်းပြင်ဆင်ခြင်းကြောင့် ဖြစ်ပွါးရသည့် မည်သည့်ပြဿနာအတွက်မဆို လုံးဝတာဝန်ယူမည် မဟုတ်ပါ။. အချို့သော ကိရိယာ အစိတ်အပိုင်းများ (ဥပမာ- အီလက်ထရိုလိုက်တစ် စွမ်းရည်ထိန်း ပစ္စည်း) သည် ပုံမှန် လဲလှယ်မှု လုပ်ရန် လိုအပ်သည်။ ပျမ်းမျှ သက်တမ်း ကွာခြားမှု ရှိသဖြင့် စစ်ဆေးရန် အကြံပြုသည်။ အသေးစိတ်အတွက် သင့်အား ပစ္စည်းရောင်းပေးသူအား ဆက်သွယ်ပါ။ သန့်ရှင်းခြင်း ကျေးဇူးပြု၍ အတွင်းနှင့် အပြင်မျက်နှာပြင်များကို နူးညံ့ခြောက်သွေ့သော အဝတ်ဖြင့်သာ သန့်ရှင်းရေးလုပ်ပါ။ အယ်ကာလိုင်း ဆပ်ပြာမှုန့်များ မသုံးပါနှင့်။ အသုံးပြုသည့် ပတ်ဝန်းကျင်46 လေဆာ ကိရိယာ တစ်စုံတစ်ခုကို အသုံးပြုနေပါက ကိရိယာ၏ မှန်ဘီလူးများ လေဆာရောင်ခြည် မထိမိစေရန် သတိပြုပါ သို့မဟုတ်ပါက လောင်ကျွမ်းသွားနိုင်သည်။ မှန်ဘီလူးများကို နေ သို့မဟုတ် တောက်ပသော အလင်းရောင်ရှိရာသို့ မချိန်ပါနှင့်။ အပူစုဆောင်းမှုမှ ရှောင်ရှားနိုင်ရန်အတွက် အသုံးပြုသည့် ပတ်ဝန်းကျင် သင့်လျော်ကောင်းမွန်စေရန် လေဝင်လေထွက်ကောင်းရန် လိုအပ်ပါသည်။ ကိရိယာကို ပူလွန်း၊ အေးလွန်းသော၊ ဖုန်ထူသော၊ လှိုက်စားနိုင်သော၊ ဆားပါသည့် အယ်ကာလီ သတ္တိလွန်ကဲသော သို့မဟုတ် စိုထိုင်းသော ပတ်ဝန်းကျင်များနှင့် မထိတွေ့မိပါစေနှင့်။ အပူချိန်နှင့် စိုထိုင်းဆ လိုအပ်ချက်များအတွက် ကိရိယာဆိုင်ရာ အသေးစိတ်အချက်များတွင် ရှုပါ။ စက်ကို လျှပ်စစ်သံလိုက်အားမြင့်သည့် ဓာတ်ရောင်ခြည်နှင့် မထိတွေ့မိပါစေနှင့်။

သက်ဆိုင်ရာမျက်နှာပြင်သည် ကင်မရာမှန်ဘီလူးနှင့် အလွန်မနီးကပ်ကြောင်း သေချာပါစေ။ ကင်မရာမှ IR အလင်းသည် အလင်းပြန်ခြင်းကြောင့် မှန်ဘီလူးထဲသို့ ရောင်ပြန်ဟပ်နိုင်သည်။ အဖြစ် အမျိုးအစားသတ်မှတ်ပါသည်။ ဤထုတ်ကုန်ပစ္စည်းမှ ထုတ်လွှတ်သော ရောင်ခြည်သည် အမြင်အာရုံအတွက် အန္တရာယ်ရှိနိုင်ပါသည်။ လုပ်ငန်းလုပ်ဆောင်နေသော မီးအရင်းအမြစ်ကို စိုက်မကြည့်ပါနှင့်။ မျက်စီများကို ထိခိုက်နိုင်သည်။ သင့်တော်သော အကာအကွယ် သို့မဟုတ် မျက်စိအကာအကွယ် မရှိလျှင် ကိရိယာကို တပ်ဆင်ခြင်း သို့မဟုတ် ထိန်းသိမ်းပြုပြင်ခြင်း ပြုလုပ်သည့်အခါ မီးသီးကို စိတ်ချရသော အကွာအဝေးတွင်သာ သို့မဟုတ် အလင်းနှင့် တိုက်ရိုက်မထိတွေ့သော နေရာတွင်သာ ဖွင့်ပါ။

ကိရိယာမှ မီးခိုးငွေ့၊ ညှော်နံ့စသည့် အနံ့၊ ဆူညံသံများ ထွက်လာလျှင် ပါဝါ ချက်ချင်းပိတ်၊ ပါဝါကေဘယ် ဖြုတ်ပြီး ပြုပြင်ရေးစင်တာသို့ ဆက်သွယ်ပါ။ အချိန် ညှိုခြင်း ဒေသစံတော်ချိန်သည် ကွန်ရက်နှင့် ချိန်ညှိုထားခြင်း မရှိပါက ပထမဆုံးအကြိမ်တွင် ကိရိယာ၏ အချိန်ကို ကိုယ်တိုင်ထည့်သွင်းပါ။ ကိရိယာကို ဝက်ဘ်ဆိုက်/ကလိုင်းရင့် ဆော့ဝဲမှတဆင့် ဝင်ရောက်ပြီး အချိန် သတ်မှတ်ချက် အင်တာဖေ့စ်ကို သွားပါ။ Türkçe Ürünü kullanmadan önce bu kılavuzu okuyun. Ürün görünümü sadece referans içindir ve gerçek ürün farklı olabilir. Semboller ve İşaretler (Sayfa 1 – A)

လမ်းညွှန်လက်ထောက်
Powered by Anthropic
သင့်မက်ဆေ့ကို စောင့်နေသည်
ထုတ်ကုန်အချက်အလက်

အမှတ်တံဆိပ် : Hikvision

မော်ဒယ် : TandemVu DS-2SE7C432MWG-EB

အမျိုးအစား : ကြည့်ရှုရေးကင်မရာ