Hikvision DVR108GM1 - ဗီဒီယိုမှတ်တမ်းစက်

DVR108GM1 - ဗီဒီယိုမှတ်တမ်းစက် Hikvision - အခမဲ့ အသုံးပြုသူလမ်းညွှန်

စက်ပစ္စည်းလမ်းညွှန်ကို အခမဲ့ ရှာဖွေပါ DVR108GM1 Hikvision PDF ဖော်မတ်ဖြင့်.

📄 50 စာမျက်နှာ မြန်မာ MY 💬 AI မေးခွန်း
Notice Hikvision DVR108GM1 - page 37
လမ်းညွှန်ကို ကြည့်ပါ : Français FR English EN Español ES မြန်မာ MY Polski PL Українська UK

အသုံးပြုသူများ၏မေးခွန်းများ DVR108GM1 Hikvision

0 မေးခွန်း ဤပစ္စည်းနှင့်ပတ်သက်ပြီး။ သင်သိသောအရာများကို ဖြေပါ သို့မဟုတ် သင့်ကိုယ်ပိုင်မေးပါ။

ဤပစ္စည်းနှင့်ပတ်သက်ပြီး မေးခွန်းအသစ်တစ်ခုမေးပါ

L'email reste privé : il sert seulement à vous prévenir si quelqu'un répond à votre question.

မေးခွန်းမရှိသေးပါ။ ပထမဆုံးမေးသူဖြစ်လိုက်ပါ။

သင်၏ device အတွက် ညွှန်ကြားချက်များကို ဒေါင်းလုဒ်လုပ်ပါ ဗီဒီယိုမှတ်တမ်းစက် PDF ဖော်မတ်ဖြင့် အခမဲ့! သင်၏လမ်းညွှန်ကို ရှာဖွေပါ DVR108GM1 - Hikvision သင်၏ အီလက်ထရောနစ် စက်ပစ္စည်းကို ပြန်လည်ထိန်းချုပ်ပါ။ ဤစာမျက်နှာတွင် သင်၏ စက်ပစ္စည်းအသုံးပြုမှုအတွက် လိုအပ်သည့် စာရွက်စာတမ်းများအားလုံး ပြုနှိပ်ထားသည်။ DVR108GM1 အမှတ်တံဆိပ် Hikvision.

အသုံးပြုသူလမ်းညွှန် DVR108GM1 Hikvision

စည်းမျဉ်းစည်းကမ်း လိုက်နာရန်နှင့် ဘေးကင်းရေး အချက်အလက် စက်ကိုအသုံးမပြုမီ ဤစာရွက်စာတမ်းရှိ အချက်အလက်နှင့် ညွှန်ကြားချက်အားလုံးကို သေချာဖတ်ပြီး နောင်တွင် ကိုးကားရန်အတွက် သိမ်းဆည်းထားပါ။ စက်ဆိုင်ရာ အချက်အလက်နှင့် ညွှန်ကြားချက်များကို ပိုမိုသိရှိလိုပါက၊ ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုက်ဖြစ်သော https://www.hikvision.com သို့ ဝင်ရောက်ကြည့်ရှုပါ။ စက်နှင့်အတူပါရှိသော အခြားစာရွက်စာတမ်းများ (ရှိပါက) ကိုလည်း ကိုးကားနိုင်သည် သို့မဟုတ် အချက်အလက်ပိုမိုရရှိရန် ထုပ်ပိုးမှုတွင် QR ကုဒ် (ရှိပါက) စကန်ဖတ်နိုင်သည်။ ဥပဒေကြောင်းဆိုင်ရာ ဖော်ထုတ်ချက် တည်ဆဲ ဥပဒေအရ အမြင့်ဆုံး ခွင့်ပြုထားသည့် အတိုင်းအတာ အထိ ဤစာရွက်စာတမ်းနှင့် ဖော်ပြထားသော ထုတ်ကုန်ကို ယင်း၏ ဟာ့ဒ်ဝဲ၊ ဆော့ဖ်ဝဲ၊ နှင့် ဖမ်းဝဲ များနှင့်အတူ “ရှိသည့်အတိုင်း” နှင့် “ချို့ယွင်းချက်များနှင့် အမှားများနှင့်” ပေးထားသည်။ HIKVISION သည် ကန့်သတ်မှု၊ ကုန်သွယ်နိုင်စွမ်း၊ ကျေနပ်လောက်ဖွယ် အရည်အသွေး၊ သို့မဟုတ် သီးခြားရည်ရွယ်ချက် တစ်စုံတစ်ခုအတွက် ကြံ့ခိုင်မှုများ မရှိခြင်း အပါအဝင် မည်သည့် အာမခံချက်များကို အတိအလင်း ဖြစ်စေ သွယ်ဝိုက်၍ ဖြစ်စေ ပေးထားခြင်း မရှိပါ။ ကုန်ပစ္စည်းအား အသုံးပြုပါက သင့်ဘာသာသင် တာဝန်ယူ ရမည်။ မည်သည့်အခြေအနေတွင်မဆို စာချုပ်ချိုးဖောက်မှုကြောင့်ဖြစ်စေ၊ အကျိုးပျက်စီး၍ဖြစ်စေ (ပေါ့လျော့မှု အပါအဝင်)၊ ထုတ်ကုန်ပစ္စည်း ပြဿနာ ကြောင့်ဖြစ်စေ၊ သို့မဟုတ်ပါက ဤထုတ်ကုန်ပစ္စည်းအား အသုံးပြုမှုကြောင့် ဖြစ်စေ စီးပွားရေးလုပ်ငန်း အကျိုးအမြတ် ဆုံးရှုံးမှု သို့မဟုတ် အချက်အလက် ဆုံးရှုံးမှု၊ စနစ်များ ယိုယွင်းပျက်စီးမှု သို့မဟုတ် စာရွက်စာတမ်း ပျက်စီး ပျောက်ဆုံးမှုကြောင့် ထိခိုက်မှုများ အပါအဝင် အထူးတလည်၊ အကျိုးဆက်စပ်၍၊ မတော်တဆ သို့မဟုတ် တိုက်ရိုက် ထိခိုက်မှုများအတွက် ထိုထိခိုက်မှု သို့မဟုတ် ဆုံးရှုံးမှုများအကြောင်း HIKVISION အား အကြံပြု အသိပေးပြီး ဖြစ်စေကာမူ HIKVISION မှ တာဝန်ယူမည် မဟုတ်ပါ။ အင်တာနက် သဘောသဘာဝအရ တည်ရှိဆဲ လုံခြုံရေး ဘေးအန္တရာယ်များ ပေးနိုင်သည်ကို သင် အသိအမှတ်ပြုပြီး ပုံမှန်မဟုတ်သော လုပ်ငန်းလည်ပတ်မှု၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက် ပေါက်ကြားမှု သို့မဟုတ် ဆိုင်ဘာ တိုက်ခိုက်မှုများ၊ ဟက်ကာ တိုက်ခိုက်မှုများ၊ ဗိုင်းရပ်စ် ကူးစက်မှု သို့မဟုတ် အခြား အင်တာနက် လုံခြုံရေး အန္တရာယ်များ၏ ရလဒ်အဖြစ် ဖြစ်ပေါ်လာသော အခြားပျက်စီးမှုများ၊ အပေါ် HIKVISION သည် တာဝန်ယူလိမ့်မည်မဟုတ်ပါ။ သို့ရာတွင် HIKVISION သည် လိုအပ်ပါက နည်းပညာပံ့ပိုးမှုကို အချိန်နှင့် တစ်ပြေးညီပေးသွားမည်။ သင်သည် အကျုံးဝင်သော ဥပဒေများနှင့် အညီ ဤကုန်ပစ္စည်းကို အသုံးပြုရန် သဘောတူညီပြီး သင်၏ အသုံးပြုမှုသည် အကျုံးဝင်သော ဥပဒေနှင့် ကိုက်ညီစေရန် သင်က လုံးဝ တာဝန်ခံရမည် ဖြစ်သည်။ အထူးသဖြင့် သင်သည် ဤကုန်ပစ္စည်းကို အသုံးပြုရာတွင် အများပြည်သူ၏ အခွင့်အရေးများ၊ အသိပညာ ပိုင်ဆိုင်မှု အခွင့်အရေးများ သို့မဟုတ် အချက်အလက် ကာကွယ်ရေး နှင့် အခြား ပုဂ္ဂိုလ်ရေး ဆိုင်ရာ အချက်အလက် လုံခြုံမှု အခွင့်အရေးများ အပါအဝင် ဖြစ်သော်လည်း ယင်းတို့သာ အကန့်အသတ်မဟုတ်ဘဲ အပြင်အပ လူပုဂ္ဂိုလ် များ၏ အခွင့်အရေးများကို ချိုးဖောက်သော ပုံစံဖြင့် အသုံးပြုခြင်း မပြုရန် သင့်တွင် တာဝန်ရှိသည်။ လူအစုအပြုံလိုက် သေကြေပျက်စီးစေနိုင်သော လက်နက်များ တီထွင် ဖန်တီးခြင်း သို့မဟုတ် ထုတ်လုပ်ခြင်း၊ ဓာတု သို့မဟုတ် ဇီဝ လက်နက်များ တီထွင်ဖန်တီးခြင်း သို့မဟုတ် ထုတ်လုပ်ခြင်း၊ မည်သည့် ပေါက်ကွဲစေတတ်သော နျူးကလီးယား လက်နက် သို့မဟုတ် ဘေးကင်းလုံခြုံမှု မရှိသော နျူကလီးယား လောင်စာ သံသရာတို့နှင့် သက်ဆိုင်သော အခြေအနေတွင် သို့မဟုတ် လူ့အခွင့်အရေး ချိုးဖောက်မှုကို ပံ့ပိုးသော လုပ်ဆောင်မှု တစ်စုံတရာ တို့ အပါအဝင် မည်သည့် အဆုံးသတ် အသုံးပြုမှု အတွက်ကိုမဆို သင်သည် ဤကုန်ပစ္စည်းကို အသုံးပြုခြင်း မပြုရပါ။ ဤစာရွက်စာတမ်းနှင့် တည်ဆဲ ဥပဒေအကြား ကွဲပြားခြားနားမှု တစုံတရာရှိလာခဲ့ပါက ဥပဒေက အတည်ဖြစ်သည်။ ဤအပိုဒ်များသည် သက်ဆိုင်ရာ အမှတ်အသား သို့မဟုတ် အချက်အလက်များ ပါရှိသော ထုတ်ကုန်များနှင့်သာ သက်ဆိုင်ပါသည်။37 EU လိုက်နာရန် ထုတ်ပြန်ချက် ဤထုတ်ကုန် နှင့်

ထည့်သွင်းပါရှိသော အပိုပစ္စည်းများမှာလည်း “CE”

ပါရှိသည်။ သို့ဖြစ်ရာ 2014/30/EU (EMCD) လမ်းညွှန်ချက် နှင့် 2011/65/EU (RoHS) တို့အောက်ရှိ စာရင်း ပြုစုထားသော သက်ဆိုင်ရာ ဟန်ချက်ညီသော ဥရောပ စံချိန်စံညွှန်းများနှင့် ကိုက်ညီသည်။

မှတ်ချက်- 50 မှ 1000 VAC အတွင်း သို့မဟုတ် 75 မှ 1500 VDC အတွင်း အဝင်ဗို့အားရှိသော

ထုတ်ကုန်များသည် လမ်းညွှန်ချက် 2014/35/EU (LVD) နှင့် ကိုက်ညီပြီး ကျန်ထုတ်ကုန်များသည် လမ်းညွှန်ချက် 2001/95/EC (GPSD) နှင့် ကိုက်ညီပါသည်။ သတ်မှတ်ထားသော ပါဝါ ပေးသွင်းမှု အချက်အလက်ကို ကိုးကားချက်များအတွက် ကျေးဇူးပြု၍ စီစစ်ပါ။ EU လိုက်နာရန်ထုတ်ပြန်ချက်ပါ စာသားအပြည့်အစုံကို အောက်ပါအင်တာနက်လိပ်စာ https://www.hikvision.com/en/support/compliance/declaration-of-conformity တွင် ရရှိနိုင်ပါသည်။

အိမ်တွင်းသုံးဖြစ်ပါက အမျိုးအစား

သည် ရေဒီယိုလှိုင်း အနှောင့်အယှက်များ ဖြစ်စေနိုင်ပြီး ထိုသို့ဖြစ်လာလျှင် အသုံးပြုသူက သင့်လျော်သလို ဖြေရှင်းဆောင်ရွက်ရန် လိုနိုင်သည်။ 2012/19/EU ညွှန်ကြားချက် (WEEE ညွှန်ကြားချက်)

ဤသင်္ကေတ ကပ်ထားသည့် ထုတ်ကုန်များကို ဥရောပသမဂ္ဂအတွင်း ရောနှောစည်ပင်အမှိုက်အနေဖြင့် စွန့်ပစ်နိုင်ခြင်း မရှိပါ။ သေချာစွာ ရီဆိုင်ကယ်လုပ်ရန်အတွက် ဤထုတ်ကုန်ပစ္စည်းကို အလားတူ ပစ္စည်းအသစ်တစ်ခု ဝယ်ယူချိန်တွင် သင့်နယ်ခံ ပစ္စည်းရောင်းချသူထံ ပြန်ပေးပါ သို့မဟုတ် သတ်မှတ်ထားသည့် ပစ္စည်းစုဆောင်းသော နေရာများ၌ စွန့်ပစ်ပါ။ ပိုမိုသိရှိလိုပါက www.recyclethis.info တွင်ကြည့်ပါ။ 2006/66/EC ညွှန်ကြားချက်နှင့် ၎င်း၏ ပြင်ဆင်ဖြည့်စွက်ချက် 2013/ 56/EU (ဘက်ထရီဆိုင်ရာ ညွှန်ကြားချက်)- ဤထုတ်ကုန်ပစ္စည်းတွင် ဥရောပသမဂ္ဂအတွင်း ရောနှော စည်ပင်အမှိုက်အနေဖြင့် စွန့်ပစ်နိုင်ခြင်း မရှိသည့် ဘက်ထရီ တစ်လုံး ပါဝင်နေပါသည်။ ဘက်ထရီအတွက် သီးသန့်အချက် အလက်များကို ထုတ်ကုန်ပစ္စည်းပါ စာရွက်စာတမ်းများ၌ ကြည့်ပါ။ ဤဘက်ထရီကို ကတ်ဒမီယမ် (Cd)၊ ခဲ (Pb) သို့မဟုတ် ပြဒါး (Hg) ဟု ညွှန်ပြမည့် စွန့်ပစ်ခြင်းပါဝင်နိုင်ကြောင်း ဤသင်္ကေတဖြင့် မှတ်သားထားပါသည်။ သေချာစွာ ရီဆိုင်ကယ်လုပ်ရန်အတွက် ဤဘက်ထရီကို သင့်နယ်ခံ ပစ္စည်း ရောင်းချသူထံ ပြန်ပေးပါ သို့မဟုတ် သတ်မှတ်ထားသည့် စုဆောင်းသော နေရာ၌ စွန့်ပစ်ပါ။ ပိုမိုသိရှိလိုပါက www.recyclethis.info တွင်ကြည့်ပါ။ ဘေးကင်းရေးဆိုင်ရာ အချက်အလက် အသုံးမပြုမီ ဘေးကင်းရေးဆိုင်ရာ အချက်အလက်များကို သေချာစွာ ဖတ်ရှုပါ။ ● စကားဝှက်များအားလုံး၏ ခိုင်မာသော တည်ဆောက်ပုံနှင့် အခြား လုံခြုံရေး ဆက်တင်များသည် တပ်ဆင်သူ နှင့်/သို့ နောက်ဆုံး အသုံးပြုသူ၏ တာဝန်သာ ဖြစ်သည်။ ● မီးပလပ်ခေါင်းကို ပါဝါ ပလပ်ပေါက်တွင် ခိုင်ခိုင်မာမာ ဆက်သွယ်ပါ။ ပါဝါအဒက်ပတာ တစ်ခုထဲတွင် ကိရိယာ အများအပြားကို တပ်ဆင်ခြင်း မပြုပါနှင့်။ အပိုပစ္စည်းများ၊ တိုးချဲ့ပစ္စည်းများ တပ်ဆင်ခြင်း၊ ဖြုတ်ခြင်း မပြုမီတွင် ကိရိယာကို ပါဝါ ဖြုတ်ထားပါ။ ● ပလပ်ပေါက်ကို ကိရိယာအနီးတွင် တပ်ဆင်ထားရမည်ဖြစ်ပြီး အလွယ်တကူ ထိုးချိတ်နိုင်ရမည် ဖြစ်သည်။ ● ကိရိယာတွင် အန္တရာယ်ရှိနိုင်ကြောင်း သင်္ကေတပါရှိပါက ငုတ်များနှင့်ဆက်မည့် ပြင်ပဝါယာများကို လေ့ကျင့်ထားသည့် ပုဂ္ဂိုလ်တစ်ဦးမှ တပ်ဆင်ရမည်။ ● ဤကိရိယာကို ကလေးများရှိနိုင်သည့် နေရာမျိုးတွင် အသုံးပြုရန် မသင့်လျော်ပါ။ သတိပေးချက်-

1. ဘက်ထရီကို မြိုချခြင်း မပြုပါနှင့်။ ဓာတုပစ္စည်းလောင်ကျွမ်းခြင်း အန္တရာယ်

ငွေအကြွေစေ့/ကြယ်သီးပုံ ဆဲလ်ဘက်ထရီကို မြိုချမိပါက အချိန် ၂ နာရီအတွင်3း8 ပြင်းထန်သော ခန္ဓာကိုယ်တွင်း ဓာတုလောင်ကျွမ်းမှုများ ဖြစ်စေနိုင်ပြီး သေဆုံးသည်အထိ ဖြစ်နိုင်ပါသည်။

3. ဘက်ထရီကို ပုံစံမမှန်ဘဲ မှားယွင်းသော အမျိုးအစားတစ်ခုဖြင့် အသစ်လဲခဲ့ပါက

safeguard ပျက်စီးနိုင်သည် (ဥပမာအားဖြင့် အချို့သော လစ်သီယမ် ဘက်ထရီအမျိုးအစားများတွင်)။

4. ဘက်ထရီကို ပေါက်ကွဲမှု ဖြစ်ပေါ်စေနိုင်သည့် မီးအတွင်းသို့၊ သို့မဟုတ် မီးဖိုအတွင်းအတွင်၊

သို့မဟုတ် စက်ပစ္စည်းသုံး ထုခြေခြင်း၊ သို့မဟုတ် ဖြတ်တောက်ခြင်း ဖြင့် မစွန့်ပစ်ပါနှင့်။

5. ဘက်ထရီကို အလွန်အမင်း မြင့်မားသည့် အပူချိန်ရှိသည့် ပတ်ဝန်းကျင်တွင် မထားပါနှင့်၊

ပေါက်ကွဲမှု ဖြစ်နိုင်သည် သို့မဟုတ် မီးလောင်လွယ်သည့် အရည် သို့မဟုတ် ဓာတ်ငွေ့များ ထွက်လာနိုင်သည်။

6. ဤဘက်ထရီကို အလွန်နိမ့်သည့် လေဖိအားနှင့် ထိတွေ့ခြင်း မရှိစေရ၊ ပေါက်ကွဲမှု

ဖြစ်နိုင်သည် သို့မဟုတ် မီးလောင်လွယ်သည့် အရည် သို့မဟုတ် ဓာတ်ငွေ့များ ထွက်လာနိုင်သည်။

7. အသုံးပြုပြီး ဘက်ထရီများကို လမ်းညွှန်ချက်များနှင့်အညီ စွန့်ပစ်ပါ။

● ကိရိယာမှ မီးခိုးငွေ့၊ ညှော်နံ့စသည့် အနံ့၊ ဆူညံသံများ ထွက်လာလျှင် ပါဝါ ချက်ချင်းပိတ်၊ ပါဝါကေဘယ် ဖြုတ်ပြီး ပြုပြင်ရေးစင်တာသို့ ဆက်သွယ်ပါ။ ● ကိရိယာကို UPS နှင့် တွဲသုံးပြီး ဖြစ်နိုင်ပါက စက်ရုံက အကြံပြုထားသော HDD ကို အသုံးပြုပါ။ ● ပန်ကာဒလက် သို့မဟုတ် မော်တာများ ပါဝင်သည့် ကိရိယာများဖြစ်ပါက ခန္ဓာကိုယ် အစိတ်အပိုင်းများကို ပန်ကာဒလက် သို့မဟုတ် မော်တာနားအနီး မရောက်ပါစေနှင့်။ ကြံ့ခိုင်မှုစစ်ဆေး ပြင်ဆင်ချိန်တွင် ပါဝါရင်းမြစ်ကို ဖြုတ်ထားပါ။ ● ကိရိယာကို ပါဝါ ပိတ်ပြီးနောက်တွင် လျှပ်စစ်ဓါတ်အား ရှိနေနိုင်သေးသောကြောင့် (အဝင်အထွက်များ ၏ သတ္တုမျက်နှာပြင်များ) မထိတွေ့ပဲ အနည်းဆုံး 5 မိနစ်ခန့် စောင့်ပါ။ ● ကိရိယာကို မတည်ငြိမ်သောနေရာတွင် ဘယ်တော့မှ မထားပါနှင့်။ ဤကိရိယာ ပြုတ်ကျ၍ အနာတရ ပြင်းထန်စွာဖြစ်စေ၊ အသက်ဆုံးရှုံးသည်အထိ ဖြစ်စေ အန္တရာယ် ဖြစ်စေနိုင်သည်။ ● ကိရိယာတွင် ပါဝါထိုးရန် 3 ပင်ခေါင်းသုံးပါက ၎င်းကိုမြေစိုက်ကြိုးချထားသည့် ပလပ်ပေါက်များတွင်သာ သေချာထိုးရမည်။ ကာကွယ်မှုနှင့် သတိပြုရန် အကြံပေးချက်များ သင့်ကိရိယာကို မချိတ်ဆက်မီနှင့် အသုံးမပြုမီ ကျေးဇူးပြု၍ အောက်ပါ အကြုံပြုချက်များကို လက်ခံပါ။ ● ဤကိရိယာကို ရေကျခြင်း သို့မဟုတ် ဖျန်းပက်ခြင်းဖြန်းပတ်ခြင်းများနှင့် မထိစေရန်နှင့် ပန်းအိုးများ ကဲ့သို့သော အရည်ဖြည့်ထားသည့် ပစ္စည်းများကို ကိရိယာအပေါ်တွင် မတင်ရပါ။ ● ကိရိယာပေါ်တွင် မီးထွန်းထားသည့် ဖယောင်းတိုင်များ ကဲ့သို့သော မီးတောက်အလွတ်များ မတင်ရပါ။ ● လေဝင်လေထွက်ပေါက်များ ပါဝင်သည့် ကိရိယာများအတွက် ထိုလေဝင်လေထွက်ပေါက်များကို သတင်းစာ၊ ဖုန်သုတ်ဝတ်၊ ခန်းစီးလိုက်ကာ အစရှိသည့် ပစ္စည်းများဖြင့် ပိတ်မထားပါနှင့်။ အိပ်ရာ၊ ဆိုဖာ၊ ကောဇော သို့မဟုတ် အခြားအလားတူ မျက်နှာပြင်ပေါ်တွင် စက်များ ထားခြင်းဖြင့် လေဝင်လေထွက်ပေါက်များကို မည်သည့်အခါမျှ ပိတ်ဆို့ခြင်း မပြုရပါ။39 ● မြင့်မားသောလုပ်ငန်းခွင်အပူချိန် (40°C (104°F) မှ 55°C (131°F)) တွင် အချို့သော ပါဝါအဒက်ပတာများ၏ ပါဝါသည် လျော့နည်းသွားနိုင်သည်။ ● စက်ပစ္စည်းကို နံရံ သို့မဟုတ် မျက်နှာကျက်တွင် တပ်ဆင်ရန် လိုအပ်ပါက၊

1. ဤလက်စွဲစာအုပ်ပါ ညွှန်ကြားချက်များအတိုင်း ကိရိယာကို တပ်ဆင်ပါ။

2. ထိခိုက်ဒဏ်ရာ ရခြင်းမှ ကာကွယ်ရန် ဤကိရိယာကို တပ်ဆင်မှု လမ်းညွှန်ချက်များနှင့် အညီ

တပ်ဆင်သည့် မျက်နှာပြင်တွင် သေချာစွာ တပ်ဆင်ပါ။ ● ကိရိယာ ထုပ်ပိုးမှုတွင် ပါဝါ အဒက်ပတာ ထည့်သွင်းပါရှိပါက၊ ပေးထားသော အဒက်ပတာကိုသာ အသုံးပြုပါ။ ● ကိရိယာကို သင်ကိုယ်တိုင် ဝါယာ တပ်ဆင်ခြင်းလုပ်ရန် လိုအပ်ပါက ပါဝါ ဝင်ရောက်ရန်အတွက် ကိရိယာတွင် ရေးသားထားသော လျှပ်စစ်ဆိုင်ရာ ကန့်သတ်ချက်များနှင့် အညီ သက်ဆိုင်ရာ ဝါယာကြိုးများကို ရွေးချယ်ပါ။ စံချိန်မီ ဝါယာကြိုးဖြုတ်သည့် ကိရိယာများဖြင့် မှန်ကန်သော အနေအထားတွင် ဝါယာများကို ဖြုတ်ပါ။ မလိုလားအပ်သော ကြီးမားသည့် နောက်ဆက်တွဲများကို ရှောင်ရှားနိုင်ရန်၊ ဝါယာကြိုးဖြုတ်သည့် ကိရိယာ၏ အရှည်သည် သင့်တင့်လျောက်ပတ်ရမည်ဖြစ်ပြီး၊ လျှပ်ကူးပစ္စည်းများကို မထိတွေ့ရပါ။ ● ကိရိယာအား ဝါယာချိတ်ဆက်စဉ်၊ တပ်ဆင်စဉ် သို့မဟုတ် ပြန်ဖြုတ်နေစဉ်တွင် ပါဝါသေချာဖြုတ်ကြောင်း

လမ်းညွှန်လက်ထောက်
Powered by Anthropic
သင့်မက်ဆေ့ကို စောင့်နေသည်
ထုတ်ကုန်အချက်အလက်

အမှတ်တံဆိပ် : Hikvision

မော်ဒယ် : DVR108GM1

အမျိုးအစား : ဗီဒီယိုမှတ်တမ်းစက်