DS1330HZ - Boîtier de protection Hikvision - အခမဲ့ အသုံးပြုသူလမ်းညွှန်
စက်ပစ္စည်းလမ်းညွှန်ကို အခမဲ့ ရှာဖွေပါ DS1330HZ Hikvision PDF ဖော်မတ်ဖြင့်.
အသုံးပြုသူများ၏မေးခွန်းများ DS1330HZ Hikvision
0 မေးခွန်း ဤပစ္စည်းနှင့်ပတ်သက်ပြီး။ သင်သိသောအရာများကို ဖြေပါ သို့မဟုတ် သင့်ကိုယ်ပိုင်မေးပါ။
ဤပစ္စည်းနှင့်ပတ်သက်ပြီး မေးခွန်းအသစ်တစ်ခုမေးပါ
သင်၏ device အတွက် ညွှန်ကြားချက်များကို ဒေါင်းလုဒ်လုပ်ပါ Boîtier de protection PDF ဖော်မတ်ဖြင့် အခမဲ့! သင်၏လမ်းညွှန်ကို ရှာဖွေပါ DS1330HZ - Hikvision သင်၏ အီလက်ထရောနစ် စက်ပစ္စည်းကို ပြန်လည်ထိန်းချုပ်ပါ။ ဤစာမျက်နှာတွင် သင်၏ စက်ပစ္စည်းအသုံးပြုမှုအတွက် လိုအပ်သည့် စာရွက်စာတမ်းများအားလုံး ပြုနှိပ်ထားသည်။ DS1330HZ အမှတ်တံဆိပ် Hikvision.
အသုံးပြုသူလမ်းညွှန် DS1330HZ Hikvision
ပစ္စည်း ပုံသဏ္ဌာန်သည် ကိုးကားရန်အတွက်သာဖြစ်ပြီး ကုန်ပစ္စည်းအစစ်နှင့် ကွဲပြားမှု ရှိနိုင်ပါသည်။ အိမ်နှင့် ကင်မရာတပ်ဆင်ခြင်း (စာမျက်နှာ 2 – A) အိမ်နှင့် အထိုင်ကွင်းတပ်ဆင်ခြင်း (စာမျက်နှာ 4 – B)
ကင်မရာ အမျိုးမျိုးကို တပ်ဆင်ရမည့် အဆင့်များမှာ ဆင်တူပါသည်။ ပုံများတွင် သရုပ်ပြသရန် အမျိုးအစားတစ်ခုကိုသာ သုံးထားပါသည်။ ©2022 Hangzhou Hikvision Digital Technology Co., Ltd. မူပိုင်ခွင့်ရယူထားသည်။ ဤလမ်းညွှန်အကြောင်း ဤလမ်းညွှန်တွင် ထုတ်ကုန်ပစ္စည်းအား အသုံးပြုခြင်းနှင့် စီမံခြင်းဆိုင်ရာ ညွှန်ကြားချက်များ ပါရှိသည်။ ဤလမ်းညွှန်ပါ ရုပ်ပုံများ၊ ပုံပြကားချပ်များ၊ ဓာတ်ပုံများနှင့် အခြားသတင်းအချက်အလက် အားလုံးသည် ဖော်ပြရန်၊ ရှင်းပြရန်အတွက်သာ ထည့်သွင်းထားခြင်း ဖြစ်ပါသည်။ ဤလမ်းညွှန်ပါ သတင်းအချက်အလက်များကို ဖမ်းဝဲ အပ်ဒိပ်လုပ်ခြင်းကြောင့်ဖြစ်စေ၊ အခြားအကြောင်းရင်းများကြောင့်ဖြစ်စေ ကြိုတင်အသိပေးခြင်း မရှိဘဲ ပြောင်းလဲနိုင်သည်။ ဤလမ်းညွှန်၏ နောက်ဆုံးရဗားရှင်းကို (https://www.hikvision.com/) Hikvision အင်တာနက်စာမျက်နှာတွင် ရနိုင်ပါသည်။ ယခုထုတ်ကုန်ပစ္စည်းအားကူညီထော က်မရာတွင် လေ့ကျင့်မှုရရှိထားသော ကျွမ်းကျင်သူများ၏ လမ်းညွှန်မှုနှင့် အထောက်အပံ့တို့နှင့်အညီ ဤလမ်းညွှန်ကို အသုံးပြုပါ။ ကုန်ပစ္စည်း အမှတ်တံဆိပ်များ41 နှင့် အခြား Hikvision ၏ ကုန်ပစ္စည်း အမှတ်တံဆိပ်များနှင့် လိုဂိုများသည် အမျိုးမျိုးသော တရားစီရင်ပိုင်ခွင့်များတွင် Hikvision ၏ ပိုင်ဆိုင်မှုများ ဖြစ်သည်။ ဖော်ပြထားသည့် အခြား ကုန်ပစ္စည်း အမှတ်တံဆိပ်များနှင့် လိုဂိုများသည် ၎င်းတို့၏ သက်ဆိုင်ရာ ပိုင်ရှင်များ၏ ပိုင်ဆိုင်မှုများ ဖြစ်ကြပါသည်။ ငြင်းဆိုချက် အကျုံးဝင်သည့် သက်ဆိုင်သောဥပဒေက ခွင့်ပြုထားသည့် အမြင့်ဆုံး အတိုင်းအတာဖြင့် ဤလက်စွဲစာအုပ်နှင့် ဖော်ပြထားသော ထုတ်ကုန်ကို ၎င်း၏ စက်ပစ္စည်းများ၊ ဆော့ဖ်ဝဲနှင့် ဖမ်းဝဲများနှင့်အတူ “ယင်းအတိုင်း” နှင့် “အမှားအယွင်းများအားလုံးနှင့်အတူ” ဖော်ပြထားသည်။ HIKVISION သည် ကန့်သတ်မှု၊ ကုန်သွယ်နိုင်စွမ်း၊ ကျေနပ်လောက်ဖွယ် အရည်အသွေး၊ သို့မဟုတ် သီးခြားရည်ရွယ်ချက် တစ်စုံတစ်ခုအတွက် ကြံ့ခိုင်မှုများ မရှိခြင်း အပါအဝင် မည်သည့် အာမခံချက်များကို အတိအလင်း ဖြစ်စေ သွယ်ဝိုက်၍ ဖြစ်စေ ပေးထားခြင်း မရှိပါ။ ကုန်ပစ္စည်းအား အသုံးပြုပါက သင့်ဘာသာသင် တာဝန်ယူ ရမည်။ မည်သည့်အခြေအနေတွင်မဆို စာချုပ်ချိုးဖောက်မှုကြောင့်ဖြစ်စေ၊ အကျိုးပျက်စီး၍ဖြစ်စေ (ပေါ့လျော့မှု အပါအဝင်)၊ ထုတ်ကုန်ပစ္စည်း ပြဿနာ ကြောင့်ဖြစ်စေ၊ သို့မဟုတ်ပါက ဤထုတ်ကုန်ပစ္စည်းအား အသုံးပြုမှုကြောင့် ဖြစ်စေ စီးပွားရေးလုပ်ငန်း အကျိုးအမြတ် ဆုံးရှုံးမှု သို့မဟုတ် အချက်အလက် ဆုံးရှုံးမှု၊ စနစ်များ ယိုယွင်းပျက်စီးမှု သို့မဟုတ် စာရွက်စာတမ်း ပျက်စီး ပျောက်ဆုံးမှုကြောင့် ထိခိုက်မှုများ အပါအဝင် အထူးတလည်၊ အကျိုးဆက်စပ်၍၊ မတော်တဆ သို့မဟုတ် တိုက်ရိုက် ထိခိုက်မှုများအတွက် ထိုထိခိုက်မှု သို့မဟုတ် ဆုံးရှုံးမှုများအကြောင်း HIKVISION အား အကြံပြု အသိပေးပြီး ဖြစ်စေကာမူ HIKVISION မှ တာဝန်ယူမည် မဟုတ်ပါ။ အင်တာနက် သဘောသဘာဝအရ တည်ရှိဆဲ လုံခြုံရေး ဘေးအန္တရာယ်များ ပေးနိုင်သည်ကို သင် အသိအမှတ်ပြုပြီး ပုံမှန်မဟုတ်သော လုပ်ငန်းလည်ပတ်မှု၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက် ပေါက်ကြားမှု သို့မဟုတ် ဆိုင်ဘာ တိုက်ခိုက်မှုများ၊ ဟက်ကာ တိုက်ခိုက်မှုများ၊ ဗိုင်းရပ်စ် ကူးစက်မှု သို့မဟုတ် အခြား အင်တာနက် လုံခြုံရေး အန္တရာယ်များ၏ ရလဒ်အဖြစ် ဖြစ်ပေါ်လာသော အခြားပျက်စီးမှုများ၊42 အပေါ် HIKVISION သည် တာဝန်ယူလိမ့်မည်မဟုတ်ပါ။ သို့ရာတွင် HIKVISION သည် လိုအပ်ပါက နည်းပညာပံ့ပိုးမှုကို အချိန်နှင့် တစ်ပြေးညီပေးသွားမည်။ သင်သည် အကျုံးဝင်သော ဥပဒေများနှင့် အညီ ဤကုန်ပစ္စည်းကို အသုံးပြုရန် သဘောတူညီပြီး သင်၏ အသုံးပြုမှုသည် အကျုံးဝင်သော ဥပဒေနှင့် ကိုက်ညီစေရန် သင်က လုံးဝ တာဝန်ခံရမည် ဖြစ်သည်။ အထူးသဖြင့် သင်သည် ဤကုန်ပစ္စည်းကို အသုံးပြုရာတွင် အများပြည်သူ၏ အခွင့်အရေးများ၊ အသိပညာ ပိုင်ဆိုင်မှု အခွင့်အရေးများ သို့မဟုတ် အချက်အလက် ကာကွယ်ရေး နှင့် အခြား ပုဂ္ဂိုလ်ရေး ဆိုင်ရာ အချက်အလက် လုံခြုံမှု အခွင့်အရေးများ အပါအဝင် ဖြစ်သော်လည်း ယင်းတို့သာ အကန့်အသတ်မဟုတ်ဘဲ အပြင်အပ လူပုဂ္ဂိုလ် များ၏ အခွင့်အရေးများကို ချိုးဖောက်သော ပုံစံဖြင့် အသုံးပြုခြင်း မပြုရန် သင့်တွင် တာဝန်ရှိသည်။ လူအစုအပြုံလိုက် သေကြေပျက်စီးစေနိုင်သော လက်နက်များ တီထွင် ဖန်တီးခြင်း သို့မဟုတ် ထုတ်လုပ်ခြင်း၊ ဓာတု သို့မဟုတ် ဇီဝ လက်နက်များ တီထွင်ဖန်တီးခြင်း သို့မဟုတ် ထုတ်လုပ်ခြင်း၊ မည်သည့် ပေါက်ကွဲစေတတ်သော နျူးကလီးယား လက်နက် သို့မဟုတ် ဘေးကင်းလုံခြုံမှု မရှိသော နျူကလီးယား လောင်စာ သံသရာတို့နှင့် သက်ဆိုင်သော အခြေအနေတွင် သို့မဟုတ် လူ့အခွင့်အရေး ချိုးဖောက်မှုကို ပံ့ပိုးသော လုပ်ဆောင်မှု တစ်စုံတရာ တို့ အပါအဝင် မည်သည့် အဆုံးသတ် အသုံးပြုမှု အတွက်ကိုမဆို သင်သည် ဤကုန်ပစ္စည်းကို အသုံးပြုခြင်း မပြုရပါ။ ဤလမ်းညွှန်နှင့် သက်ဆိုင်ရာ ဥပဒေတို့အကြား ကွဲလွဲမှုများ ရှိခဲ့ပါက ဥပဒေပါ ပြဌာန်းချက်ကိုသာ အတည်ယူရမည်။ RoHS စံချိန်စံညွှန်း လိုက်နာမှု ထုတ်ပြန်ချက် ဤထုတ်ကုန် နှင့်- သက်ဆိုင်ပါက- ပါဝင်သော အကူပစ္စည်းများ သည်လည်း RoHS လမ်းညွှန်ချက် 2011/65/EU
စာရင်းထည့်သွင်းထားသည့် သက်ဆိုင်ရာ ဥရောပ ဟန်ချက်ညီ စံချိန်စံညွှန်းများနှင့် ကိုက်ညီသည်။
ဘေးကင်းလုံခြုံရေး ညွှန်ကြားချက်များ သတိပေးချက်များ43 ဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများ ကိရိယာကို ဒေသဆိုင်ရာ ဥပဒေများ၊ လျှပ်စစ်ပစ္စည်း ဘေးကင်းလုံခြုံမှု စည်းမျဉ်းစည်းကမ်းများ နှင့် မီးဘေး
စည်းမျဉ်းစည်းကမ်းများနှင့် အညီ သုံးစွဲရမည်။ လျှပ်စစ်အန္တရာယ် ဘေးကင်းရေး သတိပြုရန်- မီးလောင်ကျွမ်းမှု အန္တရာယ်ကို လျော့ချရန်အတွက် အမျိုးအစားနှင့် အဆင့်အတန်း တူညီသည့် ဖျူ့စ်ဖြင့်သာ လဲလှယ်ပေးရမည်။
မီးဘေး ကာကွယ်တားဆီးရေး မီးထွန်းထားသည့် ဖယောင်းတိုင်များ ကဲ့သို့သော အကာအကွယ်မရှိသည့် မီးအရင်းအမြစ်များကို ကိရိယာအပေါ်တွင် မထားရပါ။ တပ်ဆင်ခြင်း ဤကိရိယာကို ဤလမ်းညွှန်ပါ လမ်းညွှန်ချက်များနှင့်အညီ တပ်ဆင်ပါ။ ထိခိုက်ဒဏ်ရာ ရရှိမှုမှ ကာကွယ်ရန် ဤကိရိယာကို တပ်ဆင်ခြင်း ညွှန်ကြားချက်များနှင့်အညီ မျက်နှာကြက်/နံရံတွင် ခိုင်မြဲစွာ တပ်ဆင်ထားရမည်။ ကိရိယာနှင့် အပိုပစ္စည်းများ တပ်ဆင်ရန် နေရာလုံလောက်မှု ရှိမရှိ
နံရံသည် ကိရိယာနှင့် စက်အထိုင်အလေးချိန်၏ အနည်းဆုံး 8 ဆကို ခံနိုင်လောက်သည်အထိ တောင့်တင်းနေရမည်။ ကိရိယာအား ဝါယာချိတ်ဆက်စဉ်၊ တပ်ဆင်စဉ် သို့မဟုတ် ပြန်ဖြုတ်နေစဉ်တွင် ပါဝါသေချာဖြုတ်ထားပါ။ သယ်ယူပို့ဆောင်ရေး ကိရိယာကို သယ်ယူပို့ဆောင်ရာတွင် မူလ သို့မဟုတ် အလားတူ ထုပ်ပိုးမှုအတိုင်း ထားပါ။ ထုတ်ကုန်ပစ္စည်းကို လွတ်မကျပါစေနှင့် သို့မဟုတ် တုန်ခါ၍ ဒဏ်ဖြစ်သွားခြင်း မဖြစ်စေပါ နှင့်။ ပါဝါ ပေးသွင်းမှု အရည်အချင်းပြည့်မီသော ထုတ်လုပ်သူများက ပံ့ပိုးပေးသည့် ပါဝါအဒက်တာကို အသုံးပြုပါ။ ပါဝါအဒက်တာတွင် ဝန်ပို သုံးစွဲလျှင် အပူလွန်ကဲခြင်း သို့မဟုတ် မီးဘေးအန္တရာယ် ဖြစ်နိုင်သဖြင့် ကိရိယာတစ်ခုစီအတွက် ပါဝါအဒက်တာတစ်ခုစီသာ အသုံးပြုရန် အကြံပြုထားပါသည်။ ပြုပြင်ထိန်းသိမ်းခြင် ကိရိယာ သေချာအလုပ်မလုပ်ပါက44 အရောင်းဆိုင် သို့မဟုတ် အနီးဆုံး ကြံ့ခိုင်မှုစစ်ဆေးရေး စင်တာသို့ ဆက်သွယ်ပါ။ ခွင့်ပြုချက်မရှိဘဲ ပြင်ဆင်ခြင်း သို့မဟုတ် ထိန်းသိမ်းပြင်ဆင်ခြင်းကြောင့် ဖြစ်ပွါးရသည့် မည်သည့်ပြဿနာအတွက်မဆို လုံးဝတာဝန်ယူမည် မဟုတ်ပါ။. အချို့သော ကိရိယာ အစိတ်အပိုင်းများသည် ပုံမှန် လဲလှယ်မှုလုပ်ရန် လိုအပ်သည်။ ပျမ်းမျှ သက်တမ်း ကွာခြားမှု ရှိသဖြင့် စစ်ဆေးရန် အကြံပြုသည်။ အသေးစိတ်အတွက် သင့်အား ပစ္စည်းရောင်းပေးသူအား ဆက်သွယ်ပါ။ သန့်ရှင်းခြင်း ကျေးဇူးပြု၍ အတွင်းနှင့် အပြင်မျက်နှာပြင်များကို နူးညံ့ခြောက်သွေ့သော အဝတ်ဖြင့်သာ သန့်ရှင်းရေးလုပ်ပါ။ အယ်ကာလိုင်း ဆပ်ပြာမှုန့်များ မသုံးပါနှင့်။ အသုံးပြုသည့် ပတ်ဝန်းကျင် လေဆာ ကိရိယာ တစ်စုံတစ်ခုကို အသုံးပြုနေပါက ကိရိယာ၏ မှန်ဘီလူးများ လေဆာရောင်ခြည် မထိမိစေရန် သတိပြုပါ သို့မဟုတ်ပါက လောင်ကျွမ်းသွားနိုင်သည်။ ကင်မရာအိမ်၏ တံခါးပေါက်ကို နေ သို့မဟုတ် တောက်ပသော အလင်းရောင်ရှိရာသို့ ဦးတည်မထားပါနှင့်။ အပူစုဆောင်းမှုမှ ရှောင်ရှားနိုင်ရန်အတွက် အသုံးပြုသည့် ပတ်ဝန်းကျင် သင့်လျော်ကောင်းမွန်စေရန် လေဝင်လေထွက်ကောင်းရန် လိုအပ်ပါသည်။ ကိရိယာကို ပူလွန်း၊ အေးလွန်းသော၊ ဖုန်ထူသော၊ လှိုက်စားနိုင်သော၊ ဆားပါသည့် အယ်ကာလီ သတ္တိလွန်ကဲသော သို့မဟုတ် စိုထိုင်းသော ပတ်ဝန်းကျင်များနှင့် မထိတွေ့မိပါစေနှင့်။ အပူချိန်နှင့် စိုထိုင်းဆ လိုအပ်ချက်များအတွက် ကိရိယာဆိုင်ရာ အသေးစိတ်အချက်များတွင် ရှုပါ။ စက်ကို လျှပ်စစ်သံလိုက်အားမြင့်သည့် ဓာတ်ရောင်ခြည်နှင့် မထိတွေ့မိပါစေနှင့်။
လွယ်ကူလက်စွဲ