DS7208HTHIK2 - အသံမှတ်တမ်းစက် Hikvision - အခမဲ့ အသုံးပြုသူလမ်းညွှန်
စက်ပစ္စည်းလမ်းညွှန်ကို အခမဲ့ ရှာဖွေပါ DS7208HTHIK2 Hikvision PDF ဖော်မတ်ဖြင့်.
သင်၏ device အတွက် ညွှန်ကြားချက်များကို ဒေါင်းလုဒ်လုပ်ပါ အသံမှတ်တမ်းစက် PDF ဖော်မတ်ဖြင့် အခမဲ့! သင်၏လမ်းညွှန်ကို ရှာဖွေပါ DS7208HTHIK2 - Hikvision သင်၏ အီလက်ထရောနစ် စက်ပစ္စည်းကို ပြန်လည်ထိန်းချုပ်ပါ။ ဤစာမျက်နှာတွင် သင်၏ စက်ပစ္စည်းအသုံးပြုမှုအတွက် လိုအပ်သည့် စာရွက်စာတမ်းများအားလုံး ပြုနှိပ်ထားသည်။ DS7208HTHIK2 အမှတ်တံဆိပ် Hikvision.
အသုံးပြုသူလမ်းညွှန် DS7208HTHIK2 Hikvision
ဥပဒေဆိုင်ရာ အချက်အလက်များ41 ©2020 Hangzhou Hikvision Digital Technology Co., Ltd. မှတ်ပုံတင်ခွင့် အားလုံးကို ရယူထားသည်။ ကုန်ပစ္စည်း အမှတ်တံဆိပ်များအား အသိအမှတ်ပြုခြင်း နှင့် အခြား Hikvision ၏ ကုန်ပစ္စည်း အမှတ်တံဆိပ်များနှင့် လိုဂိုများသည် တရားစီရင်မှု အမျိုးမျိုးတွင် Hikvision ၏ ပိုင်ဆိုင်မှုများ ဖြစ်သည်။ အောက်တွင် ဖော်ပြထားသည့် အခြား ကုန်ပစ္စည်း အမှတ်တံဆိပ်များနှင့် လိုဂိုများသည် ၎င်းတို့၏ သက်ဆိုင်ရာ ပိုင်ရှင်အသီးသီး၏ ပိုင်ဆိုင်မှုများ ဖြစ်ကြသည်။ : HDMI နှင့် HDMI High-Definition Multimedia Interface (ကြည်လင်ပြတ်သားမှု မြင့်မားသည့် မာတီမီဒီယာ အင်တာဖေ့စ်) ဟူသော ဝေါဟာရများနှင့် HDMI လိုဂိုတို့သည် အမေရိကန် ပြည်ထောင်စုနှင့် အခြားနိုင်ငံများသည် HDMI Licensing Administrator, Inc. ၏ မှတ်ပုံတင် အမှတ်တံဆိပ် သို့မဟုတ် မှတ်ပုံတင်ပြီး အမှတ်တံဆိပ်များ ဖြစ်သည်။ ဥပဒေကြောင်းဆိုင်ရာ ဖော်ထုတ်ချက် သက်ဆိုင်ရာ ဥပဒေက အမြင့်ဆုံး ခွင့်ပြုသည်အထိ ဟာ့ဒ်ဝဲ၊ ဆော့ဖ်ဝဲနှင့် ဖမ်းဝဲတို့နှင့် အတူ ဖော်ပြထားသော ကုန်ပစ္စည်းကို ဖော်ပြထား “သည့်အတိုင်း”၊ ကန့်သတ်မှု၊ ကုန်သွယ်နိုင်စွမ်း၊ ကျေနပ်လောက်ဖွယ် အရည်အသွေး၊ သီးခြား ရည်ရွယ်ချက် တစ်စုံတစ်ခုအတွက် ကြံ့ခိုင်မှုနှင့် အပြင်အပမှ လူပုဂ္ဂိုလ်များ၏ ချိုးဖောက်မှုများ မရှိဘဲ အတိအလင်းဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ ပေးမထားပဲ အမှားအယွင်းများ ချို့ယွင်းမှုများ အားလုံးအတွက် HIKVISION က မည်သည့် အာမခံချက်ကိုမျှ ပေးမထားပါ။ မည်သည့်အခြေအနေတွင်မဆို ထုတ်ကုန်ပစ္စည်း ပြဿနာကြောင့်ဖြစ်စေ၊ သို့မဟုတ်ပါက ဤထုတ်ကုန်ပစ္စည်းအား အသုံးပြုမှုကြောင့် ဖြစ်စေ စီးပွားရေးလုပ်ငန်း အကျိုးအမြတ် ဆုံးရှုံးမှု သို့မဟုတ် အချက်အလက် ဆုံးရှုံးမှု၊ စနစ်များ ယိုယွင်းပျက်စီးမှု သို့မဟုတ် စာရွက်စာတမ်း ပျက်စီး ပျောက်ဆုံးမှုကြောင့် ထိခိုက်မှုများ အပါအဝင် အထူးတလည်၊ အကျိုးဆက်စပ်၍၊ မတော်တဆ သို့မဟုတ် တိုက်ရိုက် ထိခိုက်မှုများအတွက် HIKVISION အား အကြံပြု အသိပေးပြီး ဖြစ်စေကာမူ HIKVISION ၎င်း၏ ဒါရိုက်တာများ၊ အရာရှိများ၊ ဝန်ထမ်းများနှင့် အေးဂျင့်များမှ တာဝန်ယူမည် မဟုတ်ပါ။ အင်တာနက် သဘောသဘာဝအရ တည်ရှိဆဲ လုံခြုံရေး ဘေးအန္တရာယ်များ ပေးနိုင်သည်ကို သင် အသိအမှတ်ပြုပြီး ပုံမှန်မဟုတ်သော လုပ်ငန်းလည်ပတ်မှု၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက် ပေါက်ကြားမှု သို့မဟုတ် ဆိုင်ဘာ တိုက်ခိုက်မှုများ၊ ဟက်ကာ တိုက်ခိုက်မှုများ၊ ဗိုင်းရပ်စ် ကူးစက်မှု သို့မဟုတ် အခြား အင်တာနက် လုံခြုံရေး အန္တရာယ်များ၏ ရလဒ်အဖြစ် ဖြစ်ပေါ်လာသော အခြားပျက်စီးမှုများ၊ အပေါ် HIKVISION သည် တာဝန်ယူလိမ့်မည်မဟုတ်ပါ။ သို့ရာတွင် HIKVISION သည် လိုအပ်ပါက နည်းပညာပံ့ပိုးမှုကို အချိန်နှင့် တစ်ပြေးညီပေးသွားမည်။ စောင့်ကြပ်မှုဆိုင်ရာ ဥပဒေများသည် တရားစီရင်မှုအလိုက် ကွဲပြားခြားနားသည်။ သင်၏ အသုံးပြုမှုသည် သက်ဆိုင်ရာ ဥပဒေနှင့် အကျုံးဝင်မှု ရှိမရှိ သေချာစေရန် အတွက် ဤကုန်ပစ္စည်း အသုံးမပြုမီတွင် ကျေးဇူးပြု၍ သင်၏ တရားစီရင်မှု အဝန်းအဝိုင်းတွင်းရှိ သက်ဆိုင်ရာ ဥပဒေများကို စိစစ်ပါ။ ဤကုန်ပစ္စည်းကို သတ်မှတ်ထားသော ရည်ရွယ်ချက်အတွက် မဟုတ်ဘဲ အသုံးပြုမှု ဖြစ်ရပ်အပေါ် HIKVISION က တာဝန်ခံခြင်း ရှိမည်မဟုတ်ပါ။ ဤလမ်းညွှန်နှင့် သက်ဆိုင်ရာ ဥပဒေတို့အကြား ကွဲလွဲမှုများ ရှိခဲ့ပါက ဥပဒေပါ ပြဌာန်းချက်ကိုသာ အတည်ယူရမည်။ စည်းကမ်းချက်ဆိုင်ရာ အချက်အလက်များ EU စည်းကမ်းချက် ကိုက်ညီမှုဆိုင်ရာ ကြေငြာချက်
ဤထုတ်ကုန်ပစ္စည်းနှင့် (အကျုံးဝင်ပါက) အတူပါရှိသော အပိုပစ္စည်းများကို "CE" အမှတ်အသားဖြင့် မှတ်သားထားပြီး EMC အမိန့်စာ 2014/30/EU ၊ LVD အမိန့်စာ 2014/35/EU ၊ RoHS အမိန့်စာ 2011/65/EU တို့တွင် ဖော်ပြထားသည့် သက်ဆိုင်သော ချိန်ညှိပြီး ဥရောပစံနှုန်းများနှင့် ကိုက်ညီပါသည်။42
2012/19/EU (WEEE ညွှန်ကြားချက်)- ဤသင်္ကေတ ကပ်ထားသည့် ထုတ်ကုန်များကို
ဥရောပသမဂ္ဂအတွင်း ရောနှောစည်ပင် အမှိုက်အနေဖြင့် စွန့်ပစ်နိုင်ခြင်း မရှိပါ။ သေချာစွာ ရီဆိုင်ကယ်လုပ်ရန်အတွက် ဤထုတ်ကုန်ပစ္စည်းကို အလားတူ ပစ္စည်းအသစ် တစ်ခု ဝယ်ယူချိန်တွင် သင့်နယ်ခံ ပစ္စည်းရောင်းချသူထံ ပြန်ပေးပါ သို့မဟုတ် သတ်မှတ်ထားသည့် ပစ္စည်းစုဆောင်းသော နေရာများ၌ စွန့်ပစ်ပါ။ ထပ်မံသိလိုသည်များ ရှိပါက- www.recyclethis.info
2006/66/EC (ဘက်ထရီဆိုင်ရာ ညွှန်ကြားချက်)- ဤထုတ်ကုန်ပစ္စည်းတွင် ဥရောပသမဂ္ဂအတွင်း ရောနှောစည်ပင်အမှိုက်အနေဖြင့် စွန့်ပစ်နိုင်ခြင်း မရှိသည့် ဘက်ထရီတစ်လုံး ပါဝင်နေပါသည်။ ဘက်ထရီအတွက် သီးသန့်အချက်အလက်များကို ထုတ်ကုန်ပစ္စည်းပါ စာရွက်စာတမ်းများ၌ ကြည့်ပါ။ ဤဘက်ထရီကို ကတ်ဒမီယမ် (Cd)၊ ခဲ (Pb) သို့မဟုတ် ပြဒါး (Hg) ဟု ညွှန်ပြမည့် စွန့်ပစ်ခြင်း ပါဝင်နိုင်ကြောင်း ဤသင်္ကေတဖြင့် မှတ်သားထားပါသည်။ သေချာစွာ ရီဆိုင်ကယ်လုပ်ရန်အတွက် ဤဘက်ထရီကို သင့်နယ်ခံ ပစ္စည်းရောင်းချသူထံ ပြန်ပေးပါ သို့မဟုတ် သတ်မှတ်ထားသည့် စုဆောင်းသော နေရာ၌ စွန့်ပစ်ပါ။ ထပ်မံသိလိုသည်များ ရှိပါက- www.recyclethis.info ဘေးကင်းလုံခြုံရေး ညွှန်ကြားချက်များ ● စကားဝှက်များအားလုံး၏ ခိုင်မာသော တည်ဆောက်ပုံနှင့် အခြား လုံခြုံရေး ဆက်တင်များသည် တပ်ဆင်သူ နှင့်/သို့မဟုတ် နောက်ဆုံး အသုံးပြုသူ၏ တာဝန်သာ ဖြစ်သည်။ ● မီးပလပ်ခေါင်းကို ပါဝါ ပလပ်ပေါက်တွင် ခိုင်ခိုင်မာမာ ဆက်သွယ်ပါ။ ပါဝါအဒက်ပတာ တစ်ခုထဲတွင် ကိရိယာ အများအပြားကို တပ်ဆင်ခြင်း မပြုပါနှင့်။ အပိုပစ္စည်းများ၊ တိုးချဲ့ပစ္စည်းများ တပ်ဆင်ခြင်း၊ ဖြုတ်ခြင်း မပြုမီတွင် ကိရိယာကို ပါဝါ ဖြုတ်ထားပါ။ ● ရှော့ခ်အန္တရာယ်ရှိသည်။ ပြုပြင်ထိန်းသိမ်းခြင်း မပြုမီ ပါဝါ ရင်းမြစ်များအားလုံးကို ဖြုတ်ထားပါ။ ● ကိရိယာကို မြေစိုက်အပ်ကြိုးတပ်ဆင်ထားသော ပင်မပလပ်ပေါက်နှင့် ဆက်သွယ်ထားရမည်။ ● ပလပ်ပေါက်ကို ကိရိယာအနီးတွင် တပ်ဆင်ထားရမည်ဖြစ်ပြီး အလွယ်တကူ ထိုးချိတ်နိုင်ရမည် ဖြစ်သည်။ ● က ရည်ညွှန်းသည်မှာ ဘေးအန္တရာယ်ရှိပြီး တာမီနယ်နှင့် ပြင်ပ ဝါယာကြိုး ဆက်သွယ်မှုများကို ညွှန်ကြားထားသော ပုဂ္ဂိုလ်ကသာ တပ်ဆင်ရန် လိုအပ်သည်။ ● တည်ငြိမ်မှု မရှိသော နေရာတွင် ကိရိယာကို မည်သည့်အခါမျှ မထားပါနှင့်။ ဤကိရိယာ ပြုတ်ကျ၍ အနာတရ ပြင်းထန်စွာဖြစ်စေ၊ အသက်ဆုံးရှုံးသည်အထိ ဖြစ်စေ အန္တရာယ် ဖြစ်စေနိုင်သည်။
● အဝင် ဗို့အားသည် IEC60950-1 နှင့် အညီ SELV (ဘေးကင်းသော အပိုဆောင်း ဗို့အားနိမ့်) နှင့် LPS (ကန့်သတ်
ပါဝါ ရင်းမြစ်) နှင့် ကိုက်ညီရမည်။ ● အဝင်လျှပ်စီးအားမြင့်မားသည်။ ပါဝါ ဖြန့်ဝေမှုနှင့် မဆက်သွယ်မီ မြေစိုက်အပ်ကြိုးကို ဆက်သွယ်ပါ။ ● ကိရိယာမှ မီးခိုး၊ အနံ့ သို့မဟုတ် ဆူညံသံများ ထွက်ပေါ်လာပါက ပါဝါကို ချက်ခြင်းပိတ်ပြီး ပါဝါကြိုးကို ဖြုတ်ပါ၊ ထို့နောက် ကျေးဇူးပြု၍ ပြုပြင်ထိန်းသိမ်းရေး စင်တာကို ဆက်သွယ်ပါ။ ● ကိရိယာကို UPS နှင့် တွဲသုံးပြီး ဖြစ်နိုင်ပါက စက်ရုံက အကြံပြုထားသော HDD ကို အသုံးပြုပါ။ ● ဤကုန်ပစ္စည်းတွင် အကြွေစေ့/ကြယ်သီးအရွယ်ဆဲလ် ဘက်ထရီ ပါဝင်သည်။ ဘက်ထရီကို မြိုချပါက ၂ နာရီအတွင်း ပြင်းထန်သော ကိုယ်တွင်း လောင်ကျွမ်းမှု ဖြစ်နိုင်ပြီး သေဆုံးသည်အထိ ဖြစ်စေနိုင်သည်။ ● ဤကိရိယာကို ကလေးများရှိနိုင်သည့် နေရာမျိုးတွင် အသုံးပြုရန် မသင့်လျော်ပါ။ ● သတိ - မှန်ကန်မှုမရှိသော ဘက်ထရီအမျိုးအစားဖြင့် လဲမိပါက ပေါက်ကွဲမှုဖြစ်နိုင်သည်။ ● ဘက်ထရီကို ပုံစံမမှန်ဘဲ မှားယွင်းသော အမျိုးအစားတစ်ခုဖြင့် အသစ်လဲခဲ့ပါက safeguard ပျက်စီးနိုင်သည် (ဥပမာအားဖြင့် အချို့သော လစ်သီယမ် ဘက်ထရီအမျိုးအစားများတွင်)။43 ● ဘက်ထရီကို ပေါက်ကွဲမှု ဖြစ်ပေါ်စေနိုင်သည့် မီးအတွင်းသို့၊ သို့မဟုတ် မီးဖိုအတွင်း၊ သို့မဟုတ် စက်ပစ္စည်းသုံး ထုခြေခြင်း၊ သို့မဟုတ် ဖြတ်တောက်ခြင်း ဖြင့် မစွန့်ပစ်ပါနှင့်။ ● ဘက်ထရီကို အလွန်အမင်း မြင့်မားသည့် အပူချိန်ရှိသည့် ပတ်ဝန်းကျင်တွင် မထားပါနှင့်၊ ပေါက်ကွဲမှု ဖြစ်နိုင်သည် သို့မဟုတ် မီးလောင်လွယ်သည့် အရည် သို့မဟုတ် ဓာတ်ငွေ့များ ထွက်လာနိုင်သည်။ ● ဤဘက်ထရီကို အလွန်နိမ့်သည့် လေဖိအားနှင့် ထိတွေ့ခြင်း မရှိစေရ၊ ပေါက်ကွဲမှု ဖြစ်နိုင်သည် သို့မဟုတ် မီးလောင်လွယ်သည့် အရည် သို့မဟုတ် ဓာတ်ငွေ့များ ထွက်လာနိုင်သည်။ ● သုံးစွဲပြီး ဘက်ထရီများကို ညွှန်ကြားထားသည့်အတိုင်း စွန့်ပစ်ပါ ● ကိုယ်ထည် အစိတ်အပိုင်းများကို ပန်ကာရွက်နှင့် မော်တာများမှ ဝေးဝေးတွင် ရှိပါစေ။ ကြံ့ခိုင်မှုစစ်ဆေး ပြင်ဆင်ချိန်တွင် ပါဝါရင်းမြစ်ကို ဖြုတ်ထားပါ။ ကာကွယ်မှုနှင့် သတိပြုရန် အကြံပေးချက်များ သင့်ကိရိယာကို မချိတ်ဆက်မီနှင့် အသုံးမပြုမီ ကျေးဇူးပြု၍ အောက်ပါ အကြုံပြုချက်များကို လက်ခံပါ။ ● ကိရိယာကို အဆောက်အဦတွင်း အသုံးပြုရန်အတွက်သာ ဒီဇိုင်း လုပ်ထားသည်။ ယင်းကို အရည်များ မရှိသော ဖုန်ကင်းစင်သည့် လေဝင်လေထွက် ကောင်းသော နေရာတွင် တပ်ဆင်ပါ။ ● ရီကော်ဒါ စင်တစ်ခုခုတွင် အသေအချာ ခိုင်မြဲစွာ တပ်ဆင်ထားပါ။ အောက်သို့ပြုတ်ကျခြင်းကြောင့် ဖြစ်သော ကြီးမားသည့် ရိုက်ခတ်မှု၊ သို့မဟုတ် တုန်လှုပ်မှုများသည် ရီကော်ဒါအတွင်းရှိ ထိရှလွယ်သော အီလက်ထရွန်နစ် အစိတ်အပိုင်းများကို ပျက်စီးစေနိုင်သည်။ ● ကိရိယာကို ရေစက်ကျခြင်းများ သို့မဟုတ် ရေဖြန်းပက်ခြင်းများနှင့် မထိတွေ့စေရဘဲ ပန်းအိုးကဲ့သို့သော အရည်ဖြည့်ထားသော မည်သည့်အရာကိုမျှ ပစ္စည်းပေါ်တွင် မတင်ရပါ။ ● မီးထွန်းထားသည့် ဖယောင်းတိုင်များ ကဲ့သို့သော အကာအကွယ်မရှိသည့် မီးအရင်းအမြစ်များကို ကိရိယာအပေါ်တွင် မထားရပါ။ ● လေဝင်လေထွက် အတားအဆီး မဖြစ်စေရန်အတွက် လေဝင်လေထွက် အပေါက်များကို သတင်းစာများ၊ စားပွဲခင်းများ၊ ကန့်လန့်ကာများ စသည်တို့နှင့် ပိတ်ကာထားခြင်း မပြုရပါ။ ကိရိယာကို အိပ်ယာ၊ ဆိုဖာ၊ ဖျာ သို့မဟုတ် အခြားသော အလားတူမျက်နှာပြင်များပေါ် တင်ထားခြင်းဖြင့် ၎င်းလေဝင်လေထွက် အပေါက်များကို မပိတ်စေရပါ။ ● အချို့သော မော်ဒယ်များအတွက် မိန်း AC ပါဝါ နှင့် ဆက်သွယ်ရန်အတွက် တာမီနယ်များတွင် ဝါယာကြိုး တပ်ဆင်မှု မှန်ကန်အောင် သတိပြုပါ။ ● အချို့သော မော်ဒယ်များအတွက် ကိရိယာကို လိုအပ်ပါက IT ပါဝါ ဖြန့်ဝေမှု စနစ်နှင့် ဆက်သွယ်ရန်အတွက် ပြင်ဆင်ထားရှိအောင် ဒီဇိုင်း လုပ်ထားသည်။ ● သုံးစွဲသူ လက်စွဲတွင် သို့မဟုတ် သုံးစွဲသူ လမ်းညွှန်ချက်များ တွင် ဖော်ပြထားသော ပါဝါ ရင်းမြစ်များကိုသာ အသုံးပြုပါ။ ● မြင့်မားသည့် အပူချိန်အောက် (45 °C (113 °F) မှ 55 °C (131 °F))တွင် လုပ်ဆောင်ပါက၊ အချို့သော ပါဝါအဒက်ပတာ၏ ပါဝါထောက်ပံ့မှုသည် လျော့နည်းသွားလိမ့်မည်။
NVR/DVR ၏ သက်တမ်း ရှည်ကြာစေရန် မှန်ကန်သောစတင်မှုလုပ်ရန် အရေးကြီးသည်။ အဆင့် ၁ လျှပ်စစ်မီးခေါင်းတွင် ပါဝါခေါင်းကို တပ်ဆင်ပါ။ အဆင့် ၂ ပါဝါ ခလုတ်ကို နှိပ်ပါ။ (အချို့သော မော်ဒယ်များတွင် ပါဝါ ခလုတ်သည် အရှေ့ သို့မဟုတ် အနောက် မျက်နှာပြင်တွင် ရှိသည်)။ ကိရိယာသည် စတင်လိမ့်မည်။44 သင်၏ ကိရိယာကို စတင်သက်ဝင်စေပါ။ စတင်သက်ဝင်ခြင်းမပြုမီ မည်သည့် လုပ်ငန်းကိုမျှ ခွင့်မပြုပါ။ ပထမဆုံး အသုံးပြုရာတွင် ယင်းသည် ကိရိယာကို စတင် သက်ဝင်ရန်အတွက် အက်ဒမင် စကားဝှက် ထည့်သွင်းရန် လိုအပ်သည်။ သင်သည် ဝက်ဘရောက်ဇာ၊ SADP သို့မဟုတ် သုံးစွဲသူ ဆော့ဖ်ဝဲကို အသုံးပြုပြီးလည်း ကိရိယာကို စတင်သက်ဝင်စေနိုင်သည်။ အဆင့် ၁ တူညီသောစကားဝှက်ကို စကားဝှက်အသစ် ဖန်တီးပါ နှင့် စကားဝှက်အသစ်ကို အတည်ပြုပါတွင် ထည့်သွင်းပါ။ အဆင့် ၂ မလုပ်လိုက ကျော်သွားနိုင်ပါသည်၊ အရံအီးမေးလ်၊ Hik-Connect ၊ လုံခြုံရေးမေးခွန်းများ သတ်မှတ်ခြင်း လုပ်ဆောင်ပါ သို့မဟုတ် နောင်အသုံးပြုရန် စကားဝှက် ပြန်လည်သတ်မှတ်ခြင်း အတွက် GUID ကို ထုတျယူပါ။ အဆင့် ၃ ကိရိယာတွင် ချိတ်ဆက်ထားသော ကွန်ရက် ကင်မရာ (များ) ကို စတင်စဉ်က့် စကားဝှက်ကို ထည့်သွင်းပါ။ အဆင့် ၄ အိုကေ ကို နှိပ်ပြီး စကားဝှက်ကို သိမ်းဆည်းကာ ကိရိယာကို စတင်စေပါ။0100012010425 UD14814B-C
Notice-Facile